ပင်ပန်းလွန်းတဲ့မိခင်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစောင့်ရှောက်မလဲ။
မိခင်ဘဝဆိုတာ အလွန်ခက်ခဲပင်ပန်းပြီး ကမ္ဘာပေါ်မှာ အားအင်ကုန်ခန်းခြေကုန်လက်ပန်းကျရဆုံးအလုပ်ပါ။ အဲဒါကို နားလည်နိုင်ရင်တောင်မှ တကယ်ခံစားရတဲ့သူထက်ပိုပြီး မသိနိုင်ပါဘူး။ မိခင်တွေသာ သိနိုင်တဲ့ကိစ္စမျိုးပါ။ အဲဒါကြောင့် သင့်ရဲ့ဒီနေ့ကော၊ မနက်ဖြန်ကော အခြားသောနေ့ရက်တွေတိုင်းမှာ အနားမယူဘဲ အမြဲခြေကုန်လက်ပန်းကျလောက်အောင် ပင်ပန်းနေလို့မရပါဘူး။ မိခင်ဘဝက နေ့တိုင်းပင်ပန်းရမှာဖြစ်သလို ကိုယ့်ကိုကိုယ်အပန်းဖြေဖို့အချိန်လည်း တဖန်ပြန်ပေးသင့်ပါသေးတယ်။ မိခင်ဘဝမှာ အကောင်းဆုံးအနားယူနိုင်မယ့် အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ၁) အိပ်ရေးဝအောင်အိပ်ပါ။ အနည်းဆုံး တစ်နေ့ကို ၇နာရီအိပ်ချိန်ပြည့်အောင်တော့ အိပ်ပါ။ အိပ်ချိန်ကို ပုံမှန်ဖြစ်စေတာက ပိုကောင်းပါတယ်။ ရက်သား၊ လသားနဲ့ ကလေးငယ်လေးတွေကို ပြုစုရတဲ့မေမေတွေကတော့ အိပ်ချိန်ပုံမှန်မဖြစ်နိုင်တော့ဘဲ ကလေးအိပ်တာနဲ့ မိခင်ကပါ အနားယူအိပ်စက်တာ မိခင်အတွက်အကောင်းဆုံးပါ။ ၂) အစာအာဟာရပြည့်ဝအောင် စားပါ။ သင့်ခန္ဓာကိုယ်မှာ အာဟာရနဲ့ပြည့်ဝနေဖို့လိုပါတယ်။ သင့်ရဲ့နေ့ရက်တွေမှာ အားအင်အပြည့်နဲ့ ဖြစ်နေစေဖို့ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်ပါတာတွေ စားသုံးပေးပါ။ နို့တိုက်မိခင်တွေဆိုရင် မိခင်ရဲ့နို့ရည်ကတဆင့် ကလေးဆီ အာဟာရဓာတ်တွေရောက်မှ ကလေးက အာဟာရနဲ့ပြည့်ဝမှာမို့ နို့်တိုက်မိခင်တွေ အာဟာရပြည့်ဝအောင် စားသုံးဖို့လိုပါတယ်။ ၃) လေ့ကျင့်ခန်းလုပ်ပါ။ မိခင်တွေက တစ်မိသားစုလုံးအတွက် နေ့မအားညမအား အချိန်ပြည့်ဖြည့်ဆည်းပေးရပေမယ့် သူတို့ကိုယ်တိုင်အတွက်တော့ တကူးတကအချိန်ပေးတာမျိုးမရှိတတ်ကြပါဘူး။ အဲဒါကြောင့် မိခင်တွေက လေ့ကျင့်ခန်းလုပ်ဖို့အချိန်သပ်သပ်လုပ်ပြီး အရမ်းပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးမဟုတ်ရင်တော့ အသေးဆုံးလေ့ကျင့်ခန်းက စလုပ်ကြည့်ပါ။ အဲဒါက သင့်ကို ပိုပြီး ကျန်းမာနုပျိုလာစေမှာပါ။ သတိထားရမှာတော့ ကလေးမွေးပြီးကာစ မေမေတွေကတော့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုံးဝမလုပ်သင့်သေးပါဘူးနော်။ ၄) မနှိုင်းယှဉ်ပါနဲ့။ ဘယ်သူနဲ့မှ မနှိုင်းယှဉ်မိပါစေနဲ့။ နှိုှု်င်းယှဉ်မိခြင်းက သင့်ကိုသင် စိတ်ဓာတ်ကျစေသလို မကောင်းမြင်တဲ့အမြင်၊ သိမ်ငယ်စိတ်တွေပါ ဖြစ်လာစေပါတယ်။ အထူးသဖြင့် လူမှုကွန်ယက်ပေါ်မှာ တင်သမျှ မိခင်ဘဝတွေကို လိုက်ကြည့်ပြီး အားကျရင်း သူတို့နဲ့ကိုယ့်ဘဝကိုနှိုင်းယှဉ်မိလာတတ်ပါတယ်။ အဲဒါက အရမ်းကို ဆိုးဝါးတဲ့စိတ်ဓာတ်ကျဆင်းခြင်းကိုတောင် ဖြစ်လာစေနိုင်ပါတယ်။ လူတိုင်းက ကိုယ့်ဘဝအခြေအနေနဲ့ကိုယ် ပျော်အောင်နေတာသာအကောင်းဆုံးပါ။ သူများဘဝနဲ့ကိုယ့်ဘဝကဘယ်လိုမှမတူနိုင်ပါဘူး။ ကိုယ်ရောက်နေတဲ့ဘဝမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ဖို့သာလိုတာပါ။ ၅) သင်ချစ်တဲ့အရာတွေကို လုပ်ဆောင်ပါ။ သင့်ရဲ့အားလပ်ချိန်မရှိရှိတဲ့ကြားက ရသလောက်အချိန်လေးမှာ သင်ချစ်တဲ့အရာလေးတွေ ဖန်တီးတာမျိုး၊ သင်လုပ်ချင်နေတာလေးတွေ လုပ်ဆောင်တာမျိုးက သင့်ကို ပျော်ရွှင်စေပါတယ်။ ၆) သင့်ကိုသင်အလိုလိုက်ပါ။ ရေချိုးပြီး လန်းဆန်းစွာနေပါ။ စာဖတ်ချင်ရင် စာဖတ်ပါ။ အနားယူချင်ရင် အနားယူပစ်လိုက်ပါ။ သင့်ကိုသင်သက်တောင့်သက်သာရှိတဲ့အချိန်လေးပေးပါ။ သင့်စိတ်တွေပြန်ပြီး လန်းဆန်းစေဖို ပိုက်ဆံတွေအများကြီးရှိစရာမလိုပါဘူး၊ အနားယူဖို့ပဲလိုတာပါ။ ၇) အကူအညီတောင်းဖို့ မခဲယဉ်းပါစေနဲ့။ စိတ်ပိုင်းဆိုင်ရာအရပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာအရပဲဖြစ်ဖြစ် အကူအညီလိုအပ်တဲ့အခါ တောင်းဆိုဖို့ ဝန်မလေးပါနဲ့ ။ လေ့လာတွေ့ရှိချက်တွေအရ အမေတွေက မိသားစုကအကူအညီတောင်းရင်သာ အပြည့်အဝကူညီပေးတတ်ပြီး သူတို့အတွက်ကျတော့ အကူအညီတောင်းဆိုဖို့ကို ဝန်လေးတတ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေမကောင်းတဲ့အခါကျရင်လည်း ကျွမ်းကျင်တဲ့ဆရာဝန်နဲ့စကားပြော ဆွေးနွေးတာမျိုးလုပ်ပေးပါ။ ရုပ်ပိုင်းဆိုင်ရာအရ အိမ်အလုပ်တွေပုံနေတဲ့အခါမျိုးမှာလည်း ကိုယ့်ရဲ့ဆွေမျိုးအသိုင်းအဝိုင်း၊ မိဘမောင်နှမကို ဝိုင်းကူလုပ်ဖို့ အကူအညီတောင်းပါ။ အဲဒါက ရှက်စရာမဟုတ်ပါဘူး။ ကိုယ်မနိုင်တဲ့ဝန်ကို အမြဲထမ်းခြင်းကသာ ကြာလာတဲ့အခါ သင့်ကိုထိခိုက်စေနိုင်ပါတယ်။ ကိုယ်မလုပ်နိုင်တာကို လုပ်နိုင်တဲ့သူတွေရှိပါတယ်။ ကူညီပေးပါလို့ ပြောရမှာ တာဝန်မကျေတာမဟုတ်ပါဘူးနော်။ ဒီအချက်လေးတွေက ရိုးရိုးလေးတွေနဲ့ တစ်နေ့တာလုံးမှာ ပုံမှန်လေး ကျင့်သုံးသွားရုံနဲ့ မိခင်ဘဝမှာ သက်သောင့်သက်တာဖြစ်စေနိုင်ပါတယ်။ မိခင်ဖြစ်သူမှာ တာဝန်တွေများလှတာကြောင့် နေ့ရက်တိုင်း ဖိစီးပြီး ပင်ပန်းနွမ်းနယ်နေလို့မဖြစ်ပါဘူးနော်။ ကျန်းမာရွှင်လန်းပြီး အမြဲတက်ကြွတဲ့မေမေတွေဖြစ်ကြပါစေ။#BAWA101
