သင်စိတ်ညစ်တိုင်း ပြန်သတိရသင့်တဲ့ အရာ ၅မျိုး

သင့်ဘဝမှာ သင်ဘယ်တော့မှ မမေ့သင့်တဲ့အရာတွေရှိပါတယ်။ အဲဒီ့အရာတွေကို မမေ့ခိုင်းတာဆိုတာထက် သိမ်းထားပြီး အားပြတ်ချိန်တိုင်းပြန်ထုတ်ကြည့်သင့်တဲ့အရာတွေ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် remind လုပ်သင့်တဲ့အရာတွေပေါ့။ အဲဒီ့အခါ သင်ပြန်ပြီး ခွန်အားဖြစ်လာစေဖို့ပါ။ သင့်ကို ရှေ့ပိုရောက်အောင် သွားချင်စိတ်ဖြစ်လာအောင် တွန်းအားပေးတဲ့အရာတွေပါ။ အဲဒါတွေကို ပြန်စဉ်းစားမိရင် သင့်စိတ်အနည်ထိုင်သွားစေပါလိမ့်မယ်။


၁) ငွေကိုကြိုးစားရှာပါ။
ငွေဆိုတာ အဓိကမဟုတ်ပေမယ့် ကိုယ်အလိုရှိရာတွေဖန်တီးနိုင်ဖို့တော့ ငွေရှာပါ။ ငွေက ပျော်ရွှင်မှုကို မဝယ်နိုင်ပေမယ့် ငွေရှိရင်တော့ ကိုယ်အလိုရှိရာ တော်တော်များများကို ဝယ်နိုင်သလို လိုအပ်ချက်တော်တော်များများလည်း ဖြည့်ဆည်းနိုင်ပါတယ်။ အဲဒါကြောင့် ငွေကို ရိုးသားစွာ ကြိုးစားရှာပြီး စုဆောင်းသင့်တာစုဆောင်းပါ။

၂) ခွင့်လွှတ်ပါ၊ မေ့မပစ်လိုက်ပါနဲ့။
သင့်အပေါ်မကောင်းတဲ့သူတွေ၊ သင့်ကိုနာကျင်ခဲ့သူတွကို ခွင့်လွှတ်ပေးလိုက်ပါ။ အဲဒါက သင့်ရဲ့အေးချမ်းခြင်းပါပဲ။ မခွင့်လွှတ်မနိုင်မခြင်း သင်ပဲပူလောင်တာပါ။ အဲဒီ့တော့ သူတို့အပြစ်တွေမန်သမျှကို ခါင့်လွှတ်ပေးလိုက်ပါ။ ဒါပေမယ့် သူတို့သင့်အပေါ်လုပ်ခဲ့သမျှကိုတော့ မေ့မပစ်လိုက်ပါနဲ့။ အမုန်းတရားတွေနဲ့ သင့်စိတ်ထဲအုံ့ဖွဲ့ထားဖို့ပြောချင်တာမဟုတ်ပါဘူးနော်။ သူတို့က ဘယ်လိုအကျင့်ရှိတယ်၊ သူတို့က ဘယ်လိုအနိုငကျင့်တတ်တယ်၊ သူတို့က ဘယ်လိုပြုမူပြီး ဘယ်လိုလူလည်ကျတတ်တယ်ဆိုတာကို မမေ့ခြင်းက နောက်တစ်ခါ သင်မခံရဖို့အတွက် မမေ့ခိုင်းတာ၊ သတိနဲ့ရှောင်ကျဉ်တတ်ဖို့ ဖြစ်ပါတယ်။

၃) ဒုက္ခရောက်နေတဲ့သူကို ကူညီပေးဖို့မမေ့ပါနဲ့။
ဒုက္ခရောက်နေတဲ့သူကို ကူညီပေးဖို့ လက်မတွန့်ပါနဲ့။ တကယ်ဒုက္ခရောက်နေတဲ့သူကို ကူညီပေးလိုက်ခြင်းက သင့်အတွက် ပီတီဖြစ်စေသလို ကူညီရကျိုးလည်း နပ်စေပါတယ်။ သင့်ကြောင့် တပါးသူအဆင်ပြေသွားခြင်းက တဖက်လူကလည်း သင့်ကို အမှတ်ရနေစေပါတယ်။

၄) စိတ်ညစ်မှုဆိုတာ လူတိုင်းနီးပါးကြုံတွေ့နေကျပါပဲ။
စိတ်ညစ်တယ်ဆိုတာ ပုံမှန်ကိစ္စတစ်ခုပါပဲ။ စိတ်ညစ်လို့အရက်သောက်မယ်ဆိုရင်တော့ လူတိုင်းအရက်သမားဖြစ်ကုန်ကြမှာပေါ့။ စိတ်ညစ်မှုတွေထဲကနေသာ ကိုယ်ကြိုးစားနိုင်တာဘာလဲလို့ တွေးပါ။ စိတ်ညစ်မှုတွေထဲကနေ ထိုအခြေအနေကို အောင်မြင်အောင်ကျော်ဖြတ်နိုင်ဖို့ ကိုယ်လုပ်နိုင်တာတစ်ခုခုတော့ ရှိပါတယ်။ သင်လုပ်ကြည့်ဖို့သာလိုတာပါ။

၅) အမှန်ပြောရင် ရွာပြင်ရောက်တတ်ပါတယ်။
အချို့လူတွေက မတရားမှန်းသိနေပေမယ့် ကိုယ့်အတွက် ကိုယ်ငဲ့ပြီး မှန်နေရက်နဲ့သည်းခံလိုက်ရတဲ့အခါမျိုးလည်း ရှိနိုင်ပါတယ်။ တနည်းအားဖြင့် မှန်တဲ့သူဟာ ရွာပြင်ရောက်တတ်တာမို့ သည်းခံလိုက်ရတဲ့အခိုက်အတန့်မျိုးပေါ့။ အဲဒီ့အခါ စိတ်မညစ်ပါနဲ့။ အချိန်တန် မတရားမှုဟာ သူ့တရားသူစီရင်သွားတတ်ပါတယ်။ သင်လူမိုက်အဖြစ်ခံပြီး မပြောသင့်တဲ့နေရာမျိုးမှာ မျိုသိပ်တတ်ခြင်းဟာလည်း ပညာပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။