ခေါင်းစဥ်အားလုံး

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကိုယ့်ကိုဝေဖန်သူတွေကို ဘယ်လိုရင်ဆိုင်မလဲ

လူတိုင်းဝေဖန်ခံရဖူးမှာပါ။ ကိုယ့်ကိုအကောင်းပြောတာရှိသလို၊ အဆိုးပြောလာတာလည်း ကြုံရမှာပါပဲ။ အကောင်းပြောတာ ဘာမှမဖြစ်ပေမယ့် အဆိုးပြောလာတဲ့အခါ ကိုယ့်မှာ ထိုအကြောင်းအရာတစ်ခုတည်းကိုတွေးပြီး တနုံနုံခံစားနေရတာမျိုး ကြုံဖူးမှာပါနော်။ အဲဒီ့လို ဝေဖန်မှုတွေကို ကြုံလာရတဲ့အခါ ဘယ်လို ပြန်တုံ့ပြန်လေ့ရှိသလဲ။ ဒါမှမဟုတ် ဘာမှပြန်မတုံ့ပြန်လိုက်ရဘဲ စိတ်ထဲမှာတင် တအုံနွေးနွေးနဲ့ ဖိစီးနေသလား။ အဲဒီ့အကြောင်းတွေချည်းတွေးပြီး အလုပ်ပျက်အကိုင်ပျက်ဖြစ်လောက်အောင် အဲဒါကိုပဲလိုက်ခံစားမိနေသလား။ ဒါဆိုရင်တော့ သင့်အတွက်မကောင်းတော့ပါဘူးနော်။ အဲဒါကြောင့် ဒီဆောင်းပါးလေးကို ရေးသားဖော်ပြပေးလိုက်ရပါတယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ကျန်းမာရေး, အစားအစာ

ကျောက်ကပ်အတွက်ကောင်းမွန်စေသောအစားအစာများ

ကျောက်ကပ်ဆိုတာက ကျွန်တော်တို့ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့အင်္ဂ ါတစ်ခုဖြစ်ပါတယ်။ သူက သွေးထဲက အဆိပ်အတောက်တွေ၊ မလိုအပ်ပဲပိုလျှံနေတဲ့ရေတွေကိုဖယ်ရှားဖို့ ကူညီပေးနိုင်ပါတယ်။ အဲဒါကြောင့် ကျောက်ကပ်အတွက် ကောင်းမွန်စေတဲ့အစားအစာများကိုဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, အစားအစာ

မနက်စောစောရေသောက်သင့်တဲ့အချက် ၅ချက်

ရေက လူသားတို့ နေ့စဉ်ဘဝမှာ အရမ်းအရေးပါသလို၊ လူသားတို့အတွက် ကျန်းမာစေတဲ့အကျိုးသက်ရောက်မှုတွေ အများကြီးရှိပါတယ်။

ကျန်းမာရေး အစားအစာ

ကျန်းမာရေး, လူနေမှုဘဝ

ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်သည့်နည်းလမ်း ၁၀ချက်

ခေါင်းကိုက်ခြင်းကို လူတိုင်းလိုလိုခံစားဖူးကြမှာပါ။ ခေါင်းကိုက်ခြင်းက စိတ်ဖိစီးမှုများခြင်း၊ ပင်ပန်းခြင်း တို့နဲ့လည်း ဆက်စပ်နေတတ်ပါတယ်။ တစ်ချို့ကတော့လည်း ရောဂါကြောင့် ခေါင်းကိုက်တာမျိုးလည်းဖြစ်တတ်ပါတယ်။ ဘယ်လိုဖြစ်ဖြစ် ခေါင်းကိုက်တဲ့အခါ အလွန်ခံစားရခက်ပါတယ်။ အဲဒါကြောင့် ခေါင်းကိုက်ခြင်းကိုခံစားရသက်သာစေမယ့် နည်းလမ်းတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်နော်။

ကျန်းမာရေး လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ပျော်ရွှင်ဖို့အချက် ၁၂ ချက်

