မိတ်ဆွေတုမှန်းဘယ်လိုသိနိုင်မလဲ။

အပေါင်းအသင်းမိတ်ဆွေဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ ရှိသင့်ရှိထိုက်တဲ့ အရေးပါသူတွေဖြစ်ပါတယ်။ သူငယ်ချင်းမိတ်ဆွေကောင်းတွေက ကိုယ့်ရဲ့ဘဝကို တိုးတက်ကောင်းမွန်အောင်ကူညီပေးနိုင်ပေမယ့် မိတ်ဆွေတုတွေကတော့ ကိုယ့်ရဲ့ဘဝကို ဆုတ်ယုတ်ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် အပေါင်းအသင်းများသူတစ်ယောက်အနေနဲ့ ကိုယ့်သူငယ်ချင်းမိတ်ဆွေတွေထဲမှာ ရှိကောင်းရှိနေနိုင်မယ့် မိတ်ဆွေတုတွေကို ဘယ်လိုဖော်ထုတ်နိုင်မလဲဆိုတဲ့ အချက်လေးတွေကို ပြောပြလေးလိုက်ပါတယ်။


၁။ ကိုယ့်ကိုချောင်ထိုးထားတတ်တယ်

အပေါင်းအသင်းတွေဆုံကြတဲ့အခါမျိုးမှာ ကိုယ့်ထက်သာသူကို အလေးပေးဆက်ဆံပြီးတော့ ကိုယ့်ကိုကြ ဘေးဖယ်ထားတတ်ကြပါတယ်။ တစ်နည်းပြောရရင် မိတ်ဆွေတုတွေဟာ သာတဲ့ဘက်ကိုလိုက်ကြသူတွေပါ။

၂။ တစ်ဖက်သတ်ဆန်တယ်

ကိစ္စတစ်ခုခုဆို ကိုယ်ကပဲ အစီအစဉ်ဆွဲသူ၊ ကြိုးစားရသူဖြစ်ပါတယ်။ ကိုယ်ကပဲ စပြီး မက်ဆေ့ချ်ပို့၊ ဖုန်းစခေါ်၊ စကားစပြော လုပ်ရပါတယ်။ အရာရာ ကိုယ့်ကိုပဲ ခေါင်းခံခိုင်းပြီး သူတို့ကတော့ ရေသာခိုတတ်ကြပါတယ်။

၃။ လိုအပ်ချိန်မှာရှောင်ဖယ်ကြတယ်

ကိုယ်ကတော့ ခင်မင်မှုအရ သူတို့လိုအပ်ချိန်မှာ ကူညီဖေးမခဲ့ပေးပေမယ့် ကိုယ်အခက်အခဲကြုံလာတဲ့အခါ၊ အကူအညီလိုအပ်လာတဲ့အခါ မိတ်ဆွေတုတွေဆီက တူညီတဲ့တုံ့ပြန်မှုမျိုး ပြန်မရပါဘူး။ အယူသာရှိပြီး အပေးမရှိတဲ့သူတွေဖြစ်ကြပါတယ်။

၄။ အလွန်အမင်း ပြိုင်ဆိုင်တတ်တယ်

မိတ်ဆွေတုတွေဟာ ကိုယ့်ထက်အမြဲသာနေချင်သူတွေဖြစ်ပါတယ်။ အရေးမပါတဲ့ ကိစ္စလေးတွေမှာတောင် ကိုယ်နဲ့လိုက်ပြိုင်ဆိုင်နေတတ်ပါတယ်။ စကားပြောတဲ့အခါမှာလဲ အပေါ်စီးက ပြောဆိုလေ့ရှိကြတယ်။

၅။ ကတိမတည်ဘူး

ကိုယ်ကဘယ်လောက်ပဲ စနစ်တက ျအစီအစဉ်တွေဆွဲထားပါစေ၊ သူတို့ကြောင့် ပ ျက်ရလေ့ရှိပါတယ်။ ပေးထားတဲ့ ကတိတွေဘယ်တော့မှ တည်လေ့မရှိပါဘူး။ အကြောင်းပြခ ျက် ခိုင်ခိုင်မာမာမရှိပဲ ကတိဖ ျက်လေ့ရှိပါတယ်၊ ဒီ့အတွက်လဲ ပြန်တောင်းပန်လေ့မရှိပါဘူး။

၆။ နှုတ်မလုံသူတွေဖြစ်တယ်

မိတ်ဆွေတုဆိုတာ လွယ်လွယ်သိနိုင်တဲ့ တစ်နည်းကတော့ သူတို့တွေဟာ နှုတ်မလုံကြပါဘူး။ ဒါကြောင့် အကြောင်းကိစ္စကြီးငယ်ကို ရင်ဖွင့်တိုင်ပင်ဖို့ မယုံကြည်ရသူတွေ ဖြစ်ပါတယ်။

၇။ အတင်းပြောတတ်ကြတယ်

ကိုယ့်ရဲ့အကြောင်းကို ကိုယ်လဲမပြောပဲနဲ့ အခြားအပေါင်းအသင်းတွေက သိနေပြီဆိုရင် သေချာပါတယ်၊ အုပ်စုထဲမှာ အတင်းပြောတတ်သူတစ်ယောက်တော့ ရှိနေပါပြီ။ ကိုယ့်ကွယ်ရာမှာ ကိုယ့်အတင်းကို အခြားအပေါင်းအသင်းတွေကိုပြောမယ်၊ အခြားသူတွေရဲ့အတင်းကိုကြ ကိုယ့်ကိုလာပြောပြန်ပါတယ်။

၈။ မနာလိုတတ်သူတွေ

ကိုယ့်ရဲ့ အောင်မြင်မှုကို ဝမ်းသာပေးရမယ့်အစား၊ မနာလိုဖြစ်ကြပါတယ်။ ကိုယ်က သူတို့တွေထက် ပိုအောင်မြင်သွားမှာ၊ သာသွားမှာကို ကြောက်ကြပါတယ်။

၉။ ကိုယ့်ကိုယ်ကို လေးစားမှုလေ ျာ့စေတယ်

မိတ်ဆွေတုတွေဟာ ကိုယ့်အပေါ် မကောင်းတဲ့ မှတ်ချက်တွေ အဆိုးသဘောပြု ဝေဖန်မှုတွေကိုသာ ပြုလုပ်လေ့ရှိပါတယ်။ မိတ်ဆွေတုတွေနဲ့ ပေါင်းတာများလာရင် ကိုယ့်ကိုယ်ကို လေးစားမှု၊ ယုံကြည်မှု လေ ျာ့လာစေနိုင်ပါတယ်။

၁၀။ ကိုယ့်ကိုယ်ကို အသုံးမက ျဘူးလို့ ခံစားမိစေတယ်

အပေါင်းအသင်းမိတ်ဆွေ အစစ်အမှန်ဆိုတာ ကိုယ့်ကိုဖေးမကူညီ ပေးရမှာပါ။ မိတ်ဆွေတုတွေကတော့ စိတ်ဓာတ်က ျအောင် သိမ်ငယ်စိတ်ဝင်အောင်သာ ပြုမူပါတယ်။

ခြုံပြောရလို့ရှိရင် မိတ်ဆွေတုတွေဟာ သူတို့ရဲ့ ကိုယ်က ျိုးအတွက်သာ ကိုယ့်ကိုပေါင်းသင်းသူတွေဖြစ်ပါတယ်။ သူငယ်ခ ျင်းတို့လဲ မိတ်ကောင်းဆွေကောင်းများနဲ့သာ တွေ့ဆုံရပြီး မိတ်ဆွေတုများရန်မှ ကင်းဝေးနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ #BAWA101

? ( BaWa101 )

Source: “Ways to tell if you have fake friends,”society19.com မှဘာသာပြန်ဖော်ပြပါသည်။

ပုံကိုအွန်လိုင်းမှကူးယူဖော်ပြထားပါသည်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။