Covid ကာလအတွင်း ဖိုးဖိုးဖွားဖွားတွေ ကိုယ်ခံအားကောင်းစေဖို့ ကျွေးသင့်တဲ့အစားအစာများ

အခုလို Covid ကာလအတွင်းမှာ သင့်အိမ်မှာအဖိုးအဖွားတွေ၇ှိတယ်ဆိုရင် သူတို့ကိုပိုပြီးဂရုစိုက်သင့်ပါတယ်။ အသက်အရယ်ကြီးသူတွေဟာ ကလေးသူငယ်တွေလိုပဲ ပြန်ပြီး အသေးစိတ်ကအစ ဂရုစိုက်သင့်တဲ့သူတွေပဲဖြစ်ပါတယ်။ အာဟာရစုပ်ယူမှုဟာလည်း အားမကောင်းတော့သလို ကိုယ်တွင်းကလီစာတွေဟာလည်း အတော်အတန် ပျက်စီးနေပြီဖြစ်တာကြောင့် ပိုပြီး ကိုယ်ခ့အားနေတတ်ပါတယ်။ အဲဒီ့အတွက် ပိုပြီးကိုယ်ခံအားကောင်းဖို့လိုပါတယ်။ အဖိုးအဖွားတွေအတွက် ကိုယ်ခံအားကောင်းစေယ့်အစားအစာတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) Omega 3 fatty acid ကြွယ်ဝသောအစားအစာများ
Walnuts, fatty fish, soya bean, chia seeds နဲ့ flaxseeds ကဲ့သို့အစေ့အဆ့တွေ၊ အဆီများငါးတွေမှာ Omega 3 fatty acid ကြွယ်ဝစွာပါဝင်ပါတယ်။ Omega 3 fatty acid က ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုတွေကို လျော့ကျစေပြီး နှလုံးကျန်းမာစေပါတယ်။ အသက်အရွယ်ကြီးသူတွေအတွက် နေ့စဥ်စားသုံးသင့်တဲ့အာဟာရတစ်မျိုးပါပဲ။

၂) Calcium ကြွယ်ဝသောအစားအစာများ
အရိုးတွေကျန်းမာဖို့အတွက် Calcium ဓာတ်ပြည့်ဝဖို့လိုပါတယ်. အရိုးပွခြင်း၊ ကျွတ်ဆတ်ခြင်းမဖြစ်ဖို့ အ‌ရေးကြီးပါတယ်။ အဲဒါအပြင် Calcium ဓာတ်က သွေးဖိအားကို လည်း ထိန်းပေးနိုင်တယ်လို့ဆိုပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ စားပေးခြင်းက Calcium ဓာတ်ရရှိနိုင်ပါတယ်။

၃) အမျှင်ဓာတ်ကြွယ်ဝသောအစားအစာများ
အသက်ကြီးလာလေလေ အစာခြေစနစ်က ပျက်ယွင်းလာလေလေပါပဲ။ အစာခြေအူလမ်းကြောင်းနံရဲတွေထူထဲနေတဲ့အခါ အစာတွေရွေ့လျားဖို့အခက်အခဲဖြစ်စေပါတယ်။ အဲဒီအ့ခါ ဝမ်းချုပ်တာမျိုးဖြစ်လာပါတယ်. အမျင်ဓာတ်ပါတဲ့အစားအစာတွေ စားပေးခြင်းက အဲဒီ့ပြဿနာကနေ သက်သာစေနိုင်ပါတယ်။ ပဲအမျိုးမျိုး၊ အစိမ်းရောင်အသီးအရွက်၊ အသီးအနှံတွေစားပေးခြင်းက အမျှင်ဓာတ်ရရှိစေနိုင်ပါတယ်။

၄) သံဓာတ်ပြည့်ဝသောအစားအစာများ
သံဓာတ်ဟာ haemoglobin ထုတ်လုပ်ဖို့အတွက်အသုံးဝင်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆုတ်နဲ့အခြားအစိတ်အပိုင်းတွေကို အောက်ဆီဂျင်ပို့ပေးတာြဖစ်ပါတယ်။ သံဓာတ်မလုံလောက်တဲ့အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အောက်ဆီဂျင်ပြည့်ဝစွာမရောက်နိုင်တော့ပါဘူး။ အဲဒီ့အခါ မောပန်းလွယ်ခြင်း ၊ နုံးချိခြင်း ၊ အားအင်ကုန်ခမ်းခြင်းတို့ဖြစ်စေပါတယ်။ အဲဒါကြောင့် သံဓာတ်ပြည့်ဝအောင် ပဲအမျိုးမျိုး ၊ အစေ့အဆံ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ စတာတွေစားပေးပါ။

၅) Vitamin C ကြွယ်ဝသောအစားအစာများ
Vitamin C ကြွယ်ဝတဲ့အစားအစာတွေဟာ ကိုယ်ခံအားကောင်းစေတာလူတိုင်းသိကြမှာပါ။ ခန္ဓာကိုယ်ထဲက တစ်ရှုးတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး သံဓာတ်စုပ်ယူမှု၊ သွားနဲ့ အရိုးသန်မာမှုတွေအတွက် အသုံးဝင်ပါတယ်။ အသက်ကြီးတဲ့လူတွေမှာ ပိုလိုအပ်တဲ့အရာတွေဖြစ်တာကြောင့် Vitamin C ကြွယ်ဝတဲ့ ငရုတ်ပွ၊ ပန်းပွင့်စိမ်း၊ သံပုရာ၊ သဘ်ောသီး ၊ စတော်ဘယ်ရီ စတာတွေစားပေးနိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။