ကော်ရိုနာဗိုင်းရပ်စ် (သို့) ဝူဟန်ဗိုင်းရပ်စ်(Novel Coronavirus ) ကူးစက်ခြင်းမခံရစေဖို့ လုပ်ဆောင်သင့်သောနည်းလမ်းများ
လက်ရှိကမ္ဘာမှာလူပြောများနေပြီး တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်နေတဲ့ တရုတ်ပြည် ဝူဟန်မြို့တွင် ဖြစ်ပွားနေသော ဝူဟန်ဗိုင်းရပ်စ်မှာ ဆားစ်ရောဂါ(SARS) နဲ့ မားစ်ရောဂါ(MARS) တို့ကိုဖြစ်ပွားစေခဲ့သော ဗိုင်းရပ်စ်ပိုးများနှင့် မျိုးနွယ်အုပ်စုတူသော ရောဂါပိုးအမျိုးအစားဖြစ်သော်လည်း ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်နိုင်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါရဲ့လက္ခဏာတွေကတော့….
ဖျားနာခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်းကဲ့သို့ တုတ်ကွေးဆန်သောလက္ခဏာများဖြစ်ပွားနိုင်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသော ကော်ရိုနာဗိုင်းရပ်စ် (သို့) ဝူဟန်ဗိုင်းရပ်စ်(Novel Coronavirus ) ကူးစက်ခြင်းမခံရစေဖို့ လုပ်ဆောင်သင့်သောနည်းလမ်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစတဲ့အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာခံစားနေရသူတွေနဲ့ နီးကပ်စွာနေထိုင်ခြင်းမှရှောင်ကျဉ်
ရန်
- လူဦးရေ ထူထပ်သောနေရာများကို သွားလာလှုပ်ရှားခြင်းကို ရှောင်ကျဉ်ရန်
- နှာစေး၊ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို လုံခြုံအောင် ကာကွယ်နိုင်ဖို့ လုံခြုံတဲ့အဝတ်စ၊ လက်ကိုင်ပုဝါ၊ နှာခေါင်းစည်းတွေနဲ့ အသုံးပြုရန်
- တိရိစ္ဆာန်တွေကို တိုက်ရိုက်ထိတွေ့ကိုင်တွယ်ခြင်းမပြုလုပ်ရန်
- လူနာနဲ့ထိတွေ့ထားတဲ့အရာဝတ္ထုတွေကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း၊ လူနာနဲ့တိုက်ရိုက်ထိတွေ့ပြီးတဲ့အခါတိုင်း စနစ်တကျလက်ဆေးရန်
- ကျန်းမာရေးဝန်ထမ်းများအနေနဲ့လည်း လူနာနဲ့ထိတွေ့ကိုင်တွယ်ရတဲ့အချိန်တိုင်း မိမိကိုယ်ကို ရောဂါပိုးကူးစက်ခြင်းမရှိစေရန် Infection Prevention and Control အားအထူးလိုက်နာရန်
- အပြည်ပြည်ဆိုင်ရာလေဆိပ်များဆီသို့ လေကြောင်းခရီးမှတဆင့် ဝင်ရောက်လာသော ပြည်တွင်းပြည်ပခရီးသည်များအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာအကြံပေးချက် (Travel Advice) တို့ကိုလိုက်နာရန်ပဲဖြစ်ပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၏တရားဝင်ကြော်ငြာချက်များကိုသိရှိနိုင်ရန် အောက်ပါလင့်မှ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/MyanmarCDC/