ခေါင်းစဥ်အားလုံး

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

မနေ့ကထက် ဒီနေ့မှာ ပိုတော်လာပါစေ။

လူဆိုတဲ့သဘောက အခြားလူတွေရဲ့ အကျင့်စရိုက်၊ ကောင်းခြင်း၊ ဆိုးခြင်းစသဖြင့် မြင်လွယ်ပါတယ်။ အဲဒါကြောင့် ဝေဖန်ရတာပိုလွယ်တယ်လို့ပြောကြတာပါ။ ပြုပြင်ဖို့သာ ခက်တာပါ။ အဲဒါကြောင့်လည်း အပြစ်မြင်စရာရှိ ပိုမြင်တတ်သလို၊ အားကျစရာရှိလည်း ပိုပြီးအားကျတတ်ပါတယ်။ အဲဒီ့လိုပါပဲ ဝေဖန်စရာရှိလည်း ကိုယ့်ကိုယ်ကိုယ်ဝေဖန်တာထက် အခြားသူကို ဝေဖန်ရတာက ပိုပြီး ဝေဖန်လို့ကောင်းနေတတ်ပါတယ်။ အဲဒါဆိုရင် အခြားသူကို ဝေဖန်လိုက်ပါပြီတဲ့။ ဝေဖန်ခြင်း ၂မျိုးခွဲနိုင်ပါတယ်။ အပြုသဘောနဲ့ ဝေဖန်ခြင်း ရယ်၊ အပျက်သဘောနဲ့ ဝေဖန်ခြင်းရယ်ပါ။ အပြုသဘောနဲ့ဝေဖန်ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ စေတနာနဲ့ သူ့ကို ပိုကောင်းစေချင်တဲ့စိတ်ကိုအခြေခံပြီး အကြံပေးလိုက်တဲ့သဘောပါ။ အဲဒီ့ဝေဖန်ချက်ကို တစ်ဖက်လူကလည်း ကောင်းမွန်စွာလက်ခံပြီး ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ပြုပြင်မယ်ဆိုရင် ပိုပြီး အမှားနည်းသွားမယ်၊ ပိုတော်လာမယ်၊ ပိုကောင်းမယ့်အခြေအနေတစ်ခုဖြစ်လာနိုင်တာပေါ့။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ကွမ်းရွက်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

ကွမ်းရွက်ဟာ ကျန်းမာရေးအတွက် အသုံးဝင်တဲ့နေရာတွေရှိပါတယ်။ အိန္ဒိယနဲ့ အာရှတခွင်မှာ တွင်ကျယ်စွာအသုံးပြုကြတဲ့အရွက်တစ်မျိုးဖြစ်ပါတယ်။ ကွမ်းရွက်မှာ လူတွေရဲ့ကျန်းမာရေးကိုအကျိုးပြုတဲ့အာဟာရဓာတ်များစွာပါဝင်ပါတယ်။ Vitamin C, thiamine, niacin, riboflavin, carotene နဲ့ calcium ဓာတ်တွေအများကြီးပါဝင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

တစ်နေ့မှာ လွယ်လွယ်အရှုံးမပေးမိခြင်းအတွက် သင့်ကိုယ်သင် ကျေးဇူးတင်မိလာမှာပါ။

ဒီစကားလေးကို သေချာပြန်တွေးကြည့်ရင် အဓိပ္ပါယ်အများကြီးရှိပါတယ်။ တကယ်လည်း သင်လက်လျှော့ချင်လာတဲ့အခါ အဲဒီစကားလေးကိုတွေးမိရင် တွေးစရာတွေအများကြီးရလာမှာပါ။ ကိုယ့်ကိုယ်ကိုယ်အရမ်း စိတ်ဆင်းရဲ၊ မွန်းကြပ်လွန်းတယ်လို့ထင်နေတဲ့အချိန်မျိုးမှာ လူတိုင်းဟာ ထွက်ပေါက်တစ်ခုခုကို အသည်းအသန်ရှာဖွေတတ်ကြပါတယ်။ အဲဒီ့အခါမှာ ကိုယ်ရွေးလိုက်မိတဲ့ထွက်ပေါက်ဟာ ဘယ်လိုထွက်ပေါက်ဖြစ်မလဲ။ တချို့ကတော့ မွန်းကြပ်မှုတွေထဲကနေ ထွက်ပြေးအရှုံးပေးတဲ့နည်းလမ်းနဲ့ အရှုံးပေးလိုက်ကြပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

