Short touching Story about smile

စစ်မှန်တဲ့အလှတရားဆိုတာ…..ဘာများဖြစ်မှာပါလိမ့်။ တခါတလေ ဘဝမှာ အဲဒီလိုအတွေးမျိုးများဝင်ဖူးကြမလား။ လူတိုင်းလူတိုင်းဟာ လူတကာကြားထဲမှာ ထင်းခနဲထင်ပေါ်နေလောက်အောင် လှပတဲ့အလှတရားမျိုးကို လိုချင်ကြမှာပါ။ ရှေးဘဝက ကုသိုလ်ကြောင့် ယခုဘဝမှာ အများကြားထင်ပေါ်ကျော်ကြားသလို လှပတဲ့အလှတရား၊ ရုပ်ရည်သွင်ပြင်ပိုင်ဆိုင်ထားသူကတော့ ကံကောင်းသူလို့ပြောလို့ရပါတယ်။


ဒါပေမယ့်လည်း ကုသိုလ်အားနည်းခဲ့လို့ ယခုဘဝမှာ သူတကာထက်မလှမပတိုင်းလည်း ကံမကောင်းသူလို့ ပြောလို့မရပြန်ပါဘူး။ အထူးသဖြင့် လူငယ်လူရွယ်တွေကြားထဲမှာ တွေးတတ်ကြပါတယ်။ ကိုယ့်ရဲ့ပြင်ပသွင်ပြင်အားနည်းချက်ကြောင့် ကိုယ့်ချစ်သူက ထားခဲ့တာမျိုး၊ ကိုယ်တဖက်သတ်စွဲလမ်းရသူက ပြန်ပြီး မေတ ္တာပြန်မထားနိင်တာမျိုး ကြုံလာရတဲ့အခါ ဘယ်သူ့ကိုဒေါသထွက်လို့ထွက်ရမယ်မှန်း ဖြစ်ဖူးကြမှာပါ။
ဖတ်ခဲ့ဖူးတဲ့ ဝတ ္တုတိုလေးတစ်ပုဒ်အကြောင်းပြောပြပေးချင်ပါတယ်။ အဲဒီ့ဝတ ္တုတိုလေးဖတ်ပြီးသွားတဲ့အခါမှာတော့ ကိုယ့်ကိုကိုယ်ယူကြုံးမရခြင်းတွေ ပျောက်ခြင်းမလှပျောက်သွားမှာပါ။
ဆရာမ မစန ္ဒာရဲ့ အလှတရားကိုတွေ့ရှိခြင်း ဆိုတဲ့ ဝတ ္တုလေးကို ဖတ်ပြီးတဲ့နောက်မှာ စစ်မှန်တဲ့အလှတရားက ဘာလဲဆိုတာ နားလည်သွားမှာပါ။
ဓာတ်ဆီဆိုင်မှာ တန်းစီနေတဲ့အချိန်မှာ ဝတ ္တုထဲကဇာတ်ကောင် ကျော်ဇေယျဟာ ကောင်မလေးတစ်ယောက်ကို စတင်မြင်ဖူးခဲ့ပါတယ်။ ထိုကောင်မလေးနာမည်ကတော့ “အေးမယ်…”ပါတဲ့။ မြင်မြင်ချင်းမှာပဲ ကျော်ဇေယျက အင်မတန်ရုပ်ဆိုးတဲ့ကောင်မလေးတစ်ယောက်လို့ တိတ်တိတ်လေးတွေးလိုက်မိပါတယ်။ မိုးကလည်း သဲသဲမဲမဲမဟုတ်ပေမယ့် ဖွဲဖွဲလည်းမကတော့ ကားပေါ်ကဆင်းပြီး ဓာတ်ဆီစာအုပ်ထပ်ရမှာကို ပျင်းနေတဲ့ကျော်ဇေယျကို ရုပ်ဆိုးမလေး အေးမယ်…..က အပြုံးလေးတစ်ခုဆင်မြန်းလျက် ဖြတ်ပိုင်းကူဖြတ်ပေးဖို့ပြောခဲ့ပါတယ်။ အသားလေးမည်းရုံ၊ နဖူးလေးမောက်ရုံ၊ သွားလေးခေါရုံ အပြင်ပန်းသွင်ပြင်အရတော့ ရုပ်ဆိုးတယ်လို့သာ မြင်ရတဲ့ အေးမယ်….ဟာ အပြုံးလေးတစ်ခုဆင်မြန်းလို့ ဆီဆိုင်ထဲတန်းစီသမျှ ကားတစ်ချို့ကို အေးမယ်က ကူညီပေးနေတဲ့သူပါ။ သူ့အတွက်လဲ မုန့်ဖိုးရတဲ့အတွက် အဆင်ပြေသွားတာမို့ပါ။ ကျော်ဇေယျမှာ ရုပ်ဆိုးပေမယ့် အပြုံးလေးတစ်ခုနဲ့စေတနာပါပါကူညီတတ်တဲ့ အေးမယ်….