ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်တဲ့အချက် ၁၀ ချက်
ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တယ်ဆိုတာက ရုပ်ပိုင်းဆိုင်ရာတစ်ခုထဲကို လှပသန့်ရှင်းနေအောင်၊ လူမြင်ကောင်းအောင်၊ သစ်လွင်တဲ့အဝတ်အစားတွေ၊ brand တွေဝတ်ဆင်ပြီး လူကြားထဲတင့်တယ်အောင်ဂရုစိုက်နေတာတစ်ခုတည်းမဟုတ်ပါဘူး။ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကို ဘယ်လောက်ပဲသသ အဲဒီ့လူရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်မကောင်းရင် ထိုလူရဲ့မျက်နှာမှာပေါ််််််််််််််််််််လွင်ထင်ဟပ်နေမှာဖြစ်သလို ကာယကံရှင်ကိုယ်တိုင်လည်း ပျော်််််််််််ရွှင်နေမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာတစ်ခုထဲကို ဂရုစိုက်သင့်တာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာကို အဓိက ပိုဂရုစိုက်သင့်ပါတယ်။
အလုပ်အရမ်းများလို့ စိတ်တိုလွယ်တဲ့မေမေတွေ ဒေါသကို ဘယ်လိုထိန်းမလဲ။
မိခင်နဲ့ဖခင်တောင်မတူပါဘူး။ မိခင်ဖြစ်သူက အိမ်မှုကိစ္စ၊ ကလေးဝေယျာ၀စ္စ၊ လူကြီးဝေယျာ၀စ္စ၊ ငွေကြေးကိစ္စ၊ အလုပ်ကိစ္စ၊ အခြားမိသားစု၀င်တွေကိစ္စ စသဖြင့် မရိုးနိုင်အောင် ဖိစီးမှုမှန်သမျှကို ဦးနှောက်ထဲထည့်နိုင်သူတွေဖြစ်ကြပါတယ်။ အဲဒါကြောင့်လည်း မိခင်ဖြစ်သူက ပိုပြီး ဖိစီးမှုများ၊ အာရုံများတတ်ပြီး စိတ်တိုဒေါသထွက်လွယ်လာတတ်ပါတယ်။ အဲဒီလိုအလုပ်အရမ်းများလို့ စိတ်တိုဒေါသဖြစ်လွယ်တဲ့အခါ သားသမီးတွေကို သတိလက်လွတ်အော်ဟစ်မိတာမျိုး၊ အိမ်ထောင်ရေးမှာ စကားများရတာမျိုး၊ အမေမိဘ မောင်နှမကို မချေမငံပြန်ပြောမိတာမျိုးတွေ မကြာခဏဆိုသလို ဖြစ်လာနိုင်ပါတယ်။ ပြောရရင် စိတ်တိုစိတ်ဆတ်မှုကြောင့် ရန်တွေလိုမိနေတာမျိုးပေါ့။ အဲဒါကြောင့် အဲဒီလို အခြေအနေမျိုးမှာ ကိုယ့်စိတ်ကိုဘယ်လိုထိန်းမလဲဆိုတာလေးကို ဖော်ပြပေးလိုက်ပါတယ်။
အိပ်မပျော်တဲ့သူတွေအတွက် အိမ်တွင်းနည်းလမ်းများ
အမြဲအိပ်မပျော်တဲ့အခါ ကိုယ့်ရဲ့ကျန်းမာရေးကို အများကြီးထိခိုက်စေတာကို သိပြီးကြပြီးဖြစ်မှာပါ။ တချို့တွေက ဘယ်လိုပဲအိပ်ပျော်အောင် အိပ်ပါစေ ၊ အိပ်မရဘူးဆိုတာမျိုးတွေ ကြုံဖူးကြမှာပါ။ အဲဒီ့အတွက် အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းတွေ ရှိပါတယ်။ အိပ်ခါနီးကျမှ ကဖင်းပါတဲ့အချိုရည်၊ ကော်ဖီစတဲ့သောက်စရာတစ်မျိုးမျိုးသောက်မိတာမျိုး၊ ဒါမှမဟုတ် တခုခုကြောင့် စိတ်ဖိစီးမှုကို တွေးတောမိနေတာမျိုးကနေလည်း အိပ်မရတာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် အောက်ပါအချက်လေးတွေကို လုပ်ကြည့်ပေးပါ။
