ကလေးတွေနဲ့ စကားပြောခြင်းက ဘယ်လောက်အရေးပါသလဲ။
ကလေးတွေနဲ့စကားပြောခြင်းက ကလေးမွေးစကနေစပြီး အရွယ်ရောက်လာတဲ့အထိ အင်မတန်အရေးကြီးပါတယ်။ ကလေရဲ့အစောပိုင်းအသက်၃နှစ်အတွင်းမှာ ကလေးနဲ့စကားပြောခြင်းက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပါတယ်။ အခြားသူတွေနဲ့မိဘတွေက ကလေးနဲ့စကားပြောခြင်း၊ ဆက်သွယ်ခြင်းက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးစေသလို၊ ကလေးရဲ့အဖတ်စွမ်းရည်၊ အပြောစွမ်းရည်နဲ့ အတွေးအခေါ်စွမ်းရည်ကိုပါတိုးတက်စေနိုင်ပါတယ်။
အချေခံဖူးကြသလား။ တကယ့်ကို စိတ်ထဲမှာအောင့်သက်သက်နဲ့ ခံစားဖူးမှာပါ။ အချေခံရတယ်ဆိုတာက ကိုယ့်ကို အထင်သေးစွာ ဆက်ဆံလိုက်တာ၊ ကိုယ့်နဲ့အဆင့်မတူသလို၊ မတူမတန်သလိုမျိုး မဆက်ဆံချင်တဲ့ပုံစံမျိုးပြုမူလိုက်တာ၊ ကိုယ့်ကိုဆို အဖက်မလုပ်တာဆိုတဲ့ ဆက်ဆံမှုပုံစံတစ်မျိုးပါပဲ။ တနည်းအားဖြင့် အတင်စီးခံလိုက်ရတာ၊ အထင်သေးနှိမ့်ချဆက်ဆံခံလိုက်ရတာမျိုးပါ။
ခရီးသွားခြင်းက သင့်ဘဝအပေါ် ဘယ်လိုသက်ရောက်မှုရှိစေသလဲ။
ခရီးသွားခြင်းက သင့်ရဲ့ကျန်းမာရေးအခြေအနေပေါ်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိစေပါတယ်။ ခရီးသွားတဲ့အခါ ဘဝအမြင်တွေပြောင်းလဲသွားစေနိုင်ပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ခံယူချက်တွေပြောင်းလဲသွားစေနိုင်ပါတယ်။ စိတ်ခံစားချက်တွေကောင်းမွန်စေပါတယ်။ စိတ်ကျန်းမာရေးကောင်းမွန်တဲ့အတွက် ကိုယ်ကျန်းမာရေးကိုလည်း သွယ်ဝိုက်ပြီး အကျိုးပြုပါတယ်။ အဲဒါကြောင့် ခရီးသွားခြင်းက သင့်ဘဝအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။
ဘဝကို အဓိပါ္ပယ်ရှိစွာရှင်သန်တတ်စေဖို့………
ကျွန်တော်တို့ရှင်သန်ရတဲ့လူ့ဘဝကို ရဖို့ခက်ခဲလှပါတယ်လို့ အမြဲကြားဖူးနေကြမှာပါ။ ဗုဒ္ဓဘာသာဝင်တွေဆို ပိုပြီး ကြားဖူးမှာပါ။ လူ့ဘဝက ရဖို့ခက်ခဲလှသလို ကုန်ဆုံးဖို့ကတော့ လွယ်ပါတယ်။ ဒါပေမယ့် လူ့ဘဝကုန်ဆုံးသွားတဲ့အခါ နောက်ထပ်လူ့ဘဝပြန်ရနိုင်မရနိုင်ကလည်း ဘယ်သူကမှ တရားသေမပြောနိုင်ပြန်ပါဘူး။ ဒီနေရာမှာ ဘာသာရေးတွေဘာတွေမစဉ်းစားဘဲနဲ့ ရှင်သန်မှုအကြောင်းကိုပဲ စဉ်းစားကြည့်ကြရအောင်ပါ။ ခုလက်ရှိလူသားဘဝကို ရထားတယ်ဆိုရင် ဘယ်လိုရှင်သန်နေထိုင်သင့်သလဲ။ လက်ရှိပိုင်ဆိုင်ထားတဲ့လူ့ဘဝကုန်ဆုံးသွားတဲ့အခါ ဘာဖြစ်မလဲဆိုတာကို မသိနိုင်တဲ့အတွက် ခုလက်ရှိဘဝကို အကောင်းဆုံး ရှင်သန်နေထိုင်ကြရင် မကောင်းဘူးလား။ အကောင်းဆုံးရှင်သန်မှုဆိုတာက ဘဝမှာ အဓိပါ္ပယ်ရှိစွာရှင်သန်နေထိုင်ခြင်း၊ ပျော်ရွှင်မှုအစစ်အမှန်ကိုရှာဖွေခြင်း၊ လူသားအချင်းချင်းကြား ကြင်နာဖေးမကူညီမှုတွေမျှဝေခြင်း၊ ကိုယ့်ကြောင့် အခြားသူတွေ မနာကျင်စေခြင်း၊ မထိခိုက်စေခြင်းက ပိုပြီးလေးနက်စွာရှင်သန်ခြင်းဖြစ်ပါတယ်။ အဲဒါဆိုရင် လူ့ဘဝမှာ ရှင်သန်ရကျိုးနပ်စေဖို့ လုပ်သင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ဒူးရင်းသြဇာသီးရဲ့အံ့မခန်းကျန်းမာရေးအကျိုးများ
