ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း မှန်ကန်စွာ ဝတ်ဆင်ရန်

နှာခေါင်းစည်းသုံးခြင်းက သင့်အသက်ရှုလမ်းကြောင်း ၊ နှာခေါင်းနဲ့ ပါးစပ်သို့ ပြင်ပမှ အမှုန်အမွှားတွေ၊ ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေ ဝင်ရောက်ခြင်းမှ လျှော့ချနိုင်ဖို့ ဝတ်ဆင်ကြတာဖြစ်သလို ကိုယ့်အသက်ရှုလမ်းကြောင်းမှ ဘက်တီးရီးယားတွေနဲ့ပိုးမွှားတွေ ပြင်ပက မရောက်စေဖို့ ကာကွယ်ရာတွင်လည်း ဝတ်ဆင်ကြတာဖြစ်ပါတယ်။


မှန်ကန်စွာဝတ်ဆင်ပါမှ ပြင်ပမှ ပိုးမွှားတွေခန္ဓာကိုယ်ထဲ ဝင်ရောက်ခြင်းကို ကာကွယ်နိုင်မှာဖြစ်သလို၊ ကိုယ့်ကြောင့် အခြားသူတွေ ပိုးမွှားမကူးစက်ဖို့ တားဆီးပြီးသားဖြစ်စေပါတယ်။ အဲဒါကြောင့် နှာခေါင်းစည်းကို မှန်ကန်စွာဝတ်ဆင်တတ်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။
- နှာခေါင်းစည်းကို ဝတ်ဆင်သူရဲ့ ပါးစပ်၊ နှာခေါင်းနဲ့ ပါးပြင်တို့ကို လုံခြုံစွာဖုံးအုပ်ရမှာဖြစ်ပါတယ်။
- နှာခေါင်းစည်းရဲ့ အရောင်ပါတဲ့အခြမ်းကို အပြင်ဘက်ထားပြီး အဖြူရောင်ဘက်အခြမ်းကိုတော့ ဝတ်ဆင်သူရဲ့မျက်နှာဘက်တွင်းထားပြီး ဝတ်ဆင်မှ အမှန်ဖြစ်ပါတယ်။
- နှာခေါင်းစည်းရဲ့ အပေါ်ဘက် သတ္တုပါးကြိုးစ (metallic strip) ပါရှိရာဘက်ကို နှာခေါင်းရဲ့အပေါ်ဘက်မှာ ကန့်လန့်ဖြတ်ထားရမှာဖြစ်ပါတယ်။ ထိုသတ္တုပါးကြိုးစကို ဖိလိုက်ခြင်းဖြင့် နှာခေါင်းစည်းနဲ့ သင့်ကို အသားတကျ ဖြစ်စေတာဖြစ်ပါတယ်။
- သတ္တုကြိုးစပါရှိရာကို နှာခေါင်းနဲ့ကန့်လန့်ဖြတ်ထားပါ။ နှာခေါင်းစည်းရဲ့အောက်ဘက်ကိုတော့ မေးစိထိဖုံးအောင် ဆွဲချထားရမှာဖြစ်ပါတယ်။
- နှာခေါင်းစည်းမဝတ်ဆင်မီ လက်ကိုစင်ကြယ်အောင်ဆေးပါ။ နှာခေါင်းစည်းကို ချွတ်တဲ့အခါ လက်ကို ဆေးကြောပြီးမှ နားရွက်ဘက် နှာခေါင်းစည်းရဲ့ကြိုးတွေကနေတဆင့် စနစ်တကျချွတ်ပါ။ အသုံးပြုပြီးသားနှာခေါင်းစည်းကို အမှိုက်ပုံးထဲစနစ်တကျစွန့်ပစ်ပါ။
- နှာခေါင်းစည်း ဝတ်ဆင်စဉ်နဲ့ ဖြုတ်စဉ်မှာ နှာခေါင်းစည်းမျက်နှာပြင်ကို လက်နဲ့မထိတွေ့၊ မကိုင်တွယ်ပါနဲ့။
- နှာခေါင်းစည်းဝတ်ဆင်ခြင်းက ရောဂါပိုးမွှားတွေကို ၆၀%ကနေ ၈၀%ထိ အကာအကွယ်ဖြစ်စေတယ်ဆိုပေမယ့်
နှာခေါင်းစည်းဝတ်ဆင်ခြင်းမှန်ကန်ဖို့လိုသလို လက်ကိုလည်း ဆပ်ပြာဖြင့် စင်ကြယ်စွာ မကြာခဏဆေးကြောပေးဖို့လည်းလိုပါတယ်။ ရောဂါပိုးမွှားဒဏ်ကို ခုခံနိုင်စွမ်းရှိစေဖို့ ခန္ဓာကိုယ်တွင်း ကိုယ်ခံအားကောင်းစေမယ့် အစားအသောက်၊ အနေအထိုင်များကို လိုက်နာပါ။ ဗီတာမင်စီအားဆေးသောက်ပါ။ ကိုယ်ခံအားကောင်းအောင်နေထိုင်နိုင်မယ့်နည်းလမ်းများကို အောက်ကလင့်မှာဝင်ဖတ်နိုင်ပါတယ်။
https://www.facebook.com/BaWa101/posts/2569710883301157?__tn__=K-R
WHO မှဖော်ပြထားသောနည်းလမ်းများကိုဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။ မူရင်းဗီဒီယိုဖိုင်လင့်ကိုအောက်မှာဖော်ပြထားပါတယ်။
https://www.facebook.com/quicktake/videos/499177220800935/UzpfSTEwMDAwMzEzNTIxNDAxMToyNTg4NDc5OTkxMjY2NDgz/

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။