ဘဝတွင် တက်ဖူးသင့်သော တောင် (၇) တောင်
တောင်တက်ခြင်းက ကျန်းမာရေးနဲ့ညီညွှတ်တယ်ဆိုတာ သိကြပါသလား။ တောင်တက်ဖို့အတွက် ကျန်းမာရေးကောင်းအောင် လေ့ကျင့်ရသေးတဲ့အတွက် လူကိုကျန်းမာကြံ့ခိုင်စေသလို ကျန်းမာရေးမကောင်းစေတဲ့ ဆေးလိပ်၊ အရက်၊ ကွမ်း၊ အခြားမူးယစ်ဆေးဝါးတွေနဲ့ ရှောင်ပြီးသားဖြစ်စေပါတယ်။ လူမှုဆက်ဆံရေးကိုကောင်းစေပါတယ်။ လူအများနဲ့စည်းလုံးညီညွှတ်အောင်နေတတ်လာပါတယ်။ အတွေ့အကြုံအသစ်တွေရသလို သဘာဝတောတောင်ကို ပိုပြီးချစ်တတ်လာပါလိမ့်မယ်။ ကျန်းမာရေးကို ထောက်ပံ့ပေးနိုင်တဲ့အားကစားတစ်မျိုးဖြစ်လို့ မြန်မာနိုင်ငံမှ တောင်တက်လေ့ကျင့်ရင်း တက်သင့်တဲ့တောင် (၇) တောင်ဖော်ပြပေးလိုက်ရပါတယ်။
ထောပါတ်သီးစားခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ
ထောပတ်သီးမှ ရရှိနိုင်တဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေကို သင်သိရဲ့လား။ ထောပတ်သီးက ကျန်းမာရေးနဲ့သင့်တော်တဲ့ superfood လို့တောင် ခေါ်ကြပါတယ်။ ထောပတ်သီးရဲ့ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေကို အောက်မှဖော်ပြလိုက်ပါတယ်။
အငြင်းခံရတဲ့အခါ မအောင်မြင်နိုင်တော့ဘူးလား။
သင့်ဘဝမှာ အငြင်းခံဖူးမှာနော်။ အလုပ်သွားလျှောက်တဲ့အခါ အပယ်ခံရတာ၊ ချစ်သူကို ချစ်စကားပြောတဲ့အချိန်မှာ အငြင်းခံရတာ၊ စကော်လားရှစ်အတွက် အပယ်ခံလိုက်ရတာ၊ ဝင်ခွင့်စာမေးပွဲဖြေလိုက်တာ သင်အပယ်ခံလိုက်ရတာ စသည်ဖြင့်ပေါ့။ အဲလိုအငြင်းခံလိုက်ရတဲ့အခါ သင့်စိတ်ထဲမှာတော်တော်လေးတော့ စိတ်မကောင်းဖြစ်ရသလို၊ စိတ်ဓာတ်လဲကျသွားတာမျိုးဖြစ်ဖူးမှာပါနော်။ ဒါပေမယ့် အဲလိုမျိုး အငြင်းခံလိုက်ရတိုင်း သင့်ဘဝမှာ တစ်ဘဝလုံးစာ အငြင်းခံလိုက်ရတာမျိုးမဟုတ်ပါဘူး။ အဲဒီ့အခိုက်အတန့်လေးပဲ အငြင်းခံလိုက်ရတာပါ။ အငြင်းခံလိုက်ရပေမယ့် အောင်မြင်ခဲ့သူတွေအများကြီးရှိပါတယ်။ အငြင်းခံလိုက်ရတာကနေ အောင်မြင်အောင်လုပ်ယူလို့ ရတယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။
ရည်မှန်းချက်ရှိတဲ့ဘဝက ပိုပြီးနေပျော်စရာကောင်းပါတယ်။
တစ်ချို့သောလူငယ်များက “ရည်မှန်းချက်ရှိလား….ဘာဖြစ်ချင်တာလဲ” လို့မေးရင် တွေဝေသွားတတ်ကြပါတယ်။ တစ်ချို့ကျတော့လည်း မဖြစ်နိုင်ပါဘူးလို့ ဘယ်လောက်ပဲအပြောခံရပါစေ သူတို့ရည်မှန်းချက်ကို သူတို့ကိုယ်တိုင်သတ်မှတ်ပြီး တစ်ဆင့်ချင်း ဖြစ်မြောက်အောင်မြင်အောင်လုပ်ဆောင်သွားတတ်ကြပါတယ်။ ဒါပေမယ့် အဲလိုဖြစ်မြောက်အောင်မြင်အောင် ကြိုးစားနေတတ်တဲ့လူငယ်နဲ့ ရည်မှန်းချက်လို့မေးလိုက်ရင် ဘာပြန်ဖြေရမှန်းမသိတဲ့လူငယ် ၂ယောက်ကြားက ခြားနားချက်ကိုတော့ သတိထားမိကြလိမ့်မယ်ထင်ပါတယ်နော်။