ခေါင်းစဥ်အားလုံး

စိတ်ဓာတ်ခွန်အား, ပုံပြင်တိုများ, လူနေမှုဘဝ

နိုင်ငံတကာ စာအုပ်များတွင် ဖော်ပြထားသော Moral သင်ခန်းစာများပေးသည့် ဇာတ်လမ်းများ (သူငယ်ချင်းကောင်းရှိခြင်း)

သူငယ်ချင်းနှစ်ယောက်က သဲကန္တရတစ်ခုမှာ အတူတူလမ်းလျှောက်လာကြတယ်။ တစ်နေရာအရောက်မှာ သူတို့တစ်ခုခုကို ငြင်းခုံကြပြီး စကားများကြပါလေရော။ အဲဒီ့မှာ သူငယ်ချင်းတစ်ယောက်က အခြားတစ်ယောက်ရဲ့မျက်နှာကို လက်ဝါးနဲ့ရိုက်ထည့်လိုက်ပါတယ်။ အရိုက်ခံလိုက်ရတဲ့သူငယ်ချင်းက နာကျင်သွားပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။

စိတ်ဓာတ်ခွန်အား ပုံပြင်တိုများ လူနေမှုဘဝ

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

သင်ဒီနေ့သာ ဆုံးပါးသွားခဲ့မယ်ဆိုရင် လူတွေသင့်ကို ဘယ်လိုမှတ်မိစေချင်သလဲ။

စာဖတ်သူတွေကောတွေးဖူးရဲ့လား….. “ဒီနေ့သာ သင့်ဘဝရဲ့နောက်ဆုံးနေ့ဖြစ်နေခဲ့မယ်ဆိုရင်….” ဆိုတဲ့အတွေးမျိုးပေါ့။ တွေးကြည့်လိုက်ပါ။ အင်မတန် ကြောက်လန့်စရာကောင်းပါတယ်။ အဲဒါအပြင် ဆက်တွေးရမှာက အဲလိုသာတကယ်ဖြစ်နေခဲ့ရင် “ငါဘာတွေ လုပ်ပြီးပြီလဲ…” ဆိုတာပေါ့။ ဖြစ်ချင်တာတွေ ဘာမှမလုပ်ရသေးပါလား….ဆိုတဲ့အတွေးက ပိုပြီး ကြောက်စရာကောင်းနေမှာပါ။ လူတိုင်းမှာ ဖြစ်ချင်တာလေးတွေ၊ မသေခင်လုပ်ဖြစ်သွားရင်တော်ပါပြီ….ဆိုတဲ့အတွေးလေးတွေနဲ့ တွေးဖူးပြောဖူးကြမှာပါ။ ဒါပေမယ့် ဒီနေ့သာ အသက်ရှင်ဖို့နောက်ဆုံးဖြစ်ခဲ့ရင် အဲဒီ့လို မသေခင်လုပ်ဖြစ်ချင်တာလေးတွေ မလုပ်ရတော့ဘူးဆိုတာမျိုးကြတော့ ဘယ်သူမှ တော်တန်ရုံမတွေးတတ်ကြပါဘူး။ တကယ်တော့ တွေးသင့်ပါတယ်။ အဲလိုတွေးလိုက်မှသာ ကိုယ်ရည်ရွယ်ထားတာလေးတွေ၊ ကိုယ်ဖြစ်ချင်တာလေးတွေလုပ်ဖြစ်ဖို့ တွန်းအားတစ်ခုဖြစ်လာမှာပါ။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

Vitamin A,B,C,D,E,K ပါဝင်သောအသီးအနှံများ

ဒီတစ်ခါမှာတော့ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ ကေ စတဲ့ဗီတာမင်ဓာတ်တွေ ပါဝင်တဲ့အသီးအနှံတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ အဲဒါမာ ဗီတာမင်အေ ဆိုတာနဲ့ ဘာအသီးအနှံတွေဆိုပြီး တွဲမြင်သွားစေချင်တဲ့ စေတနာနဲ့ပါ။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ထိလွယ် ရှလွယ် ပျက်စီးလွယ်တဲ့ “ယုံကြည်မှု” ဆိုသောအရာ

