ခေါင်းစဥ်အားလုံး

စွမ်းရည်, စိတ်ဓာတ်ခွန်အား

တွေးတော၊ ကြံစည်၊ ဖန်တီးပါ၊ တည်ဆောက်ပါ။

လူတစ်ယောက်ရဲ့အတွေးအခေါ်ပေါ်မူတည်ပြီး ဘဝတွေမတူကြပါဘူး။ အတွေးအခေါ်ကောင်းတဲ့သူတစ်ယောက်ရဲ့ဘဝဟာ အတွေးအခေါ်မကောင်းတဲ့သူတစ်ယောက်ရဲ့ဘဝနဲ့ ဘယ်လိုမှကို မတူညီနိုင်ပါဘူး။ အတွေးအခေါ်ကောင်းခြင်း၊ မကောင်းခြင်းဟာလည်း စာဖတ်ခြင်း၊ စာမဖတ်ခြင်းနဲ့လည်း သွယ်ဝှိုက်ပတ်သက်မှုရှိနေတယ်လို့ အကြမ်းဖျင်းယူဆလို့ရတယ်လို့ အက်မင်ကတော့ထင်ပါတယ်။

စွမ်းရည် စိတ်ဓာတ်ခွန်အား

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

စာဖတ်မယ်ဆို ဘယ်လိုစာအုပ်မျိုးရွေးဖတ်သင့်သလဲ

စာဖတ်သောလူမျိုးသည် တိုးတက်ပြီး တိုးတက်သောလူမျိုးသည် စာဖတ်ကြသည် ဆိုတဲ့စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ စာဖတ်တဲ့အခါ စဉ်းစားချင့်ချိန်ဉာဏ်ရင့်သန်ပြီး အမှားအမှန်ခွဲခြားနိုင်တာလည်း လူတိုင်းသိကြမှာပါ။ စာဖတ်ခြင်းက ရတဲ့အကျိုးကျေးဇူးတွေက အများကြီးရှိတဲ့အပြင် စာဖတ်သူနဲ့ စာမဖတ်သူူရဲ့ ဘဝကလည်း မတူကွဲပြားသွားလေ့ရှိပါတယ်။ ဟုတ်ပါပြီ။ စာဖတ်သူက စာဖတ်နေကျသူတစ်ယောက်ဆိုရင်တော့ ဘာမှထွေထွေထူးထူးပြောစရာမလိုပါဘူး။ ခုကတော့ စာမဖတ်တဲ့သူတွေအတွက်ပြောပြပေးချင်တာပါ။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

သင့်ကိုယ်သင်ပျိုးထောင်ပါ။

သင့်ကိုယ်သင် ပျိုးထောင်ပါဆိုတဲ့စကားလေးက ပြောရလွယ်သလောက် လုပ်ရတာတော့ ခက်ပါတယ်။ ဒါပေမယ့် ခက်တာကို လုပ်ဆောင်နိုင်ခြင်းက ကိုယ့်ရဲ့အရည်အသွေးတွေကို ထက်မြက်လာစေနိုင်တယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဘာကြောင့် သင့်ကိုသင်ပျိုးထောင်ပါဆိုတဲ့ဆောင်းပါလေးကို ဖော်ပြပေးရသလဲဆိုရင် တော်တော်များများက ထိုအချက်ကို သိပါတယ်။ သိပေမယ့် နေ့စဉ်လူမှုကိစ္စအ၀၀နဲ့ ရှုပ်ထွေးနေတဲ့အခါမှာ သိနေရက်နဲ့ မလုပ်ဖြစ်ကြပါဘူး။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

လူနေမှုဘဝ

ဘယ်တော့မှ မိန်းကလေးတစ်ယောက်ကို မပြောသင့်သော စကားများ

မိန်းကလေးတစ်ယောက်ကို လုံးဝမပြောသင့်တဲ့စကားမျိုးတွေရှိပါတယ်။ သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုး၊ သူ့ရဲ့ပုံပန်းသဏ္ဍန်သွင်ပြင်ကို ချိုးနှိမ်ပြီးပြောဆိုတာမျိုး၊ သူမရဲ့အကျင့်စရိုက်ကို အပြစ်ပြောတာမျိုး စသည်ဖြင့်ပေါ့။ အဲဒီ့တော့ ဘယ်လိုစကားမျိုးတွေက မိန်းကလေးတွေကိုမပြောသင့်ဘူးလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။