ဆန့်ကျင်ဘက်ဖြစ်သွားသောစကားပုံများ (၁)

တချို့သော မြန်မာစကားပုံများက မသိလိုက်မသိဘာသာနဲ့ ဆန့်ကျင်ဘက်အဓိပါ္ပယ်ဖြစ်နေတာကို သတိထားမိပါတယ်။ တခြားသောရည်ရွယ်ချက်မရှိပေမယ့် ဆန့်ကျင်ဘက်ဖြစ်သွားတဲ့စကားပုံများအဖြစ် သီးသန့်လေး မှတ်သားမိသွားအောင် ဖော်ပြပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် စကားပုံအချို့ကိုတော့ မှတ်မှတ်ရရဖြစ်သွားစေတာပေါ့နော်။ စာဖတ်သူတွေရော အဲဒီလိုဆန့်ကျင်ဘက်ဖြစ်သွားတယ်လို့ သတိထားမိလိုက်တဲ့ မြန်မာစကားပုံတွေရှိရင် comment မှာ မန့်သွားပေးပါအုံးနော်။ အပြန်အလှန်ဖလှယ်ကြတာပေါ့။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ကျောက်ဖရုံသီးရဲ့အကျိုးကျေးဇူးများ

ကျောက်ဖရုံသီးကို အရှေ့တောင်အာရှမှာ အစားများကြပါတယ်။ အံ့အားသင့်ဖွယ် အကျိုးကျေးဇူးတွေလည်းရှိပါတယ်။ phosphorus, calcium, iron, riboflavin, thiamine, niacin နဲ့ Vitamin C ဓာတ်တွေပါဝင်ပါတယ်။ ကျောက်ဖရုံသီးရဲ့အကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

စေတနာသာမှန်ပါစေ။

ဒီခေါင်းစဉ်ကိုမြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဒီစေတနာနဲ့ပတ်သက်ပြီး ပြဿနာပေါင်းစုံကြုံဖူးခဲ့တာကို သတိရကြမယ်ထင်ပါတယ်။ လောကီလူ့ဘောင်မှာ စရိုက်အမျိုးမျိုး လူအမျိုးမျိုးရယ်မို့ အမှုကိစ္စပေါင်းစုံကြုံရမှာပါပဲနော်။ အဲဒီ့လို လူပေါင်းစုံနဲ့ကြုံရတဲ့အခါ မကြာခဏကြားဖူးနေကြစကားရှိမှာပါ။ “စေတနာသည် လူတိုင်းနဲ့မတန်…” ဆိုတဲ့စကားပါပဲ။ ကိုယ်ကတော့ စေတနာအပြည့်ထားလိုက်တာပဲ ဒါပေမယ့် ကိုယ့်စေတနာကို တန်ဖိုးမထားတာမျိုး၊ ကိုယ့်ဆီက ရသမျှ စေတနာတွေကိုတော့ ရသလိုယူပြီးထွက်သွားတာမျိုး၊ ကိုယ်က ကိုယ့်ရဲ့မရှိရှိရာ တန်ဖိုးထားစရာလေးတွေထဲကနေ ဖျစ်ညစ်ကူညီပေးလိုက်ပေမယ့် လက်လွတ်စပယ်တန်ဖိုးမထားတဲ့သူမျိုးတွေ အမျိုးမျိုးကြုံရမှာပါ။ အဲဒီလို ကြုံရတဲ့အခါ စိတ်နာနာနဲ့ တွေးမိတာကတော့ “စေတနာသည် လူတိုင်းနဲ့မတန်ပါ” ဆိုတဲ့စကားပါပဲ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

ကမ္ဘာနဲ့အဝှမ်းသိမှတ်စရာအဖြာဖြာ (၂)

