Covid ကနေ ရနိုင်တဲ့ ဘဝသင်ခန်းစာများ
Covid ကြောင့် လူတွေစိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေး အမျိုးမျိုးထိခိုက်ရတာမှန်ပေမယ့် ယူတတ်မယ်ဆိုရင် ဘဝအတွက်သင်ခန်းစာတွေအများကြီးရနိုင်ပါတယ်နော်။ တကယ်တော့ ကျွန်တော်တို့တွေဟာ တစ်နေ့တစ်နေ့ ဘဝရှင်သန်ရပ်တည်ဖို့ကိုသာ ရုန်းကန်ကြိုးစားနေကြရာမှာ ဒေါသတွေ၊ မာန်မာနတွေ၊ အတ္တတွေ ၊ အမုန်းတရားတွေလည်း တရိပ်ရိပ် တက်နေကြပါတယ်။ ကိုယ့်ရဲ့မကောင်းသောစိတ်ထားအကျင့်အကြံဟာ ကိုယ့်ကိုသာထိိခုက်စေတာကို မေ့လျော့မိနေတဲ့အခိုက်အတန့်လည်းရှိမှာပါပဲ။
၁) လူလူချင်းစာနာတတ်တဲ့စိတ်လိုအပ်ကြောင်း
၂) အချိန်ကိုတန်ဖိုးထားသင့်ကြောင်း
၃) မေတ္တာတရားပိုအရေးကြီးကြောင်း
၄) ရွှေငွေစည်းစိမ်တွေက တန်ဖိုးမရှိကြောင်း
၅) သေခြင်းတရားဟာအရွယ်မရွေးကြောင်း
၆) အချိန်ရတုန်း ဘဝမှာအကျိုးရှိတဲ့အရာတွေကို လုပ်သင့်ကြောင်း
အထက်ပါအချက်တွေအပြင် ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်လို့ရသလောက်သင်ခန်းစာတွေကို ချရေးထားပေးပါတယ်။ ကိုယ်စဥ်းစားမိတဲ့သင်ခန်းစာ ဒါမှမဟုတ် ကိုယ်တွေးမိတဲ့ သံဝေဂယူစရာလေးတွေရှိရင်လည်း comment မှာ မန့်ခဲ့ပါအုံးနော်။ အချင်းချင်းမျှဝေကြရအောင်ပါ။
#BAWA101