ဘဝသင်ခန်းစာအတွက် လူတွေထံမှ သင်ယူပါ။
လောကမှာ လူအမျိုးမျိုးစိတ်အထွေထွေမို့ လူချင်းတူချင်တူနိုင်ပေမယ့် စိတ်ချင်းမတူကြပါဘူး။ ရုပ်ချင်းသာဆင်ချင်ဆင်မယ် စိတ်ဓာတ်ချင်းကတော့ ရေရှည်မတူူညီနိုင်ပါဘူး။ လူတစ်ယောက်က တစ်ကြိမ်မှာ အတွေးတစ်ခုထဲကိုသာ တွေးနိုင်ပြီး ထိုအတွေးကလည်း ၅စက္ကန့်နဲ့ ၁၀စက္ကန့်ကြားခန့်သာ ကြာပါတယ်လို့ စိတ်ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အဲဒီ့အတွက်ကို လူတစ်ယောက်နဲ့တစ်ယောက်က ရုပ်ချင်းသာဆင်ချင်ဆင်မယ်၊ အတွေးချင်း တူနိုင်ဖို့ကတော့မလွယ်ပါဘူး။ အတွေးအခေါ်ကလည်း ထိုလူဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသေးတယ်။ သူဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံကိုမူတည်ပြီး သူရဲ့တွေးခေါ်ပုံ၊ လူတွေကို ဆက်ဆံပုံက မတူညီတတ်ကြပါဘူး။ အဲဒီလို တစ်ဦးနဲ့တစ်ဦးရဲ့ ဘဝအတွေ့အကြုံမတူညီတာကြောင့်ကိုပဲ ဘဝအတွက်သင်ခန်းစာတွေက လူအမျိုးမျိုးထံမှ ပြန်လည်သင်ယူတတ်ရင် ရနိုင်ပါသေးတယ်။ ဒါပေမယ့် ဘဝသင်ခန်းစာကတော့ လွယ်လွယ်နဲ့မရတတ်ပါဘူး။ နာကျင်စရာတွေနဲ့တွဲပြီးမှ ရလာတတ်တာမျိုးပါ။
ဘဝရှင်သန်နေထိုင်တတ်စေဖို့ ပညာပေးကောက်နုတ်ချက်များ (၂)
ဘဝရှင်သန်နေထိုင်တတ်စေဖို့ ပညာပေးကောက်နုတ်ချက်များ (၂) #quotesforlife #BAWA101
သင်လက်ရှိဝင်ငွေ ရပ်တန့်သွားမယ်ဆိုရင် ဘာဖြစ်သွားမလဲ။ ဒီမေးခွန်းမျိုး သင့်ကိုယ်သင်မေးဖူးပါသလား။ မေးလိုက်တိုင်း ဘယ်လိုခံစားရသလဲ။ လူတိုင်းနီးပါးက ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ်မေးဖို မေ့လျော့နေတတ်ပါတယ်။ နေ့စဉ် စားဖို့ ဝတ်ဖို့ နေထိုင်ဖို့၊ အကြွေးဆပ်ဖို့၊ လိုချင်တာတွေထပ်ဝယ်ဖို့၊ အခြား ဗာဟီရအလုပ်တွေ၊ ပုံမှန်အလုပ်သွားဖို့၊ စသဖြင့် သံသရာလည်နေတာနဲ့တင် အချိန်ကုန်နေကြပါတယ်။ အဲဒီစက်ဝန်းထဲမှာလည်ပတ်နေရင်း၊ အချိန်တွေသာ ကုန်လာတယ်။ ဘဝက ဘာမှမတိုးတက်လာပါဘူး။ အချိန်ကြာလေ အသက်ကြီးလာလေ၊ ထိုသံသရာထဲက ရုန်းမထွက်နိုင်လေဖြစ်ပြီး ဟန်မပျက်နိုင်အောင် ထိန်းရင်းနဲ့သာ ဘဝကို ကုန်ဆုံးသွားတတ်ကြပါတယ်။
စိတ်ဖိစီးမှုတွေကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။