ကမ္ဘာနဲ့ချီတဲ့ အချို့သောအရာတွေက သိသလိုလိုရှိပေမယ့် သေချာမသိဘဲ မသဲကွဲတဲ့အရာမျိုးတွေရှိမှာပါ။ အဲဒါကြောင့် ရှာဖွေဖတ်မှတ်လို့ရသလောက် စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။ တစ်ချိန်ချိန်မှာ အသုံးဝင်နိုင်တာမို့ အချင်းချင်းလည်း ဖတ်ရှုနိုင်အောင်ရှယ်ပေးလိုက်ပါအုံးနော်။ နောက်ထပ်လည်း ရှာဖွေလို့ရသလောက်ဗဟုသုတအဖြာဖြာကို ဖော်ပြပေးသွားပါအုံးမယ်။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

၀မ်းချုပ်စေသော အစားအစာများ

ဝမ်းချုပ်ခြင်းဆိုတာက တနည်းအားဖြင့် အူမကြီးလှုပ်ရှားမှု တစ်ပတ်မှာ ၃ကြိမ်ထက်နည်းတဲ့အတွက်ဖြစ်တာလို့ သတ်မှတ်နိုင်ပါတယ်။အရွယ်ရောက်ပြီးသူရဲ့ ၂၇%နှုန်းဟာ လေပွခြင်း၊ အစာအိမ်ထဲမှ ဂတ်စ်တွေထုတ်ခြင်း ပြဿနာကို ရင်ဆိုင်ကြရပါတယ်။ အဓိကကတော့ အစားအစာကြောင့်ပါပဲ ။အချို့သောအစားအစာတွေက ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အချု့ိကတော့ ပိုဆိုးစေပါတယ်။ ဝမ်းချုပ်ခြင်းကို ပိုဆိုးစေသော အစားအစာတွေကတော့

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

သင့်စိတ်ကို ပစ္စုပ္ပန်မှာသာ ထားပါ။

ဒီစကားလေးကအများကြီးအဓိပ္ပါယ်ရှိသလို၊ သက်ရောက်မှုလည်းအများကြီးရှိပါတယ်။ လူအတော်များများက ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်ရင်သိနိုင်မှာပါ။ ကိုယ့်ရဲ့စိတ်က ဘာတွေတွေးနေမိသလဲ….အထူးသဖြင့် စိတ်ဆင်းရဲနေမိတဲ့အချိန်မျိုးမှာပေါ့။ ကိုယ့်စိတ်တွေမပျော်ရွှင်ဘူး……စိတ်ဓာတ်ကျနေတယ်…စိတ်ထိခိုက်နေတယ်ဆိုတဲ့အခါမျိုးမှာကိုယ့်စိတ်ကိုသတိလေးထားပြီး ဆန်းစစ်ကြည့်ရင် ကိုယ့်စိတ်တွေက များသောအားဖြင့် ဖြစ်ပျက်ပြီးသမျှတွေကို တွေးနေမိတဲ့အကြောင်းရင်းကြောင့်ပါပဲ။ အတိတ်ကမပြုပြင်နိုင်ခဲ့တာတွေကိုတွေးမယ်၊ စိတ်ဆင်းရဲမယ်၊ ယူကြုံးမရဖြစ်မယ်၊ တနုံနုံပြန်ခံစားမယ်၊ စသဖြင့် ခံစားချက်တွေရဲ့အကြောင်းအရာတော်တော်များများက အတိတ်မှာ ကိုယ့်ကိုယ်ကိုယ်လှောင်ပိတ်ထားမိလို့ပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, လူနေမှုဘဝ, ကိုးကားစာများ

မြန်မာ့ပထမဆုံးများ (၂)

မြန်မာပြည်ရဲ့ပထမဆုံးဖြစ်ခဲ့သော အရာတွေထဲက တချို့ကို ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်။ နောက်ထပ်လည်းတင်ပြပေးသွားပါအုံးမယ်နော်။ #BAWA101

စွမ်းရည် လူနေမှုဘဝ ကိုးကားစာများ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။