ပျော်ရွှင်မှုဆိုတာ လူတိုင်းအတွက်လိုအပ်ပါတယ်နော်။ ဒါပေမယ့် စိတ်ညစ်နေချိန်၊ အားငယ်နေချိန်၊ ဝမ်းနည်းနေချိန်မျိုးမှာ ထိုခံစားချက်တွေထဲမှာပဲ နစ်ဝင်မနေသင့်ဘဲ ဘယ်လိုပျော်ရွှင်အောင်လုပ်မလဲ၊ ထိုဆိုးရွားတဲ့ခံစားချက်တွေကနေ ဘယ်လိုရုန်းထွက်လို့ရမလဲဆိုတဲ့နည်းလမ်းတွေကို တမင်လိုက်ရှာကြည့်တာက ပိုကောင်းပါတယ်။ အဲဒါမှလည်း ထိုခံစားချက်တွေထဲက သင်ရုန်းထွက်နိုင်မှာလေ။ အက်မင်ကတော့ အရမ်းစိတ်ညစ်စရာကြုံလာရင် ရယ်စရာရှာဖွေပြီး ရှာကြံရယ်မောရအောင်ကြိုးစားတယ်။ ကိုယ့်ကိုကိုယ်အားပြန်ပေးတဲ့သီချင်းမျိုးတွေ နားထောင်တယ်။ အခြားသောသူများအတွက် ပျော်ရွှင်အောင်လုပ်နိုင်မယ့်အချက်လေးတွေကိုလည်း pinterest ထဲကနေရှာဖွေဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

လူတိုင်းကျေနပ်အောင် ကြိုးစားနေသင့်သလား

လူတိုင်းကျေနပ်အောင် ကြိုးစားသင့်သလားဆိုတာက ကိုယ့်ရဲ့အချိန်တွေတော်တော်များများကို သူများအတွက်အချိန်ပေးပြီး “သူများက ကိုယ့်ကိုဘယ်လိုထင်မလဲ…..၊” “ သူများ ကျေနပ်ပါ့မလား…..” “သူများက စိတ်ဆိုးနေပြီလား…..” စသည်ဖြင့် ကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းစဉ်တွေလုပ်နေရင်းနဲ့ သူများအတွက်စဉ်းစားပေးနေတာ၊ သူများအတွက် ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေကိုတောင်ဖဲ့ပြီး ကျေနပ်အောင်လုပ်ပေးမိနေတာမျိုးပါ။ အဲဒီ့အခါ ကိုယ့်အတွက်တောင်ကိုယ်အာရုံမရှိတော့ဘဲ၊ သူများအတွက်သာစဉ်းစားရင်း ကိုယ့်ကိုကိုယ်တောင် မသိမသာထိခိုက်လာတတ်ပါတယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာ ပူဆွေးနေခြင်းက မှန်ရဲ့လား

ဒီလောကမှာ ကျွန်တော်တို့ မထိန်းချုပ်နိုင်တဲ့ အရာတွေ အများကြီးရှိပါတယ်။ ဥပမာ၊ ကံတရား၊ အချိန်၊ ကိုယ့်ရဲ့အထက် လူကြီး၊ ဆွေမျိုး၊ အသိုင်းအဝန်း၊ ပတ်ဝန်းကျင် စသည်ဖြင့် အများကြီးပါပဲ။ ကိုယ်က သူတို့ကို သွားပြုပြင်ပေးလို့မရတာမျိုးပေါ့။ ဥပမာ။ ကုန်ဈေးနှုန်းတွေတက်လာတာမျိုးကို စိတ်ထိုင်ညစ်နေလို့ အလကားပါပဲ။ အဲလိုပါပဲ…..အကောင်းဘက်ကလှည့်တွေးလိုက်မယ်ဆိုရင် ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာသာ ပိုပြီး အာရုံစိုက်လိုက်ပါ။ အဲဒါက သင့်အတွက်ပိုပြီးကောင်းသလို၊ သင့်ဘဝလည်း ပိုပြီးတိုးတက်လာပါလိမ့်မယ်။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

နာမည်ကြီးအမျိုးသမီး Oprah Winfrey ၏ကောက်နုတ်ချက်များ ။

Oprah Winfrey က ဘဝကို ဘယ်လိုရင်ဆိုင်ခဲ့သလဲ၊ ဘဝနဲ့ပတ်သက်တဲ့ကောက်နုတ်ချက်လေးတွေ ဖတ်ကြည့်လိုက်ပါအုံး။

စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ဘာလို့ခုထိမအောင်မြင်သေးတာလဲ။