စိတ်ဖိစီးမှုဆိုတာက သင့်ကိုအမျိုးမျိုးထိခိုက်အောင်လုပ်နိုင်ပါတယ်။ စိတ်မပျော်ရွှင်ခြင်းက သင့်ဘဝကို အဖက်ဖက်က ထိခိုက်လာစေပါတယ်။ စိတ်မပျော်ရွှင်တဲ့အခါ ဘယ်အရာကိုမှ အကောင်းမမြင်တော့ပါဘူး။ စိတ်မရှည်တော့ပါဘူး။ ဒေါသတွေကြီးလာပါလိမ့်မယ်။ အစာစားချင်စိတ်ကို လျော့နည်းစေပါတယ်။ တက်ကြွရွှင်လန်းမှုမရှိတော့ပါဘူး။ စိတ်မကျန်းမာတဲ့အခါ ကိုယ်ကျန်းမာရေးအတွက်လည်း အာရုံမရှိတော့ပါဘူး။ အဲဒီ့အတွက် စိတ်ဖိစီးခြင်းက ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးအတွက်ကော အဆိုးတွေပဲဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်စိတ်ဖိစီးမှုဖြစ်နေပြီလို့ ခံစားရတဲ့အခါ ကိုယ့်စိတ်ကို ဘယ်လိုထွက်ပေါက်ပေးမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
ဘဝရှင်သန်နေထိုင်တတ်စေဖို့ ပညာပေးကောက်နုတ်ချက်များ (၁)
ဘဝရှင်သန်နေထိုင်တတ်စေဖို့ ပညာပေးကောက်နုတ်ချက်များ (၁) #quotesforlife #BAWA101
သင်သိပါသလား ? တခါတလေမှာ ကျွန်တော်တို့မသိလိုက်တဲ့အရာလေးတွေက ကျွန်တော်တို့ရဲ့ဘဝကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တခါတလေကျပြန်တော့လည်း ကျွန်တော်တို့ရဲ့အတွေးလေးကို ပြောင်းလိုက်တာနဲ့တင် ကျွန်တော်တို့ဘဝမှာ ပြောင်းလဲမှုကို လက်ခံနိုင်သွားပြန်တယ်။ အဲဒီ့ထဲမှာ ခုဖော်ပြထားတဲ့အကြောင်းတွေက ထိပ်ဆုံးကပါနေတယ်ဆိုတာ သင်သိပါသလား။
ကလေးကို မူကြိုစောထားသင့်မထားသင့် ဘယ်လိုစဉ်းစားကြမလဲ။
ကလေးကိုဘယ်အရွယ်မှာ မူကြိုထားသင့်သလဲဆိုတာ မိဘတွေတော်တော်များများခေါင်းစားကြတဲ့မေးခွန်းပါပဲ။ တချို့ကတော့ တစ်သက်လုံးစာဆိုတာကြီးကို သင်သွားရမှာဖြစ်တဲ့အတွက် ကလေးသဘာ၀ လွတ်လပ်စွာ ဆော့ကစားခွင့်ပေးချင်တဲ့အတွက် အသက် ၅နှစ်အထက်လောက်မှ မူကြိုပို့မယ်တွေးသလို၊ တချို့မိဘကျပြန်တော့ စားဝတ်နေရေးကြောင့်အလုပ်ထွက်လုပ်တာမျိုး၊ စိတ်ချရတဲ့လူပိုအိမ်မှာမရှိတာကြောင့်ရော၊ အကြောင်းအမျိုးမျိုးကြောင့် ကလေးကို ၂နှစ် ၃နှစ်လောက်နဲ့ မူကြိုပို့ကြပြန်ပါတယ်။ ဘယ်အယူအဆက ပိုမှန်သလဲဆိုတာ မေးစရာဖြစ်လာပါတယ်။ အိမ်မှာ မိဘတစ်ဦးဦးက ရှိနေပေမယ့် ကလေးတိုးတက်မှုအတွက် မူကြိုပို့သင့်သလား၊ မပို့သင့်ဘူးလား၊ ဆိုတဲ့ ဝေခွဲမရနိုင်တဲ့မေးခွန်းတွေဖြစ်လာပါတယ်။
ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ
သင့်ခန္ဓာကိုယ်ခုခံအားကောင်းစေဖို့ လိုက်နာသင့်သည့်နည်းလမ်း (၉)ခု
ကျွန်တော်တို့ရဲ့ခုခံအားစနစ်က ကျွန်တော်တို့အပေါ်အများကြီးမူတည်နေပါတယ်။ ခုခံအားကောင်းတဲ့အခါ အခြားသော ပြင်ပကူးစက်ရောဂါ ကူးစက်နိုင်ချေ နည်းပါတယ်။ အဲဒါအပြင် စိတ်သွားတိုင်းကိုယ်ပါလို့ ကျန်းမာသွက်လက်စေနိုင်ပါတယ်။ အဲဒါကြောင့် သင့်ခန္ဓာကိုယ်ခုခံအားကောင်းစေဖို့ လိုက်နာသင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
နှမ်းနက် (Black Sesame seeds) ကို ဆူရှီမှာကပ်ထားတဲ့နှမ်းနက်စေ့လေးတွေ၊ ပေါင်မုန့်အချို့မှာ ကပ်ထားတာမျိုးတွေ မြင်ဖူးကြမှာပါ။ နှမ်းနက်စေ့က ကျန်းမာရေးအရ ကောင်းကျိုးတွေအများကြီးရှိပါတယ်။ Smoothie တွေ၊ ဒိန်ချဉ်တွေစားရင် ထည့်တတ်ကြပါတယ်။ အိန္ဒိယမှာဆိုရင် နှမ်းနက်စေ့ရဲ့အဆီကို ကျယ်ပြန့်စွာအသုံးပြုကြပါတယ်။ အာဟာရပညာရှင်(Chief Nutritionist)တစ်ယောက်ဖြစ်တဲ့ Dr. Rupali Dutta က နှမ်းနက်စေ့မှာ ကျန်းမာရေးအတွက် အကျိုးများစေတဲ့ polyunsaturated fatty acids နဲ့ Omega-6 ကဲ့သို့ အဆီတွေပါဝင်ပါတယ်။ အမျှင်ဓာတ်တွေ၊ သံဓာတ်တွေ၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖောရတ်တွေလည်း ပါဝင်ပါတယ်။ နှမ်းနက်စေ့ရဲ့အစွမ်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ကိုယ့်ဘဝမှာ အခွင့်အရေးနဲ့ကြုံတိုင်း ဘာကြောင့် လွဲနေရတာလဲ။
ဒီမေးခွန်းမျိုး ကိုယ့်ကိုယ်ကိုယ်မေးကြည့်ဖူးရဲ့လား။ အဲဒီ့မေးခွန်းလိုပဲ ကိုယ်တိုင်လည်း တကယ် အခွင့်အရေးနဲ့ကြုံတိုင်းလွဲချော်နေတတ်သလား။ အဲဒီလိုအခါခါ ဖြစ်နေတယ်ဆိုရင်တော့ သင့်ကိုယ်သင်ပြန်ဆန်းစစ်သင့်နေပါပြီ။ အခွင့်အရေးဘယ်လာက်ရလာပါစေ ကိုယ်ကဖမ်းမဆုပ်နိုင်ရင် အခွင့်အရေးက ကိုယ့်အတွက်မဟုတ်နိုင်ပါဘူးနော်။ အဲဒါဆိုရင် အခွင့်အရေးရလာတိုင်း ကိုယ်လက်နဲ့ဖမ်းဆုပ်နိုင်အောင် ဘာလုပ်သင့်သလဲဆိုတာ သိဖို့လိုလာပါပြီ။