Mask တွေကို စနစ်တကျ စွန့်ပစ်ကြပါ။
ကိုဗစ်ကာလအတွင်းမှာ Mask ကိုလူတိုင်းတပ်လာကြတာတွေ့ရပေမယ့် အသုံးပြုပြီးသား Mask တွေကိုတော့ စနစ်တကျစွန့်ပစ်မှုအားနည်းတာကိုတွေ့ရပါတယ်။ လမ်းပေါ်မှာ ချွတ်ပြီး ဒီတိုင်းစွန့်ပစ်ထားတဲ့ Mask ပေါင်းများစွာကိုလည်းတွေ့ရမှာပါ။
သင့်ကလေးတွေကို ငွေကြေးကအရေးကြီးကြောင်းမသင်ပေးပါနဲ့။
သင့်ကလေးတွေကို ငွေကြေးကအရေးကြီးကြောင်းမသင်ပေးပါနဲ့။
အိပ်ရာစောစောဝင်ခြင်းရဲ့ကောင်းကျိုးများ
ညဥ့်နက်မှ အိပ်ရာဝင်ခြင်းက ဆိုးကျိုးတွေအများကြီးဖြစ်စေပါတယ်။ အိပ်ရာစောစောဝင်ခြင်းက လူရဲ့ကိုယ်စိတ်ကျန်းမာရေးကို အများကြီးကောင်းကျိုးဖြစ်စေပါတယ်။ ဒီတစ်ခါတော့ အိပ်ရာစောစောဝင်ခြင်း တနည်းအားဖြင့် ပုံမှန်ချိန်ဖြင့် အိပ်ရာဝင်ခြင်းရဲ့ကောင်းကျိုးတွေကို ပြောပြပေးချင်ပါတယ်။ ခုခတ်ေမှာ နည်းပညာခေတ်စားလာတဲ့အညီ ညအိပ်ချိန်ကလည်းမမှန်တော့ပါဘူးနော်။ ဂိမ်းဆော့တာ ဖုန်းသုံးတာ၊ အလုပ်တွေပိုများလာတာတွေကြောင့် ညဘက်ဆို အတော်ညဥ့်နက်ပါမှ အိပ်ရာဝင်တာမျိုးတွေဖြစ်လာပါတယ်။ အဲဒါက အိပ်ရေးမဝစေဘဲ ကျန်းမာရေးကိုဆိုးကျိုးတွေဖြစ်လာစေပါတယ်။
အအေးမိဖျားနာတဲ့အခါ စားပေးသင့်တဲ့ Super food များ
အခုကာလမှာ ရာသီတုတ်ကွေးတွေလည်း ဖြစ်နေတာမို့ သာမန်အအေးမိဖျားနာအတွက် အစားအစာကိုသေချာရွေးချယ်စားသုံးတတ်ဖို့လိုပါတယ်။ ဖျားနာခြင်းကို ပြန်လည်သက်သာစေနိုင်တဲ့အစားအစာမျိုးတွေကို သိထားတဲ့အခါ အစာလည်းဆေးဆေးလည်းအစာဆိုသလို ကိုယ့်ရဲ့အဖျားကိုလည်း အမြန်ဆုံးသက်သာဖို့ရာအထောက်အကူဖြစ်စေတာပေါ့။ အရှင်းပျောက်သွားမယ်လို့ဆိုလိုတာမဟုတ်ဘဲ အဖျားကိုသက်သာဖို့ရာ အထောက်အူပြုတဲ့အစားအစာတွေကို သိထားတဲ့အတွက် ဘာမှမသိတာထက်စာရင် ကိုယ့်ကိုပိုပြီးသက်သာစေမယ့်အစာအစာကိုရွေးချယ်စားသောက်နိုင်တာပိုကောင်းပါတယ်။
သင်ကြောက်တဲ့အရာတွေကိုလုပ်ဖြစ်အောင်လုပ်ကြည့်လိုက်ပါ။
သင်ကြောက်တဲ့အရာတွေကိုလုပ်ဖြစ်အောင်လုပ်ကြည့်လိုက်ပါ။