အသက် ၃၀ မပြည့်ခင်သင်လုပ်ကိုလုပ်သင့်သောအရာအခု ၂၀။

အသက်ကြီးလာသည်နှင့်အမ ျှဘဝကြီးကပိုမိုရှုပ်ထွေးလာသည်။ အလုပ်တွေပိုရှုပ်လာသည်။ လူမှုရေးတွေပိုမ ျားလာသည်။သူငယ်ခ ျင်းတွေဝေးကွာလာသည်။အင်အားတွေကုန်ခန်းလွယ်လာသည်။ ခန္ဓာကိုယ်ကြံခိုင်မှုလည်းက ျဆင်းသည်ဟုခံစားလာတတ်ကြသည်။ မှတ်ဉာဏ်အားပါလေ ျာ့နည်းလာသည်။ အသက် ၆၀ အရွယ်ကဒါကိုဖတ်မိလ ျှင်နေမည်ဖြစ်သော်လည်းအသက် ၂၀ ကေ ျာ်အရွယ်လေးတွေအနေနဲ့ တော့ပေ ျာ်နိုင်သလောက်ကိုအပြည့်အဝပေ ျာ်ပါ။ ဒီခေတ်အခါကြီးရဲ့ စိန်ခေါ်မှုတွေကိုဝံဝံကြွားကြွားနဲ့ ရင်ဆိုင်ပါ။ အခြားသောအသက်အပိုင်းခြားလူကြီးမ ျားအနေဖြင့်ဘာမဆိုလုပ်ရန်နောက်မက ျသေးသော်လည်းအသက် ၂၀ လေးတွေအနေနဲ့ တော့ဒီအခ ျ ိန်ကခ ျက်ခ ျင်းကိုလုပ်သင့်တာတွေထလုပ်ရန်အကောင်းဆုံးအခ ျိန်ပါပဲ။


၁) အားကစားအသစ်တစ်ခုစမ်းလုပ်ကြည့်ပါ။

အားကစားပြုလုပ်ရာတွင်အကောင်းစားအခ ျိန်တစ်ခုကတော့ ၂၅ နှစ် နှင့် ၃၅ နှစ်ကြားလို့ပြောကြပါတယ်။ အားကစားအသစ်တစ်ခုပြုလုပ်ခြင်းဖြင့်မိမိ၏မသိသေးသောလုပ်နိုင်စွမ်းရည်သစ်တစ်ခုကိုရှာဖွေတွေ့ ရှိမှုသည်အင်မတန်မှရင်ဖိုပေ ျ ာ်ရွှင်ကောင်းလှပြီးမိမိ၏ယုံကြည်မှုကိုလည်းတိုးပွားစေမှာအသေအခ ျာပဲဖြစ်ပါတယ်။

အားကစားအသစ်တစ်ခုကိုကစားခြင့်းဖြင့်လည်းပတ်ဝန်းက ျင်အသစ်မှမိတ်ဆွေအသစ်မ ျားပြားနှင့်သိကျွမ်းခွင့်ရရှိလာမှာပဲဖြစ်ပါတယ်။

၂) သင်ကြောက်သောအရာတစ်ခုကိုလုပ်ကြည့်ပါ။

ဘယ်အရွယ်ကြီးပဲရောက်ရောက်သင့်ကိုကြောက်လန့်စေသောအရာကိုနေ့စဉ်လုပ်သင့်ပါတယ်။ ကြောက်ရွံ့ မှုကိုအောင်နိုင်ခြင်းဆိုတာအင်မတန်မှအားရဖွယ်ကောင်းပါတယ်။ အသက်ရွယ်ကြီးလာတာနဲ့ အမ ျှ ကာကွယ်ရမှာတွေပိုမ ျားလာပါတယ်။ ကြောက်စိတ်တွေပိုမ ျားလာတတ်ပါတယ်။ အဲ့ဒါကြောင့် အသက် ၂၅ နှစ်အရွယ်မှာ လေထီးခုန်ဖို့ ကြောက်နေတယ်ဆိုသွားခုန်လိုက်ပါ။ မိမိရဲ့ ကြောက်လန့်နေသာစိတ်ကိုတွန်းလှန်ဖို့ကြိုးစားပါ။