ဒူးရင်းသြဇာသီးမှာ အံ့အားသင့်ဖွယ် အာဟာရဓာတ်တွေပါဝင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် စတဲ့အာဟာရဓာတ်တွေအပြင် niacin ၊ riboflavin ၊ folate နဲ့ iron ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဒူးရင်းသြဇာသီးကို soursop လို့လည်းခေါ်ပြီး graviola လို့လည်းခေါ်ကြပါသေးတယ်။ ဒူးရင်းသြဇာသီးရဲ့အကျိုးကျေးဇူးတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
အစားရွေးတဲ့ကလေးကို အစားဝင်အောင် ဘယ်လိုကျွေးမလဲ။
အစားကြေးများတတ်တဲ့ကလေးကို ဘယ်လိုမျိုးအစာကျွေးမလဲဆိုတာ မေမေတွေအင်မတန်ခေါင်းစားရတဲ့အလုပ်ပါနော်။ အစားတစ်ခါကျွေးရတာ တစ်နေကုန်သွားတတ်လွန်းလို့ မေမေတွေ စိတ်ညစ်ရတတ်ပါတယ်။ ဟိုဟာလည်း မစားချင်၊ ဒီဟာလည်း မကြိုက်နဲ့ ဖြစ်လေ့ရှိတဲ့သားသမီးတွေကို ဘယ်လိုနည်းလမ်းနဲ့ အစားဝင်အောင် ကျွေးမလဲဆိုတာ အရေးကြီးတဲ့ပညာတစ်ခုပါပဲ။ အဲဒါကြောင့် မေမေတွေ စိတ်မညစ်ရစေဖို့ အစားကြေးများတတ်တဲ့ကလေးကို အစားဝင်အောင်ကျွေးနိုင်မယ့် နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။
သပြုသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ
သပြုသီးမှာ ကျန်းမာရေးအတွက်ကောင်းမွန်စေတဲ့အာဟာရဓာတ်တွေအများကြီးပါဝင်ပါတယ်။ phenols ၊ tannins ၊ alkaloids ၊ flavonoids ၊ saponins ဆိုတဲ့ဓာတ်တွေအပြင် ဗီတာမင် ဘီ၊ အေ၊ စီ ဓာတ်တွေလည်း ပါဝင်ပါတယ်။ သပြုသီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေက အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
ဘယ်အရွယ်မှာ အိမ်ထောင်ပြုသင့်သလဲ။
ဒီမေးခွန်းမျိုးက တချို့လူတွေအတွက်တော့ ထည့်တွေးစရာလို့ သတ်မှတ်ပေမယ့် တချို့လူတွေအတွက်ကျပြန်တော့ ထည့်တွေးစရာလို့ မထင်ကြပါဘူး။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်စုတ်ထိုး ဆိုတာမျိုးက ပြင်ရခက်တယ်လို့ဆိုကြတာမို့ အိမ်ထောင်မပြုမီ ကြိုတင်စဉ်းစားပြီး ကြိုတင်ပြင်ဆင်ပြီးမှ အိမ်ထောင်ပြုသင့်ပါတယ်။ သေချာစီစဉ်ပြီးမှ အိမ်ထောင်ပြုကြသူတွေတောင် အဆင်မပြေမှုတွေကြုံလာနိုင်သေးတာမို့ သေချာမစီစဉ်ဘဲ ရုတ်တရက်အိမ်ထောင်ပြုခြင်းက ပိုပြီးတော့ အဆင်မပြေဖြစ်နိုင်ပါတယ်။
ပထမဆုံးစတင် ခရီးသွားမယ့်သူတွေ ဆောင်ရန်ရှောင်ရန်များ
ခရီးသွားခြင်းက သင့်စိတ်ကို ကုစားနိုင်ပါတယ်။ သင့်စိတ်တွေ ပြန်လည်လန်းဆန်းလာနိုင်ပြီး စိတ်ဖိစီးမှုတွေလည်း လျော့နည်းစေပါတယ်။ အတွေးအခေါ်အသစ်တွေလည်း ရနိုင်သလို၊ ဒေသန္တရဗဟုသုတတွေလည်း ရနိုင်ပါတယ်။ ခရီးသွားနေကျသူတွေက သိပြီးသားဖြစ်ပေမယ့် ခုမှ စတင်ခရီးသွားဖို့ ပြင်ဆင်မယ့်သူတွေအတွက် ဆောင်ရန်ရှောင်ရန်လေးတွေကိုဖော်ပြပေးချင်ပါတယ်။ လာမယ့်နှစ်မှာ ပိတ်ရက်တွေဆက်ပြီးပိတ်တာမို့ ခရီးထွက်ဖို့ စိတ်ကူးထားသူတွေကို ဒီဆောင်းပါးလေးက အကူအညီဖြစ်မယ်ထင်ပါတယ်။