အစာစားပြီးနောက်မလုပ်သင့်တဲ့အရာများ
ထမင်းစားပြီးနောက် ကျွန်တော်တို့ပုံမှန်လိုလုပ်နေတဲ့တစ်ချို့အရာတွေက သင့်ရဲ့ယေဘုယျကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ သင်သိပါသလား။
အဆိုးတွေကြုံလာတဲ့အချိန်မှာ အကောင်းဘက်ကဘယ်လိုတွေးမလဲ
အက်မင်တို့ရဲ့နေ့စဉ်ဘဝမှာ အကောင်းတွေချည်းကြုံနေကြတာမဟုတ်ပါဘူး။ အဆိုးတလှည့်အကောင်းတလှည့်ဖြစ်နေတာမို့ အကောင်းတွေနဲ့ကြုံလာချိန်မှာ ပျော်ရွှင်ရပေမယ့် အဆိုးတွေနဲ့ကြုံလာရတဲ့အခါ ယူကြုံးမရဖြစ်မိတာမျိုး၊ လက်မခံနိုင်တာမျိုးတွေ ခံစားရတတ်ပါတယ်။ အဲလို အဆိုးတွေကြုံလာတတ်တဲ့အခါ အခြေအနေကို ကောင်းဘက်က ပြန်တွေးလိုက်တဲ့အခါ ရလဒ်ကလည်း ပြောင်းလဲသွားတတ်ပါတယ်။ အဓိကက အဆိုးတွေအပေါ်မှာပူဆွေးမနေဘဲ အကောင်းဘယ်လိုပြန်တွေးမလဲဆိုတာအရေးကြီးတာပါ။ အဲဒါကြောင့် အဆိုးတွေကြုံလာတဲ့အခါ သင့်ကိုသင် ပြန်မေးသင့်တဲ့မေးခွန်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
အောင်မြင်သူနဲ့ သာမန်လူတွေရဲ့ခြားနားချက်
အောင်မြင်သူနဲ့ သာမန်သူတွေမှာ ခြားနားချက်ရှိတယ်ဆိုတာ သိကြမှာပါ။ သိပေမယ့်လည်း သိရက်နဲ့ မလိုက်နာနိုင်ဘဲ ခုချိန်ထိ မအောင်မြင်နိုင်သေးတဲ့သူတွေလည်းရှိမှာပါ။
အချိန်ကို စီမံခန့်ခွဲနိုင်မယ့် နည်းလမ်းများ
အလုပ်အရမ်းများလို့ လူကထူပူပြီး စိတ်ဖိစီးမှုတွေဖြစ်၊ အလိုလိုနေရင်း ဒါမှမဟုတ် နည်းနည်းလေး စိတ်တိုစရာမျိုးကို အကြီးကြီးပေါက်ကွဲ၊ လူက ဘာဆက်လုပ်ရမှန်းကို မသိတော့ဘဲ အလုပ်တွေက အများကြီးကျန်နေသေးတာမျိုး ဖြစ်ဖူးကြမလား။ အလုပ်အရမ်းများတယ်ကွာ…..ဆိုပြီး ညည်းတတ်တဲ့သူတွေအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ အချိန်ကိုစီမံခန့်ခွဲဖို့ပါပဲ။ အချိန်ကို ကောင်းကောင်းစီမံတတ်သွားရင် အလုပ်များပါစေ……သူ့ဟာသူ ပြီးသင့်တာပြီးအောင် လုပ်ဆောင်တတ်သွားပါတယ်။ အဲဒါကြောင့် အချိန်ကို စီမံခန့်ခွဲဖို့ ဘယ်လိုလုပ်သင့်သလဲဆိုတာလေးတွေဖော်ပြပေးလိုက်ပါတယ်။
အိပ်ရာမဝင်မီလုပ်သင့်သောအရာများ