သင်အသက်အရွယ်ကြီးလာပြီးသန်သန်စွမ်းစွမ်းမဖြစ်တော့တဲ့အခါဒီလိုကိုယ်ငယ်ငယ်တုန်းတုန်းကစွန့်စွားလုပ်ခဲ့တာတွေကိုသတိရပြီးပေ ျာ်ရွှင်ရပါလိမ့်မယ်။

၃) တစ်ယောက်ထဲခရီးသွားကြည့်ပါ။

တစ်ယောက်ထဲခရီးသွားခြင်းဆိုတာနဲ့ ကြောက်ဖို့ကောင်းတယ်လို့ခ ျက်ခြင်းထင်ဖွယ်ရာရှိသော်လည်းအဲ့ဒီအတွေ့အကြုံက တစ်ကယ်တမ်းတော့အရမ်းကိုသင့်အားလွတ်လပ်အပေါ့ပါးဆုံးသောအတွေ့အကြုံတစ်ခုကိုပေးစွမ်းနိုင်မှာပါ။

မင်းကြိုက်တာလုပ်လို့ရတယ်၊ ကြိုက်တဲ့အခ ျိန်လုပ်လို့ရတယ်၊ ကြိုက်သလိုကိုလုပ်လို့ရတယ်။ အခြားသောခရီးသွားဖော်ပါလာရင်လုပ်ရတာအဆင်မပြေတာတွေမ ျိုးတွေပေါ့။

အတွယ်အတာတွေနည်းပါးချိန်၊ တာဝန်တွေနည်းသေးခ ျိန်မှာခရီးတစ်ယောက်ထဲသွားနိုင်တုန်းလေးသွားသင့်ပါတယ်။

၄) မြို့ အသစ်တစ်ခုစီသို့ပြောင်းရွေ့ နေထိုင်ကြည့်ပါ။

မြို့ အသစ်ကိုေြ့ပာင်းတာနဲ့ အတော်တော်မ ျားမ ျားအသစ်တွေဖြစ်သွားမှာပါ။ သူငယ်ခ ျင်းသစ်၊လုပ်ဖော်ကိုင်ဖက်အသစ်၊ အလုပ်သစ်၊ နေထိုင်မှုဓလေ့စရိုက်အသစ်၊စားသောက်ဆိုင်အသစ် နှင့်အခြားအသစ်သစ်တွေကြုံတွေ့ ရမှာပဲဖြစ်ပါတယ်။

ဘဝမှာလိုအပ်တဲ့အတွေ့အကြုံသစ်တွေရရှိမှာပဲဖြစ်ပါတယ်။ ကိုယ်မကြိုက်ခဲ့ဘူးဆိုလည်းကိုယ့်ရဲ့ နယ်မြေဟောင်းကိုပြန်ပြောင်းရွေ့ နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။

၅) တူရိယာအသစ်တစ်ခုခုစမ်းတီးမှုတ်ကြည့်ပါ။

သင်ကအနုပညာပါတ်သက်တဲ့သွေးမပါလာသော်လည်းသင့်ဘဝမှာဂီတတူရိယာတစ်ခုခုစမ်းကြည့်ပြီးတီးမှုတ်ဖူးမှာပါ။ အဆင်မပြေတဲ့အတွက်သာလက်လေ ျာ့လိုက်တာပဲဖြစ်မှာပါ။ အဲ့ဒီအတွက်နဲ့ တော့စိတ်မလေ ျာ့လိုက်ပါနဲ့။ သင်နဲ့ ကိုက်ညီတဲ့တူရိယာတစ်ခုခုရှိမှာပါ။ စမ်းသပ်လေ့လာကြည့်ပါ။

သင်သာတူရိယာတစ်ခုခုတီးမှုအသုံးပြု တတ်လာပြီဆိုရင်တော့ရှိတဲ့ပွဲတွေမှာသင်တတ်ကျွမ်းမှုအသစ်ကိုဖော်ထုတ်တဲ့အခါသင်ပေ ျာ်ရွှင်ရပါလိမ့်မယ်။