လူနေမှုဘဝ

စွမ်းရည်, ကျန်းမာရေး, လူနေမှုဘဝ, ကိုးကားစာများ

မှတ်ဉာဏ်ကောင်းစေရန်

မှတ်ဉာဏ်ကောင်းခြင်းက သင့်ရဲ့ကျန်းမာရေးနဲ့ သင့်ဦးနှောက်ပေါ်မူတည်နေပါတယ်။ မှတ်ဉာဏ်ကောင်းဖို့အတွက် လုပ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်ချက်တွေနဲ့ အခြားအချက်တွေအများကြီးရှိပါတယ်။ အဲဒီ့ထဲကမှ အသက်အရွယ်အရွေးလုပ်နိုင်တဲ့အချက် ၉ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ကျန်းမာရေး လူနေမှုဘဝ ကိုးကားစာများ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

စိတ်ပုတ်သူတို့နဲ့ ရင်ဆိုင်ရလျှင် ဘယ်လိုလုပ်မလဲ။

လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ သင်ကြားဖူးမှာပါ။ လူတွေရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး လူအမျိုးမျိုးရယ်လို့ ဖြစ်လာရတာပါ။ သင်ဘယ်လောက် အနိုင်ယူယူ အပြုံးမပျက်တုံ့ပြန်တဲ့သူမျိုးလား၊ သင်ကမှန်အောင်နေပါရက်နဲ့ သင့်ကိုမှ မဟုတ်တမ်းတရားတွေပြောပြီး စွပ်စွဲတတ်သူမျိုးလား၊ သင်အဆင်မပြေချိန်မှာတော့ သင့်ကိုအရမ်းသနားပြနေပြီး သင်တိုးတက်အောင်မြင်လာတော့ မနာလိုခြင်းတွေနဲ့အတူ သင့်ကို မုဒိတာမပွားနိုင်ဘဲ သင့်အနားက ဆုတ်ခွာသွားတဲ့သူမျိုးလား စသည်ဖြင့် လူတွေရဲ့စိတ်ထားပေါ်မူတည်ပြီး လူအမျိုးမျိုးရယ်လို့ဖြစ်လာရတာပါ။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အခြားသူများဆီက Respect လိုချင်လျှင်

ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာ “အချင်းချင်း respect ရှိဖို့လိုတယ်…..” ဆိုတဲ့စကားက မကြာခဏကြားဖူးနေကျဖြစ်မှာပါ။အကြမ်းအားဖြင့် လူကြီးသူမတွေနဲ့ဖြစ်ဖြစ်၊ ကိုယ်ရဲ့အထက်လူကြီးနဲ့ဖြစ်ဖြစ်၊ ကိုယ့်ထက် အသက်အရွယ်အရ၊ ဝါအရ ကြီးတဲ့သူမျိုးဆိုရင် လေးစားစွာဆက်ဆံတတ်ရပါတယ်။အမှန်တော့ ရွယ်တူချင်းလည်း လေးစားမှုထားသင့်ပါတယ်။ ကိုယ်တိုင်က လေးစားသင့်တဲ့သူတွေကို လေးစားစွာဆက်ဆံတတ်သလိုပဲ၊ ကိုယ့်ကို အခြားသူတွေက ပြန်ပြီး လေးစားမှုထားတာမျိုးကို လူတိုင်းကလိုချင်တတ်ကြပါတယ်။ အဲဒါကြောင့် ကိုယ့်ကို အခြားသူများလေးစားအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာလေးကို ဖော်ပြပေးချင်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ

အအေးမိ ဖျားနာလျှင် ဘာတွေလုပ်သင့်သလဲ။

အအေးမိ ဖျားနာခြင်းက ဆေးခန်းသွားကုသရင်တောင် ဆေးသောက်နေရင်းနဲ့ လည်ချောင်းနာတာ၊ နှာစေးနှာပိတ်တာမျိုး၊ ကိုယ်လက်ကိုက်ခဲတာမျိုး စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တတ်ပါသေးတယ်နော်။ အဲဒီလို ဆိုးကျိုးတွေကို ဆေးကုသနေရင်းခံစားရတဲ့အခါ သက်သာအောင် အိမ်မှာနေရင်းလုပ်လို့ရမယ့်အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ

စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

Virgin Group (Virgin Airline) ၏တည်ထောင်သူ Richard Branson ၏အဆိုအမိန့်များ။

Richard Branson ရဲ့ ဘဝနဲ့ပတ်သက်တဲ့အဆိုအမိန့်လေးတွေကို ဖတ်ကြည့်ပြီး ဘဝကို ဘယ်လိုခံယူကြိုးစားခဲ့လည်းဆိုတာ သုံးသပ်ကြည့်လိုက်ရအောင်ပါ။

စိတ်ဓာတ်ခွန်အား ကိုးကားစာများ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ကျန်းမာရေးနှင့်ပါတ်သက်သောအရာများသည် ရှက်စရာမဟုတ်ပါ။

ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုတဲ့စကားလိုပါပဲ ကျန်းမာမှသာ ကိုယ်သွားတိုင်းစိတ်ပါ၊ ကိုယ်လုပ်ချင်တာတွေကို လုပ်လို့ရမှာပါ။ မကျန်းမာရင်တော့ စိတ်ကသာ ရှိပေမယ့် ကိုယ်ကမလိုက်နိုင်ဘဲ ကိုယ့်ကိုကိုယ်အားမရဘဲ စိတ်တိုဒေါသထွက်ရတာ တစ်ဒုက္ခဖြစ်ရပြန်ပါတယ်။ ကျန်းမာရေးကိုလည်း ငွေနဲ့ဝယ်မရနိုင်ပါဘူးနော်။ အဲဒါကြောင့်ကျန်းမာခြင်းက လာဘ်တစ်ပါးလို့ပြောကြတာပါ။ ဒါပေမယ့် ကျန်းမာရေးက အရေးအင်မတန်ကြီးလှမှန်းသိကြပေမယ့် တစ်ခါတစ်လေကျတော့ မရှက်သင့်ဘဲ ရှက်တတ်ကြတဲ့မြန်မာလူမျိုးတွေမှာ မဖြစ်သင့်တာတွေလည်း ဖြစ်တတ်ကြပါတယ်။ ရှက်ရှက်နဲ့ဖုံးကွယ်ထားတတ်ကြလို့ အချိန်လွန်မှ သိပြီး အသက်ရှုံးဆုံးကြတာမျိုးတွေတောင် ရှိပါတယ်။ အဲဒါကြောင့် ကျန်းမာရေးနဲ့ပတ်သက်လာရင် ရှက်စရာမဟုတ်ပါဘူးဆိုတဲ့အကြောင်း ဒီဆောင်းပါးလေးနဲ့ဖော်ပြလိုက်ရပါတယ်။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ကျွန်တော်မချေတတ်ပါဘူး။

လောကကြီးမှာ လူရယ်လို့ဖြစ်လာရင် တစ်ယောက်နဲ့တစ်ယောက် စိတ်ဓါတ်တွေ၊ ခံယူချက်တွေ၊ အတွေးအခေါ်တွေ အမျိုးမျိုး ကိုယ်စီရှိတတ်ကြပါတယ်။ ပွင့်လင်းလာတဲ့ အခုခေတ်ကြီးမှာ ကိုယ့်ဘဝသည်ကိုယ်ပိုင်တာမို့ ကိုယ်ကြိုက်တာလုပ်ခွင့်ရှိတယ် ဆိုတဲ့ ခံယူချက်တွေ ရှိလာကြပါပြီ။ ထိုအတွေးအခေါ်ကလည်း အတိုင်းအတာ တစ်ခုထိ တကယ်ကောင်းတယ်လို့ ထင်ပါတယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အခြားသူများ ကောင်းမှုတွေ များများလုပ်အောင် ဘယ်လိုတိုက်တွန်းမလဲ။

ပရဟိတဆိုတာ အထူးတလည်ကြီး ငွေတွေအများကြီးနဲ့ လူတွေအများကြီးကို ပေးဆပ်လှူဒါန်း၊ အလှူအတန်းအကြီးကြီးလုပ်၊ ပွဲတွေနဲ့ စည်ကားအောင် လုပ်တာမျိုးကို ဆိုလိုတာလို့ အက်မင်ကတော့မယူဆပါဘူး။ (အက်မင်တစ်ယောက်တည်းရဲ့အယူအဆပါနော်) ပရဟိတဆိုတာ ကိုယ်နိုင်သလောက်လေးနဲ့လည်း အခြားသူများအတွက် အခြားသူများအကျိုးရှိမယ့်ကိစ္စ (အကြီးအသေးမခွဲခြားဘဲ) မျိုးလုပ်ပေးချင်စိတ်ရှိတာ၊ လုပ်ပေးတာမျိုးကို ခေါ်တယ်လို့ ယူဆပါတယ်။ ငွေတွေအများကြီးရှိမှ၊ ဖောင်ဒေးရှင်းကြီးရှိမှ၊ လူတွေအများကြီးပါမှ လုပ်နိုင်တာမျိုးကို မဆိုလိုပါဘူးနော်။ ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ….ကိုယ်တွေကြောင့် အခြားမပြည့်စုံ၊ လိုအပ်နေသူတွေ လိုအပ်နေတာလေး တခုခုရသွားစေချင်တဲ့စိတ်ကိုလည်း ပရဟိတစိတ်လို့ ခေါ်နိုင်တာပါပဲ။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။