ဘဝထဲကနေထုတ်ပစ်သင့်သော သင့်ဘဝကိုပျက်စီးစေမည့် လူ ၅ မျိုး
သင်သည် သင်ပုံမှန်အချိန်အတူတူအများဆုံးဖြုန်းလေ့ရှိသည့်လူ ၅ ဦး၏ပျမ်းမျှပင်ဖြစ်သည်ဟုအဆိုအမိန့်တစ်ခုရှိပါတယ်။ သင်ကြိုက်သည်ဖြစ်စေ၊မကြိုက်သည်ဖြစ်စေ သင်နှင့်ဘဝတွင်ဆက်စပ်ပါတ်သက်မှုရှိသူတို့သည် သင့်ဘဝတွင်အကျိုးသက်ရောက်မှု ရှိကိုရှိပါသည်။ သင့်ဘဝရဲ့ အကျိုးရှိလှတဲ့အချိန်တွေကို ဖြုန်းတီးစေသောထိုကဲ့သို့သောသူတို့ကို ရှောင်ကျဉ်ရမှာပဲဖြစ်ပါတယ်။ မပေါင်းသင့်သောမိတ်ဆွေအဖော်တို့သည် အချိုရည်များနှင့်လွန်စွာတူပေသည်။ ဆေးလိပ်နှင့်မူးယစ်ဆေးဝါးတို့သည် လျင်မြန်စွာသင့်ကျန်းမာရေးကို ထိခိုက်စေသော်လည်း အချိုရည်တို့သည် တဖြည်းဖြည်းဖြင့်သင့်၏ကျန်းမာရေးကိုထိခိုက်စေမှာပဲဖြစ်ပါတယ်။ အဲ့သလိုပဲ မပေါင်းသင့်သောမိတ်ဆွေတို့နှင့် အတူတူကြာရှည်စွာလက်တွဲမိလျှင် သင်လည်းတစ်ဖြည်းဖြည်း အဆိပ်အတောက်နှင့်ပြည့်နှက်သော လူတစ်ဦးအဖြင့်ပြောင်းလဲသွားနိုင်ပါတယ်။
၁) အတင်းအဖ ျင်းပြောရတာအလွန်ဝါသနာပါသောသူ
အတင်းအဖ ျင်းပြောသူမ ျားကိုသင်ဘယ်နားသွားသွားတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ သူတို့သည်သင်နှင့်အတင်းအဖ ျင်းများကိုတိုးတိုးတိတ်တိတ်ပြောခြင်းအားဖြင့်သူနှင့်ရင်းနှီးသယောင်ခံစားမှုမ ျိုးကိုပေးပါလိမ့်မည်။ မသာယာမိလိုက်ပါနှင့်။
ထိုသူသည်အခြားသူအကြောင်းကိုသင်နဲ့ ပြောပီးသင်ကေ ျာပေးလိုက်တာနှင့်သင့်မကောင်းကြောင်းကိုလည်းအခြားသူများနှင့်ပြောရန်ဝန်လေးမည်လုံးဝမဟုတ်ပါ။
သင်ကအားနာပါးနာနှင့်လက်ခံပြောဆိုလိုက်လ ျှင်လည်းသင့်ဆီခဏခဏလာပြောနေတော့မှာပဲဖြစ်ပါတယ်။ အဲ့ဒီလိုမ ျိုးသင်သူနှင့်အပြောအဆိုအဆက်ဆံမ ျားတာကိုအခြားသူမ ျားတွေ့လ ျှင်လည်းသင့်ကိုပါအတင်းအဖ ျင်းပြောတတ်သူဟုအခြားသူမ ျားကပါထင်မြင်ပြီးသင့်၏ဂုဏ်ဒြပ်ကိုပါထိခိုက်စေမှာဖြစ်ပါတယ်။
ထိုကဲ့သို့အတင်းအဖ ျင်းပြောခြင်းဖြင့်လည်းသင့်ရဲ့ တန်ဖိုးရှိလှတဲ့အခ ျိန်တွေကိုအက ျိုးမဲ့စွာကုန်ဆုံးစေမှာပဲဖြစ်ပါတယ်။ တစ်ကယ်ကိုမပေါင်းသင်းသင့်တဲ့သူတွေထဲမှာအတင်းအဖ ျင်းပြောတဲ့သူတွေကထိပ်ဆုံးကနေပါပါတယ်။
၂) လှုံဆော်ကြိုးကိုင်အသုံးခ ျတတ်သူ