၆) သူမ ျားတွေသိပ်သွားလေ့မရှိတဲ့နေရာသွားကြည့်ပါ။

အခ ျို့ လူတွေကတော့မွေးရာပါရဲသူမ ျားဖြစ်ပြီးတောတောင်နယ်မြေသစ်တွေကိုသွားဖို့တစ်ကယ်ကိုဝန်မလေးသူမ ျ ားဖြစ်ကြပါတယ်။ သင်လည်းတစ်ခေါက်လောက်တော့နယ်မြေအသစ်တွေစမ်းသွားကြည့်ပါ။ အကြိုက်တွေ့ရင်လည်းသင့်ဘဝရဲ့ နှစ်သက်ပေ ျာ်ရွှင်မှုအသစ်တစ်ခုတွေ့ရမှာဖြစ်ပြီးသင်အကြိုက်မတွေ့ ကြောင်းဘာကြောင့်အကြိုက်မတွေ့ကြောင်းသင်ရှာဖွေတွေ့ ရှိမှာပဲဖြစ်ပါတယ်။

၇) အဆက်သွယ်ပြတ်နေတဲ့ငယ်ပေါင်းသူငယ်ခ ျင်းနဲ့ ခရီးသွားပါ။

အကြောင်းအမ ျိုးမ ျိုးကြောင့်အဆက်သွယ်ပြတ်နေတဲ့အထက်တန်းကေ ျာင်းကသူငယ်ခ ျင်းပဲဖြစ်ဖြစ်၊ တက္ကသိုလ်ကသူငယ်ခ ျင်းပဲဖြစ်ဖြစ်ခ ျစ်ရသောငယ်သူငယ်ခ ျင်းတွေနဲ့ တကူးတကပြန်ခ ျိန်းပြီးခရီးထွက်ပါ။

ကမ်းခြေလေးမှာမုန့်တွေစားရင်းငယ်အကြောင်းတွေပြောရင်းပေ ျာ်ရွှင်ဖွယ်ငယ်ဘဝကအမှတ်တရလေးတွေကိုသတိရရင်းအခ ျိန်တွေကိုကြည်းနူးစွာဖြတ်သန်းကြည့်သင့်ပါတယ်။

၈) ဝိုင်အကြောင်းလေ့လာပါ။

အသက်အရွယ်ကြီးလာတာနဲ့ အမ ျှ ဘီယာတွေအရက်တွေသောက်တာထက်စာရင်ဝိုင်လေးသောက်ရင်းပွဲလမ်းသဘင်တွေမှာပြောဆိုဆက်ဆံကြတာကိုတွေ့ရမှာပါ။ အဲ့ဒီလိုလူမှုဆက်ဆံရေးနယ်ပါယ်တည့်ခင်းဧည့်ခံတဲ့ဝိုင်တွေအကြောင်းကိုလေ့လာထားရင်တော့မိတ်ဆက်စကားပြောတဲ့နေ့ရာတွေမှာပိုပြီးလွယ်ကူအဆင်ပြေစေမှာပါ။

ပြီးတော့လည်းသောက်လို့ကောင်းတယ်လေ။

၉ ) မိဘရဲ့ ဘီဒိုကိုမေ ွှနှောက်ပြီးရှေးဟောင်းဒီဇိုင်းတွေဝတ်ကြည့်ပါ။

မိဘရဲ့ ဘီဒိုထဲမှာသူတို့ငယ်ငယ်တုန်းကဝတ်ထားတဲ့အဝတ်အစားတွေကိုမွှေနှောက်ပါ။ အခုခေတ်မှာပြန်လည်ရောက်ရှိလာတဲ့အရင်တုန်းကရေးပန်းစားခဲ့တဲ့ဒီဇိုင်းတွေရှိရင်တစ်ကယ်ကိုယူပြီးဝတ်သင့်ပါတယ်။ သင်လည်းအသက်အရွယ်ကြီးလာတဲ့အခါအဲ့ဒီအဝတ်အစားတွေတော်ခ ျင်မှာတော်တော့မှာပါ။

သင်ဝတ်ထားတာကိုမိဘတွေတွေ့ရင်လည်းငယ်ကအတိတ်အကြောင်းလေးတွေသတိရပြီးသူတို့လွမ်းဆွတ်တမ်းတပီတိဖြစ်မိမှာပါ။

