ရင့်ကျက်သူတွေ Facebook သုံးတဲ့အခါ

ရင့်ကျက်လာတဲ့အခါ Facebook ပေါ်မှာမြင်သမျှကို အယုံမလွယ်တတ်တော့ပါဘူး။ အဲဒါအပြင် Facebook ပေါ်ကနေ ပညာယူသင့်တာ၊ သင်ခန်းစာယူသင့်တာနဲ့ ကိုယ့်ဘဝအတွက်လိုအပ်တာလေးတွေကို မှတ်သားသင်ယူတတ်လာပါတယ်။ Facebook ဆိုတာ ကိုယ့်ရဲ့ စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ အပျင်းပြေသာအသုံးပြုပြီး Facebook ကအသုံးချတာမခံတော့ပါဘူး။ တချို့တွေကျပြန်တော့ စီးပွား‌‌ေ၇းအတွက်တဖက်တလမ်းကနေ အသုံးဝင်တဲ့အရာတစ်ခုအနေနဲ့ အသုံးပြုကြတာမျိုးပေါ့။ ရင့်ကျက်လာတဲ့အခါ Facebook သုံးတဲ့အမူအကျင့်တချို့ကပြောင်းလဲသွားပါတယ်။ အောက်မှာဖော်ပြထားတဲ့အချက်တွေလို အကြမ်းဖြင်းအားဖြင့်ပြောင်းလဲသွားကြပါတယ်။ စာဖတ်သူတွေ‌ေ၇ာ ဘယ်လိုအတွက် Facebook ကိုအဓိကသုံးဖြစ်သလဲ ပြန်သုံးသပ်ကြည့်လိုက်ပါအုံးနော်။


၁ ) အမြင်မတူသမျှလိုက်မငြင်းတော့ဘူး။
များသောအားဖြင့် အမြင်မတူတာတွေ့ရင် လိုက်မရှင်းတော့သလို၊ လိုက်လည်းရန်ဖြစ်ငြင်းခုန်တာမျိုးမလုပ်တော့ပါဘူး။ အမြင်မတူရင် ဒေါသမပွားဘဲ အေးဆေးကျော်သွားတတ်ပါတယ်။

၂) ရန်ဖြစ်ဖို့ရှောင်တယ်။
များသောအာဖြင့် ပွဲတွေဖြစ်တယ်ဆိုတဲ့အောက်မှာ ဝင်ပြီး၇န်ဖြစ်ဖို့ကို စိတ်မပါတော့ပါဘူး။ မသိတာမရှိအောင် ဝင်ကြည့်ချင်ကြည့်လိုက်တာဖြစ်ပေမယ့် အများကြီးခံစားပြီး ဝင်ပါရန်ဖြစ်ရလောက်အောင်ထိ ဖေ့ဘုတ်ပေါ်မှာ အချိန်ပေး ရန်မဖြစ်တော့ပါဘူး

၃) မသေချာတဲ့ ထင်မြင်ချက်နဲ့ပိုစ့်တွေမရှယ်ဘူး။
နောက်တစ်ခုကတော့ မသေချာတဲ့ အရင်းမြစ်မရှိတဲ့ပိုစ့်တွေကို မသိဘဲ ရှယ်လိုက်တာမျိုးတွေ၊ တနည်းအားဖြင့် ဒီပုံကို၇ှယ်ရင် ငွေများများရမယ်ဆိုတဲ့ပိုစ့်မျိုးတွေပေါ့။ အဲဒီလိုပိုစ့်တွေကို မရှယ်တော့ပါဘူး။ ဘယ်ပိုစ့်က ဘယ်လို အရင်းမြစ်လဲဆိုတာ သေချာသိအောင် လုပ်ပြီးမှ ရှယ်တတ်တာမျိုးပေါ့။

၄) ပရိုဖိုင်တစ်ခုကိုအကြာကြီးထားတတ်တယ်။
ပရိုဖိုင်ကိုအကြာကြီးထားပြီး မကြာခဏချိန်းတာမျိုးမလုပ်တော့ပါဘူး။ အချိန်အ‌တော်ကြာမှ ပရိုဖိုင်ချိန်းတာမျိုး၊ ကာဗာချိန်းတာမျိုးတွေလုပ်တတ်လာကြပါတယ်။

၅) စိတ်ချမ်းသာဖို့အတွက်ပဲဖေ့ဘုတ်ကိုအသုံးချတတ်တယ်။
များသောအားဖြင့် ကိုယ့်ရဲ့စိတ်ထွက်ပေါက်တခုအနေနဲ့ ဖေ့ဘုတ်ပေါ်မှာ ရယ်စရာတွေနဲ့ သင်ခန်းစာတခုခုရတာမျိုးတွေကိုသာ ကိုယ့်အတွက်အသုံးချဖို့အသုံးပြုတတ်ပါတယ်။ ကိုယ့်စိတ်အပန်းဖြေဖို့နဲ့ တခုခုသင်ယူဖို့၊ သင်ခန်းစာတခုခုအတွက် အသုံးချဖို့သာ အသုံးပြုတာမျိုးလုပ်တတ်ကြပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။