ခရီးသွားခြင်းက သင့်ဘဝအပေါ် ဘယ်လိုသက်ရောက်မှုရှိစေသလဲ။

ခရီးသွားခြင်းက သင့်ရဲ့ကျန်းမာရေးအခြေအနေပေါ်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိစေပါတယ်။ ခရီးသွားတဲ့အခါ ဘဝအမြင်တွေပြောင်းလဲသွားစေနိုင်ပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ခံယူချက်တွေပြောင်းလဲသွားစေနိုင်ပါတယ်။ စိတ်ခံစားချက်တွေကောင်းမွန်စေပါတယ်။ စိတ်ကျန်းမာရေးကောင်းမွန်တဲ့အတွက် ကိုယ်ကျန်းမာရေးကိုလည်း သွယ်ဝိုက်ပြီး အကျိုးပြုပါတယ်။ အဲဒါကြောင့် ခရီးသွားခြင်းက သင့်ဘဝအပေါ်ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။


၁) ဘဝရဲ့ခံယူချက်ပြောင်းလဲစေနိုင်ပါတယ်။
သင့်ဘဝမှာ သင့်ပတ်ဝန်းကျင်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး၊ သင့်မိသားစုကြောင့် စိတ်ထိခိုက်ရတာမျိုး၊ သင့်လုပ်ငန်းခွင်ကြောင့် စသဖြင့် သင်နဲ့အနီးစပ်ဆုံးအရာတွေက သင့်ကို အမျိုးမျိုးထိခိုက်စေတဲ့အခါမှာ သင်ခရီးထွက်ပစ်လိုက်သင့်ပါတယ်။ အဲဒီ့အခါ သင့်ရဲ့စိတ်ထဲမှာ မတူညီတဲ့ ပတ်ဝန်းကျင်၊ မတူညီတဲ့ဘဝဖြတ်သန်းမှုပုံရိပ်တွေကို မြင်ရကြားရတဲ့အခါ သင့်ရဲ့ဘဝခံယူချက်အမြင်လည်း ပြောင်းလဲသွားပါလိမ့်မယ်။ သင့်ထက်ဆိုးတဲ့ဘဝတွေကို မြင်ရတဲ့အခါ သင်ဘဝက သာသေးတာပါလားဆိုတဲ့အတွေးမျိုး၊ သင့်ထက်ရွေးချယ်စရာမရှိတဲ့ဘဝတွေကို မြင်တဲ့အခါ သင်ကပိုကံကောင်းနေသေးပါလား ဆိုတဲ့အတွေးမျိုး စသဖြင့်တခုခုပေါ့။ သင့်ဘဝအမြင်ပြောင်းလဲသွားတဲ့အခါ သင့်ခံယူချက်ကလည်း ပြောင်းလဲသွားပြီး သင်ခံစားနေရတာတွေက ဘာမှမဟုတ်တော့ဘူးဆိုတာ သင်သိလာမှာပါ။

၂) ဘဝကိုပိုပြီး အဓိပ္ပါယ်ရှိစွာဖြတ်သန်းချင်စိတ်ဖြစ်လာပါတယ်။
တဒင်္ဂ စိတ်ဒုက္ခတွေအားလုံးမေ့သွားစေပါတယ်။ အဲဒါကြောင့် ဘဝကိုပိုပြီး အဓိပါ္ပယ်ရှိစွာဖြတ်သန်းဖို့ ဆုံးဖြတ်မိလာပါလိမ့်မယ်။ စိတ်ဒုက္ခရောက်နေမယ့်အချိန်မှာ ဘဝကို ပိုပြီးအဓိပါ္ပယ်ရှိစွာဖြတ်သန်းလိုက်တာက ပိုကောင်းပါလားလို့ တွေးတတ်လာပါလိမ့်မယ်။ အဲဒါကြောင့် ဘဝကိုလည်း ပိုပြီးအဓိပါ္ပယ်ရှိရှိဖြတ်သန်းဖို့ ကြိုးစားလာပါလိမ့်မယ်။