၁၀) မိသားစုဇစ်မြစ်ကိုစုံစမ်းပါ။

ကိုယ်တွေငယ်တုန်း၊ လူကြီးတွေအသက်ရှင်တုန်းအသိဉာဏ်တွေကောင်းတုန်းအခ ျိန်မှာမိသားစုရဲ့ ဇစ်မြစ်ကိုတတ်နိုင်သလောက်မေးမြန်းပါ။

အဲ့ဒါတွေကိုသေခ ျာမှတ်သားလေ့လာပါ။ ပုံတွေကိုသိမ်းထားပါ။ အသံဖမ်းထားပါ။ထိုကဲ့သို့ပြုလုပ်မှလည်းနောင်တစ်ခ ျိန်ကိုယ်အသက်အရွယ်တွေကြီးလာပြီးကိုယ့်သားသမီးတူတွေတူမတွေကိုပြန်လည်ရှင်းပြနိုင်မှာပဲဖြစါပါတယ်။

၁၁) သူကူညီခ ျင်တဲ့ခေါင်းစဉ်တစ်ခုကိုရှာပါ။ ရံပုံငွေတည်ထောင်ပါ။

သစ်ပင်နဲ့ စိုက်ပ ျိုးရေးကိုစိတ်ဝင်စားတာလား။ ကလေးတွေလား။ တိရိစ္ဆာန် တွေပဲလား။ သောက်သုံးရေလား။ က ျန်းမာစွာနေထိုင်စားသောက်ခြင်းလား စတဲ့ကိုယ်စိတ်ပါဝင်စားတဲ့ခေါင်းစဉ်ကိုရွေးခ ျယ်လိုက်ပါ။ အခ ျိန်ပေးပြီးလုပ်ဆောင်ကြည့်ပါ။ ကောင်းတာလုပ်တယ်ဆိုတာဟာသူမ ျားအတွက်ကောင်းသလို ကိုယ့်ကိုယ်အတွက်လည်း စိတ်ကိုအင်မတန်မှခွန်အားတိုးစေပြီးပိုမိုပေ ျ ာ်ရ့ွှင်စေပါတယ်။အလုပ်နှင့်လူမှုရေးမ ျားအပြင်မိမိစိတ်ဝင်စားရာလေးတစ်ခုကိုအားသွန်ခွန်စိုက်လုပ်မိတော့လည်းစိတ်ကိုနိုးကြားတက်ကြွစေပါတယ်။

ရန်ပုံငွေရှာခြင်းဖြင့်ပွဲတွေစီစဉ်တတ်လာမယ်၊ လူသစ်တွေစီကနေပိုက်ဆံတောင်းတတ်လာမယ်၊ ညှိနှိုင်းဆွေးနွေးတတ်လာမယ်၊ တီထွင်ကြံဆတတ်လာမယ်၊ ပြီးတော့လည်းမိတ်ကောင်းဆွေကောင်းအသစ်တွေလည်းတိုးလာနိုင်ပါတယ်။ အသက် ၂၀ ကေ ျာ်မှာဒီလိုပွဲတွေစီစဉ်ခြင်းအားဖြင့်သင့်ကို အတတ်ပညာသစ်တွေသာမကပဲယုံကြည်မှုတွေပါရရှိလာစေမှာပဲဖြစ်ပါတယ်။

၁၁) သင်အားက ျရတဲ့လူတစ်ယောက်ဆီမှာအလုပ်လုပ်ပါ။

ပညာတွေရအောင်သင်ပါ။ ပါးပါးနပ်နပ်နှင့်အနီးကပ်ဆည်းပူးလေ့လာနိုင်အောင်ကြိုးစားပါ။ ဒီအရွယ်မှာပညာအသစ်တွေသင်ယူဖို့တအားကောင်းတဲ့အရွယ်ပဲဖြစ်ပါတယ်။ လစာကောင်းတာကိုသာကြည့့်ပီးအလုပ်ကိုမရွေးလိုက်ပါနဲ့။ ကိုယ်မ ျားများသင်ယူလို့ရမယ့်အလုပ်ကိုသာရွေးခ ျယ်ပါ။