ညစဉ်ညတိုင်း အိပ်ရာမဝင်ခင်မှာ လုပ်သင့်သောအရာတွေရှိပါတယ်နော်။ သိပြီးသားလေးတွေဖြစ်ပေမယ့် တချို့အရာလေးတွေကျတော့ အမှတ်တမဲ့ သတိမမူမိဘဲ မလုပ်မိလိုက်တာမျိုးလေးတွေ မဖြစ်ရအောင် ပြန်ပြီး သတိပေးတဲ့အနေနဲ့ အိပ်ရာမဝင်မီလုပ်သင့်သောအရာလေးတွေကို ပြန်လည်ဖော်ပြပေးပါရစေ။
ရက်သတ္တပတ် တစ်ခုအတွက်လိုအပ်သော ခွန်အားများရရှိနိုင်ရန် ရွေးချယ်ပေးထားသော ကောက်နုတ်ချက်များ။
ဘဝကို ခွန်အားအပြည့်နဲ့ တိုက်ပွဲဝင်နိုင်စေမယ့် ကောက်နုတ်ချက်များကို ဖတ်ကြည့်ပြီး ဘဝအတွက် ခွန်းအားဖြစ်နိုင်ကြပါစေ။ #BAWA101
အိပ်ပျော်စေရန် အကြံပြုချက်များ။
တစ်နေ့တာလုံးပင်ပန်းခဲ့သမျှကို ညဘက်မှာ ကောင်းမွန်စွာ အိပ်ပျော်စေခြင်းက အများကြီး အကျိုးသက်ရောက်မှုရှိစေပါတယ်။ ညဘက်ကောင်းစွာအိပ်မပျော်ခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စားဝတ်နေရေးပေါ်မှာလည်း သွားပြီး ထိခိုက်နိုင်တာပါပဲ။ အဲဒါကြောင့် ညဘက်ကို ကောင်းမွန်စွာအိပ်စက်စေနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
နားထောင်မှုစွမ်းရည်က ဘာကြောင့်အရေးကြီးတာလဲ။
နားထောင်မှုစွမ်းရည်က လူမှုဆက်ဆံရေးမှာကော၊ အလုပ်ခွင်မှာကော၊ တက္ကသိုလ်ကျောင်းသားများအတွက်ကော၊ အိမ်ထောင်ရေးမှာကော စသည်ဖြင့် နေရာတော်တော်များများမှာ အရေးကြီးပါတယ်။
သင့်စိတ်ကိုသင်သိစေဖို့ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်သင့်သောမေးခွန်းများ
ဘဝအတွက်ရည်မှန်းချက်ကဘာလဲ…..၊ ကိုယ်ဖြစ်ချင်တာက ဘာလဲ……၊ ကိုယ်အခုလက်ရှိအလုပ်မှာ မပျော်ဘူး ဘာကြောင့်လဲ….. စသည်ဖြင့် မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တဲ့အခါ အဖြေမရှိတာမျိုး ဖြစ်ဖူးမှာပါ။ လူတော်တော်များများက ကိုယ့်ကိုကိုယ် ဘာဖြစ်ချင်မှန်း၊ ဘာလုပ်ချင်မှန်း မသိတတ်ကြတာမျိုးဖြစ်တတ်ကြပါတယ်။ အဲလိုမျိုးဖြစ်နေပြီဆိုရင်တော့ အောက်ကမေးခွန်းလေးတွေနဲ့ သင့်ကိုသင်ပြန်မေးခြင်းက အဖြေထွက်လာစေပါလိမ့်မယ်။
ပန်းပွင့်စိမ်းရဲ့ကောင်းကျိုးများ
