အစာစားပြီးနောက်မလုပ်သင့်တဲ့အရာများ

ထမင်းစားပြီးနောက် ကျွန်တော်တို့ပုံမှန်လိုလုပ်နေတဲ့တစ်ချို့အရာတွေက သင့်ရဲ့ယေဘုယျကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ သင်သိပါသလား။


၁) ဆေးလိပ်သောက်ခြင်း
အစာစားပြီးတိုင်း ဆေးလိပ်တစ်လိပ်သောက်ခြင်းက ဆေးလိပ် ၁၀လိပ်သောက်ခြင်းနဲ့ညီမျှပါတယ်။ အဲဒါက သင့်ကိုအူမကြီးကင်ဆာနဲ့ အဆုတ်ကင်ဆာဖြစ်ပွားမှုကို မြင့်တက်စေနိုင်ပါတယ်။ အကြံပေးချင်တာကတော့ အစာစားပြီးတိုင်းဆေးလိပ်မသောက်သင့်ပါဘူး။
၂) အိပ်စက်ခြင်း
အိပ်စက်ခြင်းက ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအတွက် မဖြစ်မနေလိုအပ်တဲ့အကျင့်တစ်ခုပါပဲ။ ဒါပေမယ့် အစာစားပြီးပြီးချင်း အိပ်စက်တာကတော့ သင့်ကို ဖောသွပ်စေခြင်း၊ သက်တောင့်သက်တာမရှိခြင်း၊ ပုံမှန်မဟုတ်တဲ့အိပ်စက်ခြင်းတို့ကို ဖြစ်စေပါတယ်။ အဲဒါကြောင့် အစာစားပြီးနောက်မှာ ချက်ချင်းအိပ်စက်တာမျိုးမလုပ်ဘဲ အခြားလှုပ်ရှားမှုတစ်ခုခုကို လုပ်ဆောင်သင့်ပါတယ်။
၃) လက်ဖက်ရည် ဒါမှမဟုတ် ကော်ဖီသောက်ခြင်း
ထိုအရာ၂ခုစလုံးက အကန့်အသတ်နဲ့ သောက်သုံးတာပဲ ကောင်းပါတယ်။ ဘယ်အရာမဆို အလွန်အကျွံ့ဖြစ်ရင် အန္တရာယ်ဖြစ်နိုင်တာ သိပြီးသားဖြစ်မှာပါ။ အဲဒါကြောင့် သင့်ရဲ့အာဟာရဓာတ်တွေ မကုန်ဆုံးရအောင် အစာစားပြီးတစ်နာရီခန့်ခြားပြီးမှ လက်ဖက်ရည်၊ ကော်ဖီသောက်တာမျိုးလုပ်သင့်ပါတယ်။
၄) ရေချိုးခြင်း
အစာစားပြီးနောက် ရေချိုးခြင်းက သင့်အစာအိမ်မှတစ်ပါး အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းတွေသို့ သွေးစီးဆင်းမှုကိုပုံမှန်ထက် မြန်လာစေနိုင်ပါတယ်။ အဲဒါက အစာမကြေဖြစ်ခြင်းနဲ့ အစာချေစနစ်ဆိုင်ရာ
ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့်အစာစားပြီး မိနစ် ၃၀ခန့်စောင့်ပြီးမှ ရေချိုးတာပိုကောင်းပါတယ်။

၅) အသီးများစားခြင်း
အသီးတွေက အစာခြေစနစ်ကိုကောင်းမွန်စေဖို့ အင်ဇိုင်းတွေအများကြီးလိုအပ်ပါတယ်။ အဲဒါကြောင့်အစာစားပြီးအသီးများစားသုံးခြင်းက အစာမကြေခြင်း၊ လေပွခြင်း၊ ရင်ပူုခြင်းများကို ဖြစ်ပေါ်စေတတ်ပါတယ်။

၆) ခါးပတ်လျော့ခြင်း
လူတော်တော်များများက အကြံပေးတတ်တာတော့ အစားစားနေစဉ်နဲ့ စားပြီးတဲ့နောက် ခါးပတ်ကို မလျော့သင့်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက အစာကိုလိုတာထက်ပိုပြီး စားမိစေတတ်ပါတယ်။ အဲဒါက ခဏလေးဖြစ်ပေမယ့် ဆိုးဝါးစေပါတယ်။
၇) ရေခဲရေသောက်ခြင်း
အစာစားပြီးတဲ့နောက် ချက်ချင်းဆိုသလို ရေခဲရေသောက်ခြင်းကို မလုပ်သင့်ပါဘူး။ ရေခဲရေက အစာမကြေစေပါဘူး၊ အဲဒါကအစာတွေကို စုခဲသွားစေပြီး ဝမ်းချုပ်ခြင်းကိုဖြစ်စေတတ်ပါတယ်။

၈) လမ်းလျှောက်ခြင်း
လူတော်တော်များများက ပြောတတ်ကြပါတယ်၊ အစာစားပြီးနောက် အလုပ်သင့်ဆုံးတစ်ခုက လမ်းလျှောက်ဖို့ပြောတတ်တာပါ။ ဒါပေမယ့် လေ့လာသူတွေပြောတာကတော့ အစာစားပြီး မိနစ် ၃၀ခန့်ကို လမ်းမလျှောက်ဘဲနေသင့်ပါတယ်တဲ့။ အစာစားပြီးနောက် လမ်းလျှောက်တာက အက်ဆစ်ဓာတ်တွေပျံ့နှံ့စေပြီး အစာမချေနိုင်တော့ပါဘူး။

၉) GYM ဆော့ခြင်း
GYM ဆော့ခြင်း၊ အားကစားလုပ်ခြင်းက သင့်ရဲ့ခန္ဓာကိုယ်ကို ကြည့်ကောင်းစေပြီး ချီးကျုးချင်စရာကောင်းစေပါတယ်။ ဒါပေမယ့် အစာစားပြီးသည့်နောက်မှာတော့ အားကစားကိုပြင်းထန်စွာလုပ်ခြင်းနဲ့ GYM ဆော့ခြင်းက လုံးဝကိုမကောင်းပါဘူး။ သင့်ရဲ့အစာအိမ်က အစာစားပြီးနောက်မှာ အစာတွေကိုချေဖျက်ဖို့ အနားပေးသင့်တာကြောင့်ပါ။

၁၀) သွားတိုက်ခြင်း
ပုံမှန်အားဖြင့် လူတွေပြောတတ်ကြတာက အစာစားပြီးနောက် သွားတိုက်ဖို့က အရမ်းအရေးကြီးပါတယ်လို့ပါ။ အဲဒါက သွားကျန်းမာရေးအတွက်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် အစာစားပြီးချိန်မှာတော့ မလုပ်သင့်ပါဘူး။ အစာစားပြီးနောက်မှာတော့ မိနစ်၃၀ခန့်စောင့်ပြီးမှ သွားတိုက်ခြင်းက ကျန်းမာရေးအတွက်ပိုကောင်းစေပါတယ်။

အထက်ပါအချက် ၁၀ချက်ထဲက အစာစားပြီးတိုင်းသင်လုပ်မိနေတဲ့အချက်လေးတွေရှိရင် မှတ်ထားပြီး မလုပ်မိအောင် ရှောင်ကျဉ်သင့်ပါတယ်နော်။
DEMIC page မှ Video file ကို ဘာသာပြန်ဖော်ပြထားပါတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။