၁၂) ကလေးတွေနဲ့ အခ ျိန်ဖြုန်းပါ။

ကလေးတွေကသင့်ကိုအထင်ကြီးပါလိမ့်မယ်။ကလေးတွေကအသက်နှစ်ဆယ်ကေ ျာ်လူကြီးတွေကိုကပ်ခ ျင်ကြပါတယ်။ အသက်သုံးဆယ်ကေ ျာ်လူကြီးတွေကြတော့သိပ်ကပ်လေ့မရှိပါဘူး။ အခုသင်အသက်နှစ်ဆယ်အရွယ်မှာသူတို့အတွက်သင်ကသိပ်ကိုမိုက်တဲ့၊ဆွဲဆောင်မှုရှိတဲ့၊ နည်းပညာတွေကျွမ်းတဲ့ရီရယ်တဲ့လူကြီးတစ်ယောက်ပေါ့။

သူတို့နားနေတဲ့အခါလောကမှာအရာအားလုံးကိုလေးနက်စွာစဉ်းစားနေစရာမလိုပဲပေါ့ပေါ့ပါးပါးပေ ျာ်ရွှင်စွာနဲ့ နေထိုင်လို့ရတယ်ဆိုတာကိုတွေ့ရတဲ့အတွက်သင့်စိတ်တွေပေါ့ပါးလာပါလိမ့်မယ်။

၁၃) တစ်ခုခုစစုစောင်းပါ။

ကြိုက်နှစ်သက်ရာတစ်ခုခုသာစစုဆောင်းလိုက်ပါ။ သင်အသက်ကြီးလာတာနဲ့ အမ ျှသင့်ရဲ့ စုဆောင်းမှုတွေကအဖိုးတန်လာပါလိမ့်မယ်။

၁၄) ဟင်းခ ျက်နည်းမ ျားလေ့လာပါ။

တစ်ခါတစ်ရံဟင်းခ ျက်ခြင်းဟာစိတ်ဖိစီးမှုကိုသက်သာစေပြီးသင်ခ ျစ်ရသောသူတွေအတွက်ကိုသင်အကောင်းဆုံးပြင်ဆင်ပေးနိုင်မှာဖြစ်တဲ့အတွက်သူတို့ခုံမင်နှစ်သက်စွာစားတဲ့အခါသင်ကြည့်ပြီးပေ ျာ်ရွှင်ရမှာပါ။

အသက်ကြီးလာတာနှင့်အမ ျှပွဲလမ်းသဘင်တွေပိုပြီးစီစဉ်လာရတိုင်းလည်းသင်ရဲ့ ဟင်းခ ျက် Skills တွေကိုထုတ်ပြနိုင်လာဦးမှာပါ။

၁၅) နှစ်စဉ်နှစ်တိုင်းနိုင်ငံအသစ်တွေစီသွားပါ။

အခြားနိုင်ငံတွေကိုသွားမယ်လို့ကြားလိုက်တာနဲ့ စရိတ်စကတွေကိုပြေးမြင်မိမှာပါ။ အခုခေတ်ကြီးထဲမှာခရီးသွားရာတွင်ကုန်က ျစရိတ်အသက်သာဆုံးနည်းလမ်းတွေအမ ျားကြီးရှိပါတယ်။ဟိုတယ်စရိတ်တွေ၊ လေယဉ်ပ ျံစရိတ်တွေနဲ့ အခြားသောစရိတ်တွေသက်သာစေမည့်နည်းလမ်းတွေကိုရှာကြံပြီးမတူညီတဲ့ယဉ်ကေ ျးမှုတွေထွန်းကားတဲ့နိုင်ငံသစ်ကိုနှစ်စဉ်သွားလည်သင့်ပါတယ်။

အသက်ကြီးလာတာနှင့်အမ ျှခရီးထွက်ဖို့ဆိုတာခက်သထက်ခက်လာမှာဖြစ်ပါတယ်။ ငယ်တုန်းသွားလာနိုင်တုန်းပိုက်ဆံကုန်မှာကိုပဲမစဉ်းစားပဲစုဆောင်းကာနိုင်ငံအသစ်မှာအတွေ့ အကြုံ သစ်တွေကိုသွားရောက်သင်ယူလေ့လာသင့်ပါတယ်။