လှုံဆော်ကြိုးကိုင်အသုံးခ ျတတ်သူတို့သည်သင့်ကိုရိုးသားစွာခင်မင်ခြင်းမဟုတ်ပဲသူတို့လိုခ ျင်တာတွေအတွက်သင့်ကိုအသုံးခ ျမည့်သူမ ျိုးပဲဖြစ်ပါတယ်။ အဲ့လိုလူစားမ ျိုးမ ျားနှင့်သင်ကြာကြာပေါင်းသင်းနေမည်ဆိုပါကသူတို့စိတ်အလိုက ျနောက်ကိုလိုက်ရန်သာသင့်ကိုပုံသွင်းမည်ဖြစ်ပြီးသင်သူတို့ကိုသာအခ ျိန်ပြည့်ဖြည့်စွက်ပေးရမည့်သူသာဖြစ်လာပါလိမ့်မယ်။ သင်ရဲ့ ခံစားခ ျက်၊ အတွေးအခေါ် နှင့်လိုအင်တွေကိုသူတို့ဂရုပြုမည်မဟုတ်ပါ။
လှုံဆော်ကြိုးကိုင်အသုံးခ ျတတ်သူတို့သည်သူတို့၏လိုအင်ပြီးပြည့်စုံဖို့အတွက်ဘေးပါတ်ဝန်းက ျင်တွင်ရှိသောသူတွေရဲ့ နစ်နာနာက ျင်မှု များကိုငဲ့ညှာလေ့မရှိပဲဘယ်သူသေသေငတေမာရင်ပီးတာပဲဆိုတဲ့အမူအက ျင့်မ ျိုုးရှိကြသူတွေပဲဖြစ်ပါတယ်။ကြိုးကိုင်လှုံဆော်နည်းအမ ျိုးမ ျိုးအနက်မိမိကသနားစစဖွယ်ပုံစံလေးဖြင့်ဟန်ဆောင်နေထိုင်ပြတဲ့ပုံစံမ ျိုးကတော့တွေ့ရလေ့အရှိဆုံးပဲဖြစ်ပါတယ်။
ဥပမာတစ်ခုအနေနဲ့ အဆိပ်အတောက် Relationship တွင်နစ်မြုပ်နေသောသူငယ်ခ ျင်းအကြောင်းလေးပြောပြခ ျင်ပါတယ်။သူ့ကောင်မလေးကအလွန်တရာမှထိန်းချုပ်နှိပ်ကွပ်ပြီးအနိုင်ယူလေ့ရှိသူတစ်ယောက်ပါ။ ကောင်လေးကလမ်းခွဲမည်လုပ်တိုင်းအကြောင်းအမ ျိုးမ ျိုးပြကာမထွက်သွားအောင်ကြိုးကိုင်ထားပါတယ်။ တစ်ခါတစ်ရံမ ျားဆိုက ျန်းမာရေးမကောင်းဘူးဟုလိမ်လည်ဟန်ဆောင်ထားတဲ့အတွက်ကြောင့်စိတ်ထားကောင်းတဲ့ကောင်လေးမှာထွက်မသွားရက်တော့ပဲအခ ျိန်ပေးစောင့်ရှောက်ပေးပါတော့တယ်။
အဲ့ဒီလိုမိမိကိုမရိုးမသားနှင့်ကြိုးကိုင်တတ်သူတွေကိုအပေါင်းအသင်းအဆက်အဆံမလုပ်ပဲရုန်းထွက်နိုင်ဖို့ ရုန်းထွက်တတ်ဖို့တော့လိုပါလိမ့်မယ်။
၃) ဝေဖန်လေကန်အပြစ်တင်သူ
သင်ဘယ်လောက်ကောင်းတာတွေလုပ်လုပ်ပြောပြော သင့်ကိုဝေဖန်အပြစ်ပြောမယ့်သူတွေတန်းစီပြီးရှိနေမှာပါ။
အဲ့ဒီလိုမကောင်းဝေဖန်တတ်တဲ့လူတွေကတော့သင်ရဲ့ အခြေအနေနဲ့ အဖြစ်အပ ျက်တွေကိုစာနာနားလည်ပေးမှာမဟုတ်ပဲသင်ဘာလုပ်၊သင်ဘာမလုပ်ခဲ့တာတွေသာဒေါက်ထောက်ကြည့်နေမှာပဲဖြစ်ပါတယ်။ အဲ့ဒီလိုလူတွေနားနေလ ျှင်သင်အရမ်းကိုစိတ်ဓါတ်က ျရပါလိမ့်မည်။ သူတို့ကိုပေ ျာ်အောင်လည်းသင်ထားနိုင်မှာမဟုတ်ပါဘူး။သူတို့နဲဆက်ဆံလို့အကြောင်းအရာတစ်ခုခုဖြစ်လာလ ျှင်လည်းသင်ကသာအပြစ်တွေပုံခ ျခံရမှာပဲဖြစ်ပါတယ်။
သင့်ရဲ့ ကြိုးစားအားထားမှုတွေကိုအပြစ်မြင်တတ်သူတွေကကေ ျးဇူးတင်မှာမဟုတ်တဲ့အပြင် အသိအမှတ်တောင်ပြုမှာမဟုတ်တဲ့အတွက် အားလုံးအလကားသဲထဲရေသွန်ဖြစ်သွားတယ်လို့သာသင်ခံစားလိုက်ရမှာပါ။
တစ်ကယ့်ကိုရှောင်က ျည်သင့်တဲ့လူအမ ျိုးအစားပါ။
၄) အပိုတွေပြောတတ်သူ
