သင့်ကို ပျော်ရွှင်စေတဲ့ အစားအစာ ၁၂မျိုး

အစားအစာတွေက သင့်ကိုပျော်ရွှင်အောင်လုပ်နိုင်တယ်ဆိုတာ အိပ်မက်မဟုတ်ပါဘူး။ အစားအစာတွေက သင့်ကို ပျော်ရွှင်အောင်လုပ်နိုင်တယ်၊ စိတ်ခံစားချက်ပိုကောင်းစေတယ်၊ ပိုပြီးလည်းကျန်းမာစေနိုင်ပါတယ်။ အစားအစာကို ကြိုက်နှစ်သက်လို့စားတာထက် အဲဒီလိုကောင်းကျိုးတွေကိုသိနားလည်ပြီး စားတာက ပိုပြီး မကောင်းဘူးလား။ မကြာသေးမီကလေ့လာချက်အရ အစားအစာတော်တော်များများက သင့်ရဲ့ဦးနှောက်အလုပ်လုပ်ဖို့အတွက်သာမက ပိုပြီး စိတ်ပြေလျော့စေခြင်း၊ ပိုပြီး ပျော်ရွှင်မှုကို ခံစားရစေခြင်း ဆိုတဲ့အကျိုးပါ ရှိနိုင်တယ်လို့ တွေ့ရပါတယ်။ ခန္ဓာကိုယ်အတွက် စိတ်ဓာတ်ကျခြင်းကိုကစားနိုင်ပြီး စိုးရိမ်သောကကိုပါ ပြေလျော့စေပါတယ်။


၁) ထောပတ်သီး
Tryptophan ဆိုတဲ့ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် ကြောင့် ဦးနှောက်မှာserotonin ထုတ်လုပ်စေပါတယ်။ အဓိကအာရုံကြောစနစ်ကို ကောင်းမွန်တဲ့ခံစားချက်ဖြစ်ပေါ်စေပါတယ်။ ထောပတ်သီးက အရေပြားနဲ့ ဆံသား၊ လက်သည်းခြေသည်းအတွက်လည်း ကောင်းမွန်စေပြီး သင့်ခံစားချက်ကိုလည်း ကောင်းမွန်စေပါတယ်။
၂) ဘယ်ရီသီး
ဘယ်ရီသီးအမျိုးအစားတွေမှာ anthocyanidins နဲ့ anthocyanins ဆိုတဲ့အာဟာရအမျိုးအစားတွေပါဝင်တာကြောင့် စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းကို လျော့ကျဖို့ကူညီပေးနိုင်ပါတယ်။
၃) ကြက်သား
ဗီတာမင် ဘီတွဲပါဝင်မှုကြောင့် သင့်ရဲ့ခန္ဓာကိုယ်ကော စိတ်ပါ တည်ငြိမ်စေပါတယ်။
၄) ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ်မှာ ပရိုတင်းဓာတ်ကော အမျှင်ဓာတ်ကော ပါဝင်တာကြောင့် သင့်ရဲ့စိတ်ခံစားချက်ကိုကောင်းမွန်စေပြီး စွမ်းအင်ကို တိုးမြင့်ပေးပါတယ်။ ဖျားနာခြင်း၊ တုတ်ကွေးကိုပါ သက်သာစေပါတယ်။
၅) Dark Chocolate
လေ့လာချက်အရ မဂ္ဂနီဆီယမ် မြင့်မားတဲ့အတွက်ကြောင့် စိုးရိမ်ပူပန်သောကကို လျော့ကျစေပါတယ်။ ကြွက်သားတွေကိုလည်း သန်မာစေပါတယ်။ phenylethylamine (PEA) ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်တာကြောင့် ဦးနှောက်မှာ endorphins တွေထုတ်လုပ်မှုကိုလည်း မြင့်တင်ပေးပါတယ်။ အဲဒါကြောင့်ကိုပဲ dark chocolate စားခြင်းက သင့်ကိုပိုပြီးပျော်ရွှင်အောင် လုပ်ပေးနိုင်ပါတယ်။
၆) Greek Yogurt
Greek Yogurt က ပုံမှန်ဒိန်ချဉ်ထက်ကို သကြားနည်းပြီး ပရိုတင်းများတဲ့အတွက် probiotics တွေကြောင့် သင့်ရဲ့ခုခံအားစနစ်ကိုလည်း တိုးစေသလို၊ သင့်ခံစားချက်တွေကိုလည်း တိုးတက်စေပါတယ်။
၇) Green Tea
Theanine ဓာတ်ပါဝင်တာကြောင့် စိတ်ဖိစီးမှုနည်းစေပြီး စိုးရိမ်စိတ်ကိုလျော့ကျစေပါတယ်။ အကျိုးကျေးဇူးတွေအများကြီးရနိုင်တာကြောင့် သောက်သုံးသင့်ပါတယ်။
၈) Salmon ငါး
Omega 3s များစွာပါဝင်မှုကြောင့် စိတ်ခံစားချက်ကို တည်ငြိမ်စေပြီး စိတ်ဓာတ်ကျခြင်းလျော့ကျစေတယ် ။မှတ်ဉာဏ်တိုးစေပြီး အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။
၉) မုန်ညင်း
ဖော်လစ်အက်ဆစ် ကြွယ်ဝစွာပါဝင်မှုကြောင့် စိတ်ခံစားချက်တွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။
၁၀) Swiss Chard
မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ အစိမ်းရင့်ရောင်အရွက်ဖြစ်ပြီး အရိုးတံမှာ အနီရောင်ဘက်သမ်းသည်။ အမျိုးသမီးတွေအတွက် အထူးကောင်းမွန်ပြီး စိတ်ဖိစီးမှုကို စီမံပေးနိုင်ပါတယ်။ အိပ်ပျော်စေပြီး ရာသီးစက်ဝန်းဆိုင်ရာ ပြဿနာတွေအတွက် ကူညီပေးနိုင်ပါတယ်။
၁၁) ခရမ်းချဉ်သီး
Lycopeneပါဝင်တဲ့အတွက် ဦးနှောက်အတွင်း ရောင်းရမ်းခြင်းကို သက်သာစေပါတယ်။ သင့်ခန္ဓာကိုယ်မှ Lycopene ကို စုပ်ယူဖို့ ကူညီဖို့ ခရမ်းချဉ်သီးနဲ့ သံလွင်ဆီအချို့ကို စားပေးနိုင်ပါတယ်။
၁၂) သစ်ကြားစေ့
စိတ်ခံစားချက်တွေကို ကောင်းမွန်စေပြီး ဗီတာမင်ဘီကြွယ်ဝပါတယ်။ ခံစားချက်ကို ထိန်းချုပ်ပေးပြီး မောပန်းလွယ်ခြင်းကို သက်သာစေပါတယ်။ စိုးရိမ်ပူပန်ခြင်း၊ ဖိစီးမှုများခြင်း၊ တင်းကြပ်မှုခံစားရခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းကိုသက်သာစေပါတယ်။ အိုမီဂါ သရီးလည်းပါဝင်တာေြ့ာင့် သင့်ဦးနှောက်လုပ်ဆောင်ချက်တွေကို ကူညီနိုင်ပြီး စိတ်ကျခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။
အထက်က အစားအစာ ၁၂မျိုးကို သင်နေ့စဉ်စားသုံးနေတဲ့အစားအစာထဲမှာ ထည့်သွင်းစားသုံးရင်း သင့်ကိုသင် ဂရုစိုက်လိုက်ကြရအောင်ပါ။
https://www.doyouyoga.com/…/လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါ…။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။