၁၆) အသစ်သင်ယူထားတဲ့ဘာသာစကားကိုစမ်းကြည့်ပါ။

လူတော်တော်မ ျားမ ျားကဘာသာစကားအသစ်တွေသင်ယူတတ်ကြပေမယ့်လည်းအဲ့ဒီသင်ယူထားတဲ့ဘာသာစကားအသစ်ကိုလက်တွေ့မှာအသုံးခ ျလေ့မရှိပါဘူး၊ ကိုယ်သင်ယူထားဖူးတဲ့ဘာသာစကားကိုစမ်းသပ်ကြည့်နိုင်မယ့်အခွင့်အရေးကိုရှာပီးမိမိဘယ်လောက်သိသေးလဲတတ်သေးလဲဆိုတာဆန်းစစ်သင့်ပါတယ်။

၁၇) အဝေးကြီးကိုခရီးထွက်ပါ။

သင့်ရဲ့ နိုင်ငံနဲ့ လုံးဝကိုမတူတဲ့နိုင်ငံသို့ခရီးသွားကြည့်ပါ။ ဓလေ့ထုံးစံအသစ်၊ ဘာသာစကားအသစ်၊ မြင်ကွင်းအသစ်တွေဖြစ်နေတော့သင့်အတွက်လုံးဝကိုထူးခြားတဲ့အတွေ့အကြုံခံစားမှုအသစ်တွေကိုပေးစွမ်းနိုင်မှာပါ။

၁၈) သင့်ပုံတူပန်းချီကားဆွဲပါ သို့ဓါတ်ပုံရိုက်ပါ။

သင်ကအမြဲတမ်းလှနေမည်ဆိုသော်လည်းဒီထက်ပိုမငယ်သွားမှာတော့က ျန်းသေပါတယ်။ အဲ့ဒီအတွက်ကြောင့်သင့်ရဲ့ ငယ်ရွယ်နုပ ျို မှုကိုဖော်ကြူးနိုင်တဲ့ဓါတ်ပုံကောင်းကောင်းလေးတွေကိုတော့ရိုက်ထားဖို့လိုပါလိမ့်မယ်။

၁၉) ပိုက်ဆံစစုဆောင်းပါ။

အမ ျားစုကအသက်အရွယ်နည်းနည်းကြီးမှာစုဆောင်းကြသော်လည်းအခုအရွယ်ထဲကပိုက်ဆံကစတင်စုဆောင်းပါ။ ဘဏ်မှာပဲဖြစ်ဖြစ်စုဆောင်းမှာ။ဒါမှမဟုတ်တစ်ခ ျန်အက ျိုးမြတ်တွေရလာနိုင်တဲ့စတော့ရှယ်ယာတွေဝယ်ယူစုဆောင်းထားပါ။

ရှာဖွေရသမ ျှပိုက်ဆံတွေကိုသောက်စားသုံးဖြုန်းမပစ်ဖို့အထူးပင်အရေးကြီးပါတယ်။

၂၀) မာရသွန်ပြေးကြည့်ပါ။

မာရသွန်ပြေးခြင်းဖြင့်စိတ်ခွန်အားအတွက်လူခွန်အားအတွက်ပါအက ျိုးကေ ျးဇူးမ ျားစွာရှိတာကိုတွေ့ရပါတယ်။ ကမ္ဘာပေါ်ရှိလူဦးရေ၏ ၁ ရာခိုင်နှုန်းထက်နည်းသောသူတွေသာမာရသွန်ပီးဖူးပါတယ်လို့ပြောနိုင်တာဖြစ်တဲ့အတွက်ဒီလိုအထူးခက်ခဲတယ့်စိန်ခေါ်မှုတစ်ခုကိုလုပ်ကြည့်သင့်ပါတယ်။

သူမ ျားတွေမရဘူးတဲ့ဘဝရဲ့ အတွေ့အကြုံတစ်ခုကိုသင်ခံစားရမှာပါ။ ပန်းဝင်သွားတဲ့အခါလည်းသင်အရမ်းပေ ျာ်ရမှာဖြစ်ပြီးတစ်သက်လုံးကိုသင်သင့်မိတ်ဆွေတွေကိုကြွားနိုင်မှာပဲဖြစ်ပါတယ်။ #20ThingsToDoBefore30 #BaWa101

Source : http://www.mydomaine.com/things-to-do-in-your-20s/slide14

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။