ပျားလိမ္မော်စားခြင်းရဲ့ကောင်းကျိုးများ

ပျားလိမ္မော်ကို Mandarin orange လို့ခေါ်ပါတယ်။ အာဟာရဓာတ်တွေအများကြီးပါဝင်ပြီး ဗီတာမင်တွေလည်း အပြည့်အဝပါဝင်ပါတယ်။ ကင်ဆာ၊ တုတ်ကွေးနဲ့ အခြားသောရောဂါတော်တော်များများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပျားလိမ္မော်စားခြင်းရဲ့ ကောင်းခြင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။


၁) ကင်ဆာဖြစ်ပွားမှုကိုလျော့ကျစေခြင်း
လေ့လာချက်တွေအရ ပျားလိမ္မော်စားခြင်းကြောင့် အသည်းကင်ဆာနဲ့ ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို လျှော့ကျစေပါတယ်လို့ သိရပါတယ်။

၂) ကိုလက်စထရော လျော့ကျစေခြင်း
ပျားလိမ္မော်မှာ ပါဝင်တဲ့ antioxidants တွေက မကောင်းတဲ့ကိုလက်စထရောကိုလျှော့ကျစေပြီး ကောင်းတဲ့ကိုလက်စထရောကို မြင့်တင်ပေးပါတယ်။ အမျှင်ဓာတ်တွေပါဝင်တာကြောင့် သွေးလွှတ်ကြောထဲမှာရှိတဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ဖယ်ရှား ရှင်းလင်းပေးပါတယ်။

၃) သွေးဖိအားကို ကောင်းစေခြင်း
ပျားလိမ္မော်က သွေးလည်ပတ်မှုကောင်းမွန်စေပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင်ထိန်းပေးနိုင်ပါတယ်။

၄) ဝိတ်ကျစေခြင်း
အသီးမှာပါဝင်တဲ့အမျှင်ဓာတ်ကြောင့် အစာအိမ်ထဲမှာ ပြည့်ဝနေစေပါတယ်။ အဲဒါကြောင့် မကြာခဏအစာစားချင်စိတ်ကို လျှော့ကျစေလို့ ဝိတ်ကျစေပါတယ်။

၅) ခုခံအားကောင်းစေခြင်း
ဗီတာမင်စီပါဝင်တာကြောင့် အအေးပတ်ခြင်း၊ တုတ်ကွေးတွေကို ခုခံနိုင်တဲ့ ခုခံစွမ်းအားကိုမြင့်တင်ပေးပါတယ်။

၆) အရေပြားကျန်းမာရေးအတွကအထောက်အကူဖြစ်ခြင်း
ပျားလိမ္မော်ဖျော်ရည်လုပ်သောက်ခြင်းက သင့်အရေပြားကို ကြည့်ကောင်းစေပြီး ပိုကျန်းမာလှပစိုပြေစေပါတယ်။

၇) Antioxidant ကြွယ်ဝခြင်း
ဗီတာမင်စီကြွယ်ဝခြင်းကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ antioxidants ၈၀ရာခိုင်နှုန်းထိ ရရှိစေပါတယ်။

၈) အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း
ပျားလိမ္မော်မှာပါဝင်တဲ့အာဟာရဓာတ်တွေကြောင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၉) အနာကျက်မြန်စေခြင်း
ပျားလိမ္မော်က ဆဲလ်အသစ်တွေကြီးထွားစေလို့ အနာကျက်မြန်စေပါတယ်။
.
၁၀) ဆံသားကောင်းမွန်စေခြင်း
ပျားလိမ္မော်မှာပါဝင်တဲ့ ဗီတာမင်အီနဲ့ ဘီတွဲကြောင့် ဆံသားကောင်းမွန်စေပြီး နက်မှောင်သန်စွမ်းစေပါတယ်။
ခုလိုရာသီမှာ ပေါပေါများများရနိုင်တဲ့ ပျားလိမ္မော်ကို စားပေးခြင်းက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်စီပမာဏကို လုံလောက်စွာရရှိစေနိုင်ပါတယ်။
https://www.livinginperu.com/10-benefits-of-mandarins-you-need-to-know-about-106856/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။