လုံငန်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

လုံငန်းသီးကို တရုတ်လိုင်ချီးသီး၊ နဂါးမျက်စိ လို့လည်းခေါ်ကြပါတယ်။ အရသာက ချိုမြိန်ပြီး အသီးအရွယ်အစား စပျစ်သီးထက် သေးငယ်ပါတယ်။ ထိုအသီးလေးက သင့်အတွက်ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေများပါတယ်။ လုံငန်းသီးမှာ ရေဓာတ်၊ ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင်စီ၊ မဂ္ဂနီဆီယမ်၊ ကယ်လဆီယမ်စတဲ့ဓာတ်တွေပါဝင်ပြီး ဗီတာမင်ဘီဝမ်း ၊ ဘီတူး၊ ဘီသရီး ၊ သံဓာတ်၊ ကော့ပါး၊ ဖော့စဖောရတ်နဲ့ဇင့်ဓာတ်တွေလည်း ပါဝင်ပါသေးတယ်။


၁) အာရုံကြောစနစ်ကို ကောင်းမွန်စေခြင်း
လုံငန်းသီးက အာရုံကြောစနစ်အတွက်အထောက်အကူပြုပြီး အာရုံကြောရောဂါကုသမှုနဲ့ စိတ်ဓာတ်ကျခြင်းကိုသက်သာစေပါတယ်။ အလိုအလျှောက် အာရုံကြောရောဂါတွေကို ကောင်းမွန်စေပါတယ်။

၂) သွေးလွှတ်ကြောစနစ်အတွက် ကောင်းမွန်စေခြင်း
နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ နှလုံးခုန်နှုန်းမူမမှန်ခြင်းကိုလည်း သက်သာစေပါတယ်။ သွေးဖိအားကို လျော့ကျစေတဲ့အတွက် သွေးတိုးတတ်သူတွေအတွက် အဆင်ပြေပါတယ်။ သွေးကြောဆိုင်ရာရောဂါများနဲ့ ရုတ်တရက်လေဖြတ်ခြင်းဖြစ်ပေါ်မှုကို သက်သာစေပါတယ်။ သံဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးအားကောင်းစေပြီး သွေးနဲ့ဆိုင်တဲ့ရောဂါတွေမဖြစ်ပေါ်စေဘဲ သွေးအားနည်းခြင်းကိုကာကွယ်ပေးပါတယ်။

၃) အရေပြားကျန်းမာရေးအတွက် အထောက်အကူပြုခြင်း
အရေပြားကိုတောက်ပစေပြီး အရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်ပြီး အထူသဖြင့် မျက်လုံးထောင့်ကအရေးအကြောင်းတွေကို သက်သာစေပါတယ်။ အရေပြားခြောက်သွေ့အက်ကွဲခြင်းကိုလည်း သက်သာစေပြီး အရေပြားလိမ်းတဲ့ခရမ်တွေပြုလုပ်ရာမှာလည်း အသုံးပြုကြပါတယ်။

၄)သွေးအားနည်းရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ခြင်း
ခုခံအားကောင်းစေပြီး သွေးဆဲလ်တွေထုတ်လုပ်ခြင်းကို ကူညီပေးပါတယ်။ ရောဂါကူးစက်ခြင်းကို တိုက်ဖျက်နိုင်ပြီး သွေးကို သန့်စင်ပေးနိုင်တာကြောင့် သွေးနီဥဆဲလ်တွေပျက်စီးခြင်းကို သက်သာစေပါတယ်။

၅) အစာခြေစနစ်အတွက် ကောင်းမွန်ခြင်း
အူထဲက အကျိုးပြု ဘက်တီးရီးယားလေးတွေကို ကြီးထွားစေပါတယ်။ အစာအိမ်အောင့်ခြင်းနဲ့ အစာအိမ်တွင်း ပိုးမွှားရောဂါကူးစက်ခြင်းကိုလည်း သက်သာစေပါတယ်။ အဲဒါအပြင် ကာဗွန်ဟိုက်ဒရိတ်ပါဝင်တာကြောင့်လည်း ဝိတ်ကိုထိန်းထားပေးနိုင်ပါတယ်။
ကာဗွန်ဟိုက်ဒရိတ်တွေက အစာခြေစနစ်မှာ ဖြေးညင်းစွာဖြိုခွဲစေပြီး သင့်ခန္ဓာကိုယ်ထဲမှာ ပြန်ပြီးအသုံးပြုနိုင်တဲ့စွမ်းအင်ဖြစ်စေပါတယ်။ အဆီအဖြစ်မစုထားတော့ပါဘူး။ အဲဒါကြောင့် ဝိတ်မတက်စေပါဘူး။

၆) ခုခံအားတိုးစေခြင်း
ဗီတာမင်စီလည်း ပါဝင်တာမို့ ခန္ဓာကိုယ်တွင်းခုခံအားတိုးစေပါတယ်။ ပြင်ပက ကူးစက်မှုကြောင့် ရောဂါဖြစ်ပွားနိုင်ချေကိုလျော့ချပေးပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။