ကျန်းမာရေးနဲ့သင့်တော်တဲ့အသီးအရွက်တွေကိုပြရမယ်ဆိုရင် ပန်းပွင့်စိမ်းကလည်း မပါမဖြစ် ပါဝင်မှာပါပဲ။ ပန်းပွင့်စိမ်းရဲ့အကျိုးတွေက များပြားလှတယ်ဆိုတာ သိပေမယ့် ပိုပြီး တိတိကျကျသိသွားရအောင်ဖော်ပြပေးလိုက်ပါတယ်နော်။ ၁) ကင်ဆာရောဂါကို တိုက်ဖျက်ရာတွင် ကူညီပေးနိုင်ခြင်း ၂) သွေးဖိအားနှင့် ကိုလက်စထရောကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ခြင်း ၃) အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်ခြင်း ၄) သွားနဲ့သွားဖုံး ကျန်းမာရေးကို ကောင်းမွန်အောင် ကူညီပေးနိုင်ခြင်း ၅) အရိုးသန်မာအောင် ကူညီပေးနိုင်ခြင်း ၆) လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို ကာကွယ်ဖို့ကူညီနိုင်ခြင်း၊ ၇) အရေပြားကျန်းမာရေးနဲ့ပတ်သက်သမျှကို ကောင်းမွန်ဖို့ကူညီပေးနိုင်ခြင်း ၈) ဒဏ်ရာအနာတရဖြစ်ခြင်းမှ သက်သာအောင်ကူညီနိုင်ခြင်း ၉) မျက်လုံးကျန်းမာရေးကို ကောင်းမွန်အောင်ကူညီပေးခြင်း ၁၀) သွေးတွင်းမှ အဆိပ်အတောက်များကို ဖယ်ရှားရာတွင် ကူညီပေးနိုင်ခြင်း ၁၁) အသည်းရောဂါကို ကာကွယ်ရာတွင် အထောက်အကူဖြစ်နိုင်ခြင်း ၁၂) ရေဓာတ်ကိုထိန်းပေးပြီး သွေးထဲကအက်ဆစ်ဓာတ်ကိုပါ ထိန်းပေးဖို့ ကူညီပေးခြင်း ၁၃) ဟော်မုန်းနဲ့ပတ်သက်တဲ့ကျန်းမာရေးကို ကောင်းမွန်ဖို့နဲ့ အဒရီနယ်ဂလင်း (adrenal gland)ရဲ့လုပ်ဆောင်ချက်တွေကို ပုံမှန်ဖြစ်ဖို့ အထောက်အကူဖြစ်စေနိုင်ခြင်း ၁၄) ခန္ဓာကိုယ်အတွင်း လုပ်ဆောင်ချက်တွေကို ပုံမှန်ဖြစ်စေခြင်းနဲ့ ကိုယ်အလေးချိန်တိုးခြင်းကို ထိန်းပေးဖို့ ကူညီစေခြင်း ၁၅) အသက်အရွယ်ကြီးရင့်အိုမင်းလာခြင်းကြောင့်အမြင်အာရုံေ၀ဝါးခြင်းမှ ကာကွယ်ရာတွင်ကူညီပေးနိုင်ခြင်း https://www.pinterest.com/pin/33706697188073686/ pinterest မှ ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။#BAWA101
အလုပ်အင်တာဗျူးအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ
အလုပ်အင်တာဗျူးသွားတဲ့အခါ ဘာတွေကြိုတင်ပြင်ဆင်ထားမလဲဆိုတဲ့မေးခွန်းမျိုးကို အက်မင်တို့လည်း ကိုယ့်ကိုကိုယ်မေးခဲ့ဖူးတာအခါခါပါ။ အရေးလည်း တကယ်ကြီးတဲ့အထဲမှာ ပါပါတယ်။ ကိုယ်လည်းတကယ်ကြိုက်တဲ့အလုပ်၊ တကယ်စိတ်ပါဝင်စားတဲ့အလုပ်ကို ရဖို့အတွက် အင်တာဗျူးက အရေးကြီးဆုံးပါပဲ။ သင်ကို ထိုအင်တာဗျူးကနေ စကားပြောကြည့်ပြီး ဆုံးဖြတ်မှာ ဖြစ်တဲ့အတွက် ထိုအင်တာဗျူးမှာ သင်အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါကြောင့်ခုဖော်ပြပေးမှာလေးတွေ ဖတ်ကြည့်ပြီး မှတ်ထားလိုက်ကြပါအုံးနော်။