သေးတဲ့အပြစ်ကိုလည်းကြီးအောင်အက ျယ်ခ ျဲ့ တတ်သူ၊ မဖြစ်နိုင်တာတွေကိုလည်းလေကတိတွေပေးတတ်သူပဲဖြစ်ပါတယ်။ အဲ့ဒီလိုအပိုပြောတတ်တဲ့သူတွေထဲကိုသင့်ပါတ်ဝန်းက ျင်ထဲခေါ်လာမယ်ဆိုရင်တော့ဖြေရှင်းလို့ရ တဲ့ပြသာနာသေးသေးလေးတောင်ကမ္ဘာကြီးပ ျက်တော့မတတ်ပြောနေမှာဖြစ်ပြီး အလုပ်ကိုနှောင့်နှေးကြန့် ကြာစေကာသင့်ကိုစိတ်ဒုက္ခအကြီးအက ျယ်ပေးသူမ ျားဖြစ်တဲ့အတွက်အဝေးဆုံးမှာအဲ့လိုလူမ ျိုးကိုထားခဲ့ဖို့အကြုံပြုခ ျင်ပါတယ်။
၅) ရင်တွင်းဖြစ်မ ျားကိုအလွန့်အကွ ျံဖော်ပြတတ်သူ
ရင်တွင်းခံစားခ ျက်တွေကိုဖော်ပြတတ်ခြင်းသည် မည်သည့် relationship မ ျိုးမဆိုတည်ဆောက်ရာတွင်အလွန်အဖိုးတန်သောလုပ်ရပ်တစ်ခုဖြစ်သော်လည်း တစ်ခါတစ်ရံမှာတော့အချို့ သောသူမ ျားသည်အလွန့်အကွ ျံကိုပြုလုပ်လေ့ရှိပါတယ်။အဲ့လိုလုပ်လေ့ရှိတဲ့သူတွေကတော့သူတို့ ကြုံတွေ့ ခံစားနေရတဲ့အခြေအနေဆိုးကိုညဉ်းတွားနေတာသာရှိပြီးဖြေရှင်းတတ်သူမ ျားဟုတ်လေ့မရှိကြပါဘူး။
မိမိလည်းထိုသူမ ျားနှင့်အပေါင်းအသင်းဆက်ဆံမှုမ ျားလာတဲ့အခါထိုသူတို့အတိုင်းပဲပြသာနာမ ျားကိုခံစားညဉ်းတွားနေခြင်းသာပြုလုပ်တတ်သည့်အလေ့အက ျင့်တစ်ခုကူးစက်လာနိုင်ဖွယ်ရှိပါတယ်။ ဖြစ်ပ ျက်နေသောပြသာနာမ ျားကိုမဖြေရှင်းပဲနေထိုင်နေခြင်းသည်ဘဝတွင်က ျန်းမာစွာနေထိုင်ခြင်းမ ျိုးမဟုတ်ပါ။ ပြသာနာကိုဖြေရှင်းဖို့သင်အကြံဉာဏ်ပေးသော်လည်း "ငါစမ်းလုပ်ကြည့်ပီးသွားပီ" "ဒါကတော့လုံးဝကိုမဖြစ်နိုင်တာ" စသောအကြောင်းပြခ ျက်အမ ျိုးမ ျိုးနှင့်သင့်ရဲ့ အကြံပြု ခ ျက်မ ျားကိုငြင်းဆန်မှာဖြစ်ပြီးသူတို့ကိုစိတ်ညစ်စေသောသူမ ျားဖြင့်အဆက်အသွယ်ဖြတ်မှာမဟုတ်သလို ငွေရေးကြေးရေးအဆင်ပြေသွားစေမည့်အလုပ်သစ်ကိုရှာဖွေကြည့်မှာလည်းမဟုတ်ပါ၊
အထက်တွင်ဖော်ပြထားသောသူမ ျားကိုသင့်ဘဝထဲမှာလက်ခံထားမယ်ဆိုရင်တော့သင်လည်းစိတ်ဆင်းရဲစရာအာရုံနောက်ဖွယ်မ ျားနှင့်ပြည့်နေတဲ့ဘဝနေထိုင်မှုမ ျိုးထဲမှာပိတ်မိသွားမှာဖြစ်တဲ့အတွက်စိတ်ပိုင်းဖြတ်ပြီးဒီလူမ ျားကိုသင့်ဘဝထဲကနေအဆက်အသွယ်ဖြတ်ပစ်ဖို့လိုပါတယ်။
ဒီလိုတန်ဖိုးရှိလှတဲ့တိုတောင်းသောဘဝကြီးကိုပိုင်ဆိုင်ထားချိန်မှာသင့်ရဲ့ ရည်မှန်းခ ျက်တွေကိုအတားအဆီးဖြစ်စေမယ့်လူမ ျ ားကိုတွန်းထုတ်ပစ်ဖို့တိုက်တွန်းလိုက်ပါရစေခင်ဗ ျာ။
#PositiveVibeOnly #BaWa101
Inspired and translated from www.lifehack.org
ပုံကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။