၃) စိတ်ကြည်နူးလန်းဆန်းစေပါတယ်။
မတူညီတဲ့ပတ်ဝန်းကျင်၊ စိတ်ညစ်ညူးမှုတွေက ပြေးထွက်လာခြင်းရဲ့အရသာကို သိလာပါလိမ့်မယ်။ အဲဒါကြောင့် မတူညီတဲ့ပတ်ဝန်းကျင်၊ လတ်ဆတ်တဲ့လေ၊ စိတ်လက်ပေါ့ပါးမှုကို ခံစားရပြီး စိတ်ကြည်နူးလန်းဆန်းစေပါတယ်။ လန်းဆန်းတဲ့စိတ်က သင့်ကိုအားအင်အသစ်တွေဖြစ်ပေါ်စေမှာပါ။ စိတ်သစ်လူသစ်ဆိုတာကို နားလည်လာပါလိမ့်မယ်။

၄) အကောင်းမြင်စိတ်ပိုများလာနိုင်ပါတယ်။
စိတ်လက်ပေါ့ပါးကြည်လင်လာတဲ့အခါ အကောင်းမြင်စိတ်များလာပါတယ်။ ပျော်ရွှင်စေပါတယ်။ အဲဒါကြောင့်လည်း ပိုပြီး အကောင်းမြင်တတ်လာတာပေါ့။ ပျော်ရွှင်မှုက ပိုတန်ဖိုးကြီးတယ်ဆိုတာ သင်နားလည်လာပါလိမ့်မယ်။

၅) ဘဝရဲ့အချိန်ကို ပိုတန်ဖိုးထားတတ်ပါတယ်။
ခရီးသွားလိုက်ခြင်းက ပျော်ရွှင်စရာကောင်းတာ၊ စိတ်ကြည်နူးစေတာ၊ စိတ်သစ်လူသစ်ဖြစ်စေတာ၊ ဝမ်းနည်းပူဆွေးမှုတွေ ပြေပျောက်စေတာကြောင့် ရရှိထားတဲ့ဘဝရဲ့ လက်ကျန်အချိန်ကို ပိုပြီးတန်ဖိုးထားတတ်လာပါလိမ့်မယ်။ ဘဝရဲ့ကျန်ရှိတဲ့အချိန်လေးမှာ ပူဆွေးဝမ်းနည်းနေတာထက် ပျော်ပျော်နေသွားဖို့ ကျင့်ကြံခြင်းက ပိုအရေးကြီးတာကို သိလာပါလိမ့်မယ်။ အဲဒါကြောင့် ရထားတဲ့အချိန်လေးမှာ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုကို ပိုတန်ဖိုးထားလာပြီး ဘဝရဲ့အချိန်တိုတိုလေးကို ပိုတန်ဖိုးထားလာပါလိမ့်မယ်။

၆) ကိုယ်ကျန်းမာစေပါတယ်။
အဓိကကတော့ စိတ်အခြေအနေပိုပြီးကောင်းမွန်လာတာကို ကိုယ့်ကိုယ်ကိုယ်ပိုသုံးသပ်မိလာပါလိမ့်မယ်။ စိတ်အခြေအနေကောင်းမွန်ခြင်းက ကိုယ်ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ပိုပြီးအိပ်ပျော်စေမယ်၊ ပိုပြီးစားဝင်စေမယ်၊ ပိုပြီး ဘဝကိုတန်ဖိုးထားတတ်လာမယ်၊ ပိုပြီးအကောင်းမြင်တတ်လာမယ်၊ ပိုပြီးပျော်ရွှင်လာမယ် စသဖြင့် အချက်တွေအားလုံးက သင့်ရဲ့ကိုယ်ကျန်းမာရေးကို အထောက်အကူပြုစေပါတယ်။ အဲဒါကြောင့် ခရီးသွားခြင်းက သင့်ရဲ့စိတ်ကျန်းမာရေးကိုကောင်းမွန်စေပြီး သင့်ရဲ့ကိုယ်ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ ဘဝရဲ့အချိန်ခဏလေးမှာ ပိုပြီး ပျော်ရွှင်ချမ်းမြေ့စေပါတယ်။ ပိုပြီးလည်း အချိန်ကို ကောင်းကောင်းအသုံးချတဲ့အနေနဲ့ ခရီးထွက်ဖို့တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။