ကိုယ်ခံအားကောင်းစေသော အစားအစာ ၁၅မျိုး
သင့်ခန္ဓာကိုယ်မှာ ခုခံအားကောင်းနေဖို့ အစားအစာတွေက ကူညီပေးနိုင်ပါတယ်။ ဆောင်းရာသီရဲ့အအေးမိ၊ တုတ်ကွေးဖျားနာခြင်းများအတွက် အကောင်းဆုံးကာကွယ်နိုင်တဲ့နည်းလမ်းကတော့ ကိုယ်ခံအားကောင်းမွန်နေစေဖို့ပါပဲ။ အဲဒါကြောင့် ကိုယ်ခံအားကောင်းစေဖို့ ဘယ်လိုအစားအစာတွေစားသင့်သလဲဆိုတာဖော်ပြပေးလိုက်ပါ။
အတ္တစိတ်များတဲ့ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ။
ချစ်ခြင်းမေတ္တာဆိုတဲ့အခါမှာ ၅၂၈ နဲ့ ၁၅၀၀ ဆိုပြီးခွဲခြားပြောဆိုတတ်ကြပါတယ်။ ၅၂၈ရဲ့သဘောကိုက မောင်နှမညီအကိုမိဘသားသမီးအပြန်အလှန်ချစ်ခင်တဲ့ချစ်ခင်မှုမျိုးမှု ပူလောင်မှုအများကြီးရှိမှာမဟုတ်ဘဲ အပြန်အလှန်အေးချမ်းစေတဲ့သဘောရှိတယ်လို့ ယူဆတတ်ကြပြီး ၁၅၀၀ ချစ်ခြင်းမျိုးကတော့ ကိုယ်ချစ်တဲ့လူကို ကိုယ်တစ်ယောက်တည်းသာပိုင်ဆိုင်လိုတဲ့စိတ်များတယ်လို့ ယူဆတတ်ကြပါတယ်။ များသောအားဖြင့်တော့ တဖက်လူရဲ့စိတ်အေးချမ်းမှုထက် ထိုလူ့ ကို ပိုင်ဆိုင်လိုစိတ်အားကြီးတာကြောင့် ကိုယ်လိုချင်တဲ့အရာတစ်ခုကို မရတဲ့အခါ ပူလောင်သောကရောက်ရသလို ၁၅၀၀ချစ်ခြင်းကလည်း ပူလောင်မှုတွေများတယ်လို့ယူဆကြတာဖြစ်ပါတယ်။
ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း မှန်ကန်စွာ ဝတ်ဆင်ရန်
နှာခေါင်းစည်းသုံးခြင်းက သင့်အသက်ရှုလမ်းကြောင်း ၊ နှာခေါင်းနဲ့ ပါးစပ်သို့ ပြင်ပမှ အမှုန်အမွှားတွေ၊ ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေ ဝင်ရောက်ခြင်းမှ လျှော့ချနိုင်ဖို့ ဝတ်ဆင်ကြတာဖြစ်သလို ကိုယ့်အသက်ရှုလမ်းကြောင်းမှ ဘက်တီးရီးယားတွေနဲ့ပိုးမွှားတွေ ပြင်ပက မရောက်စေဖို့ ကာကွယ်ရာတွင်လည်း ဝတ်ဆင်ကြတာဖြစ်ပါတယ်။
အခြားသူများကို စိတ်ထင်တိုင်းဖွင့်မပြောသင့်တဲ့အရာများ
ပွင့်လင်းတယ်ဆိုတာ ကောင်းတဲ့အရာတစ်ခုပါပဲ။ ဒါပေမယ့် ပွင့်လင်းသင့်တဲ့အရာရှိသလို၊ မပွင့်လင်းသင့်တဲ့အရာဆိုတာ ရှိပါတယ်။ တခါတလေမှာ ကိုယ်က စိတ်ထဲရှင်းစွာနဲ့ အားလုံးဖွင့်ပြောပြလိုက်တဲ့သူက ကိုယ့်လိုစိတ်ထဲခပ်ရှင်းရှင်းထားတတ်တဲ့မဟုတ်ဘဲ အခြားသူများကို အထင်သေးရှုံှု့ချတတ်တဲ့သူမျိုးဖြစ်နေတတ်ပါတယ်။ လူတစ်ယောက်ရဲ့အတွင်းစိတ်နဲ့ဗီဇကို ကျွန်တော်တို့ ကကြီးကနေအအထိမသိနိုင်ဘူးမဟုတ်လား။ အဲဒီလိုပါပဲ….လူတိုင်းကို ကျွန်တော်တို့စိတ်လိုမျိုး တစ်ထပ်တည်းတူနေနိုင်ပါတယ်လို့ ဘယ်လိုမှတရားသေတွက်ထားလို့မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် တဖက်လူကို ကိုယ့်စိတ်ထဲကရှိတိုင်းဖွင့်မပြောသင့်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