အောင်မြင်ချင်တဲ့သူမရှိဘဲ မနေပါဘူး။ တော်တော်များများက အောင်မြင်ချင်ကြပါတယ်။ ဒါပေမယ့် အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ မသိကြပါဘူး။ တကယ်အောင်မြင်ချင်တဲ့သူတစ်ယောက်က အောင်မြင်သူတွေဘယ်လိုလုပ်ကြသလဲ။ ဘာတွေသင်ယူကြသလဲ၊ ဘာတွေမှာ ဘယ်လိုကြိုးစားတတ်ကြသလဲ စသဖြင့် လေ့လာဖတ်ရှုတတ်ကြပါတယ်။ အောင်မြင်သူတွေ ကြိုးစားတတ်တဲ့အချက်တော်တော်များများကိုလည်း အတုယူပြီး လိုက်နာတတ်ကြပါသေးတယ်။ အောင်မြင်သူတွေရဲ့ အတုခိုးသင့်တဲ့အချက်တော်တေ်ာများများကို အတုခိုးပြီး စွဲမြဲစွာကျင့်သုံးလို့ရသလို၊ ကိုယ့်မှာရှိနေတတ်တဲ့ မကောင်းတဲ့အကျင့်တွေကိုလည်း ကိုယ့်ကိုကိုယ်ပြန်ဝေဖန်ပြီး ပြုပြင်သင့်တာပြုပြင်တတ်ရပါသေးတယ်။ အဲဒါကြောင့် အမှန်တကယ် အောင်မြင်ချင်သူတွေ ကိုယ့်ကိုကိုယ် ဘာလို့ခုထိ မအောင်မြင်သေးတာလဲ…… ဆိုပြီး ပြန်ဝေဖန်သုံးသပ်နိုင်အောင် ဒီဆောင်းပါးလေးကို ရေးသားဖော်ပြလိုက်ရပါတယ်။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ကျန်းမာရေး, လူနေမှုဘဝ

ဆောင်းရာသီအတွက် အသားအရေ ထိန်းသိမ်းနည်းများ။

ဆောင်းရာသီမှာ အရေးပြားတွေက ပိုပြီး ခြောက်သွေ့လွယ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ဖို့လည်း လွယ်ပါတယ်။ အဲဒါကြောင့် ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အသားအရေပြဿနာတွေကတော့ နှုတ်ခမ်းကွဲခြင်း၊ ဆံသားခြောက်သွေ့ခြင်းနဲ့ အရေပြားခြောက်သွေ့ခြင်းတို့ အဖြစ်များပါတယ်။ အသားအရေထိန်းသိမ်းနိုင်ဖို့ အကောင်းဆုံးဖြစ်ပြီး ရိုးရှင်းတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အိမ်မက်တွေကိုလက်တွေ့အကောင်အထည်ဖော်နေသော မြန်မာနိုင်ငံမှ ခရီးသွား ဘလော့ဂါများ၏ ခံယူချက်များ

မြန်မာပြည်က ခရီးသွားဘလော့ကာတွေက ဘာကြောင့်များ ခရီးတွေ ထွက်ပြီးရင်း ထွက်ချင်နေရပါသလဲ။ ခရီးထွက်ခြင်းက ဘယ်လိုအကျိုးကျေးဇူးတွေရစေနိုင်သလဲ ။ ခရီးသွားဘလော့ကာတွေရဲ့ ခရီးထွက်ခြင်းနဲ့ပတ်သက်တဲ့ကောက်နုတ်ချက်လေးတွေကို ဖော်ပြပေးထားပါတယ်။#BAWA101

ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပါ။

လောကမှာ တခါတလေကျတော့ ဆုပ်ကိုင်ထားလု့ိ ကိုယ့်အတွက်လည်း မကောင်း၊ အခြားသူအတွက်လည်းမကောင်း တဲ့ အရာမျိုးတွေရှိတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့စိတ်ချမ်းသာမှုအတွက် စွန့်ကို စွန့်လွှတ်ရမယ့်အရာတွေရှိပါတယ်။ အဲဒီ့အရာတွေကို စွန့်လွှတ်နိုင်ခြင်းက ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းပါပဲ။ ဟုတ်ပါပြီ….အဲဒါဆိုရင် အဲဒီ့စွန့်လွှတ်သင့်တဲ့အရာတွေက ဘာတွေဖြစ်မလဲ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။