ယုံကြည်မှုဆိုတာက သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူရည်းစား၊ အလုပ်ခွင်၊ မိသားစု စတဲ့အသီးသီးကြားမှာ အရမ်းအရေးပါတဲ့ အရာဖြစ်ပါတယ်။ ယုံကြည်မှုရှိခြင်းကြောင့် အလုပ်တွေလည်း ပိုပြီးတွင်ကျယ်လာနိုင်သလို၊ လူမှုဆက်ဆံရေးမှာလည်း ပိုပြီး ပေါင်းသင်းအဆင်ပြေလာနိုင်ပါတယ်။ မိသားစုမှာလည်း ပိုပြီးချစ်ခင်နွေးထွေးစေလာနိုင်သလို၊ သင့်ချစ်သူနဲ့ ဆိုရင်လည်း သင်ပိုပြီး ချစ်ခင်တတ်လာမှာပါ။ ဒါပေမယ့် အဲဒီ့တန်ဖိုးရှိတဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံလိုက်ရတဲ့ခံစားမှုကလည်း ခံစားဖူးမှ သိတာပါ။ အရမ်းကို ဆိုးဝါးပါတယ်။ ယုံကြည်မှုက လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ခြားထားတဲ့ မှန်လို အလွှာပါးပါးလေးနဲ့တူပါတယ်။ ခြားထားပေမယ့် တစ်ယောက်ကို တစ်ယောက် ယုံကြည်စိတ်ချစွာမြင်နေရမယ်။ ဒါပေမယ့် အထိခိုက်တော့မခံပါဘူး။ ထိခိုက်လိုက်တာနဲ့ တစစီပြန်ဆက်လို့မရအောင် ကွဲကြေသွားနိုင်တာမျိုးပါ။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

အစာမကြေ ရင်ပြည့်ရင်ခဲဖြစ်နေရင် ဘာတွေလုပ်ရမလဲ။

အစာစားပြီးတဲ့အခါ ပြည့်အင့်နေသလိုခံစားရတာမျိုး၊ သင့်ဗိုက်ထဲမှာ သက်တောင့်သက်သာမဖြစ်သလိုခံစားရတာ၊ သင့်အစာအိမ်အထက်ပိုင်းမှာ နာကျင်တာမျိုး၊ ရင်ပူနေတာမျိုး ှ၊ ဗိုက်ထဲမှာ လေတွေပွနေတာမျိုး စတဲ့လက္ခဏာတွေခံစားနေရတယ်ဆိုရင်တော့ သင်အစာမကြေဖြစ်နေပါပြီ။ အဲဒါကို dyspepsia လို့လည်း ခေါ်ပါတယ်။ သင်ဖြစ်နေတဲ့လက္ခဏာတွေပေါ်မူတည်ပြီး ဘယ်လိုကုသမှုမျိုးလုပ်ရမလဲဆိုတာဆုံးဖြတ်ရတာပါ။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကလေးပြုစုပျိုးထောင်ခြင်း, စိတ်ဓာတ်ခွန်အား, ပုံပြင်တိုများ

ကလေးငယ်လေးများကို ပြောပြပေးသင့်သော ပညာပေးဇာတ်လမ်းတိုလေးများ။

၁) ခြင်္သေ့နဲ့ ကြွက်ကလေး ခြင်္သေ့နဲ့ကြွက်ကလေးပုံပြင်လေးက ငယ်ငယ်က ကျောင်းသင်ခန်းစာမှာ သင်ယူခဲ့ရတဲ့ပုံပြင်လေးပါ။ အိပ်ပျော်နေတဲ့ ခြင်္သေ့ကြီး အပေါ်ကို ပြေးလွှားမိတဲ့ကြွက်ကလေးကို ခြင်္သေ့ကြီးက အိပ်ရာကလန့်နိုးပြီး ဖမ်းချုပ်လိုက်ပါတယ်။ အိပ်ရေးပျက်သွားတဲ့အတွက် ဒေါသတကြီးနဲ့ ဖမ်းချုပ်လိုက်တဲ့ခြင်္သေ့ကြီးကို ကြွက်ကလေးက “သူမှားသွားပါတယ်။ သူ့ကိုမစားပါနဲ့” ဆိုပြီးတောင်းပန်ပါတယ်။ အဲဒီ့အခါမှာ ခြင်္သေ့ကြီးက “မင်းကိုလွှတ်ပေးလိုက်ရင် ငါ့ကိုဘာပြန်ပေးနိုင်မှာလဲ” ဆိုပြီး မေးပါတယ်။ ကြွက်ကလေးက သူ့ကိုလွှတ်လိုက်ရတဲ့အကျိုးကို တစ်နေ့ခြင်္သေ့ကြီးပြန်ခံစားရမှာပါလို့ ပြောခဲ့ပါတယ်။ ကြွက်ကလေးရဲ့အပြောကို ခြင်္သေ့ကြီးက လှောင်တဲ့အနေနဲ့ အော်ရယ်လိုက်ပါတယ်။ “ မင်းလို့ ပိစိညှောင့်တောက် ကြွက်ကလေးတစ်ကောင်ကများ ငါ့ကို ဘာပြန်ုလုပ်ပေးနိုင်မှာလဲ” လို့ပြောခဲ့ပြီး “ကဲ…..ဒီတစ်ခါတော့ လွှတ်ပေးလိုက်မယ်၊ နောက်တစ်ခေါက်ဆို နာမယ်မှတ်” ဆိုပြီး လွှတ်ပေးခဲ့လိုက်ပါတယ်။ ကြွက်ကလေးကလည်း ခြင်္သေ့ကြီးက အသက်ကို ချမ်းသာပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပြီး ပြေးထွက်သွားခဲ့ပါတယ်။ တစ်နေ့မှာတော့ အစာရှာနေတဲ့ခြင်္သေ့ကြီးဟာ မုဆိုးရဲ့ပိုက်ကွန်မှာ အဖမ်းခံရပါတော့တယ်။ ပိုက်ကွန်က ခြင်္သေ့ကြီးရဲ့တစ်ကိုယ်လုံးကို ချုပ်ထားသလိုဖြစ်နေတဲ့အတွက် ခြင်္သေ့ကြီးက ရုန်းနေတာက အချည်းနှီးပါပဲ။ ဒေါသအရမ်းထွက်တဲ့ခြင်္သေ့ဟာ အော်ဟစ် ဟိန်းဟောက်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။ အဲဒီ့အချိန်မှာ ခြင်္သေ့ကြီး လွှတ်ပေးခဲ့တဲ့ကြွက်ကလေးက ခြင်္သေ့ကြီးရဲ့ ဟိန်းဟောက်သံကြောင့် အနီးနားကိုပြေးလာခဲ့ပါတယ်။ ခြင်္သေ့ကြီးကိုမြင်တဲ့အခါ သူ့အသက်ကို လွှတ်ပေးခဲ့တဲ့ခြင်္သေ့ကြီးကို ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်။ ကြွက်ကလေးက သူ့ရဲ့သွားတွေနဲ့ ခြင်္သေ့ကြီးရဲ့အပေါ်က ပိုက်ကွန်တွေကို ကြိုးစားပမ်းစား ကိုက်ဖြတ်ပါတော့တယ်။ နောက်ဆုံးမှာတော့ မုဆိုးမလာခင်မှာဘဲ ကြွက်ကလေးကိုက်ဖြတ်ပေးခဲ့လို့ ခြင်္သေ့ကြီးက လွတ်မြောက်သွားခဲ့ပါတယ်။ ခြင်္သေ့ကြီးက အကောင်သေးတယ်ဆိုပြီး အထင်သေးခဲ့မိတဲ့မင်းကို ငါတောင်းပန်ပါတယ်။ တခါတလေကျတော့ လောကမှာ အကောင်သေးပေမယ့် သူ့နေရာနဲ့သူ အသုံးတည့်တယ်ဆိုတာ ငါသိပါပြီဆိုပြီး တောင်းပန်သွားပါတော့တယ်။ ဒီပုံပြင်လေးကြောင့် လောကမှာ လူတိုင်းက အဆင့်နှိမ့်သည်ဖြစ်စေ၊ အဆင့်မြင့်သည်ဖြစ်စေ၊ သူ့နေရာနဲ့သူ တန်ဖိုးရှိကြပါတယ်ဆိုတဲ့ မက်ဆေ့လေးကို ရသလို၊ တခါလောက် အကြင်တရားထားလိုက်ခြင်းက တစ်ချိန်မှာတောင် ပြန်လည်အကျိုးရှိနိုင်တယ်ဆိုရင် လူတိုင်းအပေါ်အကြင်နာထားဆက်ဆံခြင်းက ဘယ်လောက်များအကျိုးများလိုက်မလဲဆိုတဲ့မက်ဆေ့လေး ရပါတယ်။ #Bawa101

ကလေးပြုစုပျိုးထောင်ခြင်း စိတ်ဓာတ်ခွန်အား ပုံပြင်တိုများ

ကျန်းမာရေး, လူနေမှုဘဝ

သွားပုံမှန်တိုက်ခြင်း၏ကျေးဇူးများ

သွားကျန်းမာရေးနဲ့ခံတွင်းကျန်းမာရေးက ဆက်စပ်နေပါတယ်။ ခံတွင်းကျန်းမာရေး၊ အာခံတွင်းသန့်ရှင်းရေး၊ သွားကျန်းမာရေးကို ဂရုစိုက်ခြင်းက သင်မထင်မှတ်ထားတဲ့အကျိုးတွေအများကြီးရှိပါယ်။ သွားကိုဂရုမစိုက်ပစ်ထားမိခြင်းက ဆိုးကျိုးတွေအများကြီးရှိပါတယ်။

ကျန်းမာရေး လူနေမှုဘဝ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းကို ဘယ်လိုလက်တွဲကူမလဲ။

အရမ်းကို ခေတ်မီတိုးတက်လာတဲ့ ဒီနေ့ခေတ်ကြီးမှာ အရာရာတိုးတက်ပြီး လိုချင်တပ်မက်စရာတွေများလာပါတယ်။ ပြိုင်ဆိုင်မှုတွေ၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးမှာ အားလုံးက တိုးတက်နေတာ ကောင်းပေမယ့် ဆိုးကျိုးတွေလည်း အများကြီး ဖြစ်လာပါတော့တယ်။ အဲဒီ့ထဲကမှ လူနေမှု၊ ပညာရေး၊ ငွေကြေး၊ စီးပွားရေးအစစမှာ အားလုံးတိုးတက်သလို ၊ လူတိုင်းက လိုက်မတိုးတက်နိုင်တဲ့အခါမှာ စိတ်ဓာတ်ကျဆင်းလာမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ ပူပန်မှုများလာတွေ ဖြစ်လာပါတော့တယ်။ သူများဝတ်သလို ဝတ်ချင်တယ်၊ မဝတ်နိုင်တဲ့အခါ အားငယ်မှု၊ သူများ စားသလိုစားချင်တယ်၊ မစားနိုင်တဲ့အခါ စိတ်ဓာတ်ကျမှု၊ သူများ စီးပွားရေးအဆင်ပြေတယ်၊ ကိုယ်က အဆင်မပြေတဲ့အခါ ၊ လိုချင်မှုတွေကို မဖြည့်ဆည်းနိုင်တဲ့အခါ အလိုလို အပျက်ဘက်ကို ရောက်လာပါတော့တယ်။ အဓိကကတော့ လူတွေရဲ့စိတ်တွေပါပဲ။ တိုးတက်မှုနောက်ကို လိုက်နိုင်တဲ့သူက ပျော်နေပေမယ့် ဆိုးကျိုးတွေရှိသလို၊ တိုးတက်မှုနောက်ကို မလိုက်နိုင်ခြင်းကလည်း ဆိုးကျိုးတွေမျိုုးစုံကို ဖြစ်လာစေတော့တာပါပဲ။ အဲဒါကြောင့် ဒီနေ့ခေတ်မှာ စိတ်ဓတ်ကျခြင်းလို့ခေါ်တဲ့ depression ဆိုတာက ရောဂါတစ်မျိုးအဖြစ်တောင် နာမည်တပ်လာရတဲ့အထိပါပဲ။ သင့်ပတ်ဝန်းကျင်မှာလည်း ထိုကဲ့သို့ စိတ်ဓာတ်ကျနေတဲ့ပြဿနာကို ရင်ဆိုင်နေရတဲ့ သူငယ်ချင်းမျိုးတွေ့တဲ့အခါ အားပေးကူညီပေးဖို့ အချက်လေးတွေကိုဖော်ပြလိုက်ပါတယ်။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စိတ်ဓာတ်ခွန်အား, ဇာတ်ကားများ

စီးပွားရေးစိတ်ဝင်စားသူတွေကြည့်ကိုကြည့်သင့်သည့်ရုပ်ရှင်ကား ၁၈ ကား

လူတိုင်းရုပ်ရှင်ကြည့်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ အခ ျို့ ရုပ်ရှင်တွေက အပန်းဖြေမှုတစ်ခုဆိုတာထက်ကိုပိုတဲ့ ခံစားမှုတွေ၊ အသိအမြင်တွေကို ကြည့်ရှုသူတွေကို ရရှိစေပါတယ်။ အခုဖော်ပြပေးမှာကတော့ စီးပွားရေးကို စိတ်ဝင်စားသူတွေ၊ စီးပွားရေးလုပ်ငန်းနယ်ပယ်ကသူတွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကား (၁၀) ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းတွေမပြောနေတော့မပါဘူး။ ကြည့်တဲ့အခါဖီးလ်ပ ျက်သွားမှာဆိုးလို့ပါ။ 1. The Wolf of Wall Street 2. Tucker: The Man and His Dream 3. The Insider 4. The Big Short 5. Office Space 6. It’s A Wonderful Life 7. The Smartest Guys in the Room 8. The Godfather 9. Barbarians at the Gate 10. Joy 11. There Will Be Blood 12. Inside Job 13. The Social Network 14. Thank You For Smoking 15. Up In The Air 16. Wall Street 17. Jerry Maguire 18. Boiler Room စီးပွားရေးဗဟုသုတွေပေးနိုင်တဲ့ဇာတ်ကားကောင်းကောင်းတွေသိတယ်ဆိုရင်ဒီပို့စ်အောက်မှာ မန့်သွားပေးပါအုံးနော်။

စိတ်ဓာတ်ခွန်အား ဇာတ်ကားများ

စွမ်းရည်, ကျန်းမာရေး, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ဘဝကရိုးရိုးလေးပါ

တကယ်တော့ ဘဝက ရိုးရိုးလေးပါပဲ။ အောင်မြင်ချင်တယ်ဆိုရင် အခွင့်အရေးကို ထိုင်စောင့်နေရုံနဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဘာတွေက ဘယ်လိုရိုးရှင်းသလဲဆိုတာ ပုံလေးတွေကိုထောက်ပြီးကြည့်လိုက်ပါအုံး။ #Bawa101

စွမ်းရည် ကျန်းမာရေး လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကမ္ဘာပေါ်မှာ တန်ဖိုးရှိဆုံးအရာ

ကမ္ဘာပေါ်မှာ လူတိုင်းပေါပေါများများရနေပြီး တန်ဖိုးအရှိဆုံးအရာတစ်ခုကို သဘာဝတရားကြီးက လူတိုင်းကိုမျှမျှတတပေးထားပါတယ်။ အသုံးချတတ်တဲ့သူက ပြည့်ဝစွာရရှိသွားပြီး အသုံးမချတတ်သူကတော့ အလကားကုန်ဆုံးသွားတော့တာပါပဲ။ ထိုအရာကတော့ စိန်စီထားသော နာရီများဆိုတဲ့ အချိန်ပါပဲ။ ငယ်ငယ်တုန်းက စိန်စီထားသော နာရီများဆိုတဲ့ အသုံးအနှုန်းကို အပြည့်အဝနားမလည်ခဲ့ပါဘူး။ ဘာလို့များတန်ဖိုးရှိတယ်ပြောတာလဲ ဆိုပြီး စဉ်းစားခဲ့ဖူးပါတယ်။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

Single life ကိုဖြတ်သန်းခြင်းရဲ့ ကောင်းကျိုးများ

Single ဖြစ်လို့ အပေါင်းအသင်းတွေကြားမှာ မျက်နှာငယ်နေရသလား။ မပူပါနဲ့…..single ဖြစ်နေတဲ့အတွက် relationship ဖြစ်နေတဲ့သူတွေထက် သာတဲ့အချက်တွေအများကြီး ရှိပြီးသားပါ။ တကယ်တမ်းတော့ relationship သမားတွေက သင့်ရဲ့single life ကို တိတ်တိတ်လေး အားကျနေရတာကို သင်သိရဲ့လား။ သင်က ခုချိန်ထိ single သမားတစ်ယောက်ဆိုရင်တော့ ဒီဆောင်းပါးလေးကို Share ပြီး လက်မထောင်လိုက်ပါတော့နော်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။