ဘဝကခက်ခဲပေမယ့် တိုက်ပွဲဝင်ရမှာပါပဲ။
ဘဝကခက်ခဲပေမယ့် တိုက်ပွဲဝင်ရမှာပါပဲ။
စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ
မပြောဘဲသိသင့်သော လူ့ကျင့်ဝတ်များ (၂)
ကျွန်တော်တို့တွေက အသိဉာဏ်ကြွယ်ဝပြီး နှလုံးသားရှိသောလူသားများဖြစ်တာကြောင့် တခါတလေမှာ ဘယ်လိုမှစည်းကမ်းတွေစည်းမျဉ်းတွေမသတ်မှတ်ထားပေမယ့် ခံစားနားလည်ပြီး သိသင့်တဲ့၊ လိုက်နာသင့်တဲ့ကျင့်ဝတ်တွေရှိပါတယ်။ ထိုကျင့်ဝတ်တွေအတွက် ဘယ်သူကမှ လုပ်ကိုလုပ်ရမယ်လို့မသတ်မှတ်ပေးထားပါဘူး။ ထိုကျင့်ဝတ်တွေက နှလုံးသားထဲက သူ့နေရာမှာကိုယ်သာဆိုရင်…..ဆိုတဲ့ကိုယ်ချင်းစာတတ်တဲ့စိတ်လေးနဲ့ပဲ တွေးတတ်ခံစားတတ်ရာကဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ထိုကျင့်ဝတ်တွေအားနည်းလာပြီး ရုပ်ဝတ္ထုကိုအသားပေးလာကြတဲ့ခေတ်ထဲမှာ မပြောဘဲသိသင့်တဲ့ကျင့်ဝတ်တွေကို ဖော်ပြပေးလိုက်ရပါတယ်။
မိမိရရှိပိုင်ဆိုင်ထားတဲ့ဘဝကိုသာ အကောင်းဆုံးရှင်သန်ပါ။
လူအတော်များများက ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ဘဝမှာ အပူသောကတွေ၊ စိတ်ဆင်းရဲမှုတွေ၊ အခက်အခဲတွေနဲ့ အကြပ်အတည်းတွေကိုသာ မြင်ဖို့လွယ်ကူတတ်ကြပါတယ်။ ကိုယ့်ဘဝရဲ့ခါးသီးမှုတွေကို ခံစားနေတတ်ကြပြီး အခြားသူများရဲ့ပျော်ရွှင်မှုကိုမြင်ပြီး အားကျနေတတ်ကြတာများပါတယ်။ များသောအားဖြင့် အခြားသူတွေမှာလည်း အခက်အခဲတွေ၊ ဒုက္ခတွေရှိတယ်ဆိုတာကို မမြင်နိုင်ကြပါဘူး။ အဲဒီ့အခါမှာ ကိုယ့်ဘဝသည်သာ ပူလောင်လွန်းနေတယ်လို့ မြင်တတ်၊ ခံစားလာရပြီး အခြားသူတွေဘဝကတော့ ကိုယ့်ထက်သာတဲ့ဘဝကို ပိုင်ဆိုင်ထားတယ်လို့အထင်ရောက်လာတတ်ပါတယ်။ အဲဒီလိုအထင်ရောက်တာနဲ့တပြိုင်နက် ကိုယ့်ဘဝကို ကိုယ်အားမလိုအားမရဖြစ်လာပါတယ်။ ဘဝမှာနေရတာပိုပြီး စိတ်မပျော်နိုင်တော့ပါဘူး။
သင့်ကိုကောင်းကျိုးမပေးတဲ့ပတ်ဝန်းကျင်ဆိုတာသိနိုင်တဲ့အချက်များ
လူတစ်ယောက်အတွက် သူနေထိုင်ရာပတ်ဝန်းကျင်ဆိုတာကလည်း အရေးပါတဲ့အရာပါပဲ။ မကောင်းတဲ့ပတ်ဝန်းကျင်က ကိုယ့်အတွက် ဆိုးကျိုးကိုသာဖြစ်စေပြီး ကိုယ့်ဘဝကိုနိမ့်ကျသထက်နိမ့်ကျစေမှာပါ။ ကောင်းတဲ့ပတ်ဝန်းကျင်ကတော့ ကိုယ့်ဘဝကို မနိမ့်ကျစေဘဲ ပိုကောင်းတဲ့အတွေးအမြင်တွေရစေသလို၊ ကိုယ့်ကိုပါ ဖေးမကူညီပြီး ပိုမြင့်တဲ့ဘဝအဆင့်အတန်းရောက်အောင် ကူညီနိုင်ပါတယ်။ သင်ကိုအနီးကပ်ခွန်အားပေးနိုင်တာလဲ သင့်ပတ်ဝန်းကျင်ဖြစ်သလိုဒုက္ခပေးနိုင်တာလည်း ပတ်ဝန်းကျင်ပါပဲ။ အဲဒါကြောင့် သင်လက်ရှိရှင်သန်နေရတဲ့ပတ်ဝန်းကျင်က ဘယ်လိုမျိုးပတ်ဝန်းကျင်လဲဆိုတာ သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
Coronavirus မကူးစက်နိုင်ဖို့ ကိုယ်ခံအားကောင်းအောင်ဂရုစိုက်ပါ။
လက်တလောက ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ ကူးစက်မြန်တဲ့ ကော်ရိုနာဗိုင်းရပ်စ် (ဝူဟန်ဗိုင်းရပ်စ်)ကြောင့် သေဆုံးသူ ၂၅ထိရှိလာပြီလို့ တရုတ်အစိုးရကထုတ်ပြန်ထားပါတယ်။ တုတ်ကွေးဆန်တဲ့ရောဂါလက္ခဏာတွေပြနိုင်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ထုတ်ပြန်ကြော်ငြာထားတဲ့ကာကွယ်ဖို့နည်းလမ်းအချို့ကတော့
တစ်ယောက်တည်းဖြစ်နေပေမယ့် အထီးမကျန်ဘဲအချိန်ကိုဘယ်လိုအကျိုးရှိရှိအသုံးချမလဲ
များသောအားဖြင့်က lonely ဆိုရင် အထီးကျန်နေတယ်လို့ချည်းထင်တတ်ကြပါတယ်။ တကယ်တော့ lonely ဆိုတိုင်း အထီးမကျန်ပါဘူး။ ကိုယ်တစ်ယောက်တည်းရှိနေတာမှန်ပေမယ့် ကိုယ့်စိတ်ထဲက ကိုယ်ချစ်ခင်နှစ်သက်တာလေးတွေလုပ်ခွင့်ရနေမယ်ဆိုရင် အချိန်ကုန်လို့ကုန်မှန်းတောင်မသိ၊ ကိုယ့်ဘေးမှာ ဘယ်သူမှရှိမှန်းမရှိမှန်းလည်း မသိတော့ပါဘူး။ အဲဒါကြောင့် lonely ဖြစ်တိုင်း အထီးကျန်နေတာမဟုတ် freedom ဆိုတဲ့လွှတ်လပ်ခြင်းတောင်ပိုရနိုင်ပါသေးတယ်။ အဲဒီ့တော့ အဖော်အပေါင်းတွေအားလုံးနဲ့ date လုပ်လို့မရလို့ အားမငယ်ပါနဲ့။ တစ်ယောက်တည်း အချိန်ကို အကျိုးရှိရှိအသုံးချလို့ရပါတယ်။ နည်းလမ်းအချို့ကိုဖော်ပြလိုက်ပါတယ်။
လက်ရှိကမ္ဘာမှာလူပြောများနေပြီး တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်နေတဲ့ တရုတ်ပြည် ဝူဟန်မြို့တွင် ဖြစ်ပွားနေသော ဝူဟန်ဗိုင်းရပ်စ်မှာ ဆားစ်ရောဂါ(SARS) နဲ့ မားစ်ရောဂါ(MARS) တို့ကိုဖြစ်ပွားစေခဲ့သော ဗိုင်းရပ်စ်ပိုးများနှင့် မျိုးနွယ်အုပ်စုတူသော ရောဂါပိုးအမျိုးအစားဖြစ်သော်လည်း ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။
ကလေးကို လူကောင်းတစ်ယောက်ဖြစ်အောင် ဘယ်လိုပျိုးထောင်မလဲ။
များသောအားဖြင့်ကတော့ လူတော်ဖြစ်ရင် ချီးကျူးတတ်ကြပါတယ်။ ဒီကအယူအဆအရ အတန်းတိုင်းမှာဆုတွေတသီကြီးရလာရင်ကို လူတော်အဖြစ်သတ်မှတ်တတ်ကြတာပေါ့။ ဒါပေမယ့် အတန်းထဲမှာ စာတော်တဲ့ကလေးတိုင်း လက်တွေ့ပြင်ပဘဝအရောက်မှာ၊ ဘဝမှာကော အဆင်ပြေကြရဲ့လားဆိုတာက အင်မတန် ယုတ္တိကျတဲ့စဉ်းစားစရာပါ။ ဆယ်တန်းမှာ ဂုဏ်ထူးတွေတသီကြီးရတယ်၊ ကျောင်းကောင်းကောင်းတက်ခွင့်ရတယ်၊ ကျောင်းကဘွဲ့ကောင်းကောင်းရတယ်၊ နောက်ထပ်ဘွဲ့တွေထပ်ရတယ်၊ ထပ်ယူတယ်။ စာမှစာလုပ်နေလို့ အရမ်းတော်တာပဲလို့ အချို့မိဘတွေက သတ်မှတ်တတ်ကြပါတယ်။