ကို ထိုနေရာကနေမှ သတိထားမိသွားခဲ့ပါတယ်။ ကျော်ဇေယျကလည်း ထိုဆီဆိုင်ကိုမကြာမကြာဆီသွားထည့်ရင်းမှ အေးမယ်ဆိုသော ကောင်မလေးကိုပိုပြီး ရင်းနှီးကာ သူမအကြောင်းသိလာရမှ စိတ်ထားကောင်းသူမှန်းသိလာရပါတယ်။ အေးမယ်ရဲ့အလုပ်က အရင်းအနှီးလည်းမလို….လူလည်းသက်သာ….တွက်ခြေလည်းကိုက်တာမို့ သိပ်မကြာခင်မှာပင် အေးမယ်လိုမျိုး အပြိုင်အဆိုင်တွေရောက်လာတော့တာပါပဲ။ အဲဒီလိုနဲ့ပဲ အေးမယ်ဆိုသောကောင်မလေးကို ဆီဆိုင်မှာမတွေ့ရတော့ပေ။
ဆီဆိုင်မှ အေးမယ်ပျောက်သွားရသောအကြောင်းအရင်းကိုဘာမှန်းမသိရေကျော်ဇေယျကတော့ လွယ်လွယ်လက်လျှော့ပေးသွားသော အေးမယ်အတွက် အားမရဖြစ်မိခဲ့ပါတယ်။
အေးမယ်…နှင့် နောက်တစ်ခေါက်ထပ်တွေ့ရတာတော့ ကျော်ဇေယျ၏ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာဖြစ်ပါတယ်။ အုတ်ခဲခြောက်လုံးဆင့်ရွက်ပြီး သုံးထပ်တိုက်ပေါ်တက်ရသောအလုပ်မို့ ပင်ပန်းသည်ဟုပြောလို့ရသောအလုပ်ပါ။ ကျော်ဇေယျကတော့ အုတ်ပုံဘေးမှာထိုင်နားနေစဉ် အေးမယ်ကို ကျော်ဇေယျမှ သိချင်စိတ်ဖြင့် မေးမိတော့မှ အုတ်ပုံဘေးရှိအုတ်ခဲကြိုးများကို ငေးကြည့်ကာ “သူတို့က ကျွန်မတို့ထက်ပိုဆင်းရဲတယ်…..နောက်ပြီး ကလေးတွေနဲ့”
ဆိုကာ ဆီဆိုင်မှ ကိုယ်အရင်ဆုံးစတင်ခဲ့တဲ့အလုပ်ကို အေးမယ်လက်လျော့အရှုံးပေးခဲ့ရတဲ့ အကြောင်းကိုအစုံသိရလိုက်ပြန်တယ်။ ကျော်ဇေယျစိတ်ထဲမှာတော့ ရုပ်ဆိုးပေမယ့် သူတစ်ဖက်သားကို စနာတတ်တဲ့အေးမယ်ရဲ့မျက်နှာလေးက မြင်ကာစကလောက်ရုပ်မဆိုးတော့ပါလားလို့ တွေးမိတဲ့အထိပါပဲ။
တကယ်တော့ လောကမှာ အရေပြားတစ်ထောက်စာထက် ရင်ထဲကနှလုံးသားလေးတွေသာလှအောင်ပြင်ဆင်ဖို့လိုတယ်ဆိုတာကို ဆရာမက ပြောပြထားပါတယ်။

နောက်ပိုင်းအလုပ်ခွင်ရက်များတွင်တော့ အေးမယ်၏ရုပ်ရည်ကို စနောက်စရာလုပ်ပြီး စနောက်ကြသည်ကို စိတ်မဆိုးဘဲ ပြုံးရယ်နေတတ်သော အေးမယ်ကို ကျော်ဇေယျပိုပြီး ခင်မင်မိလာသလို လုပ်ငန်းခွင်မှလူများကလည်း အေးမယ်ကို ချစ်ခင်ပုံရကြတာမို့ ရုပ်ဆိုးပေမယ့် လူချစ်လူခင်ပေါသောအေးမယ်ကိုတွေ့ရပြန်ပါတယ်။
ရုပ်ဆိုးဆိုး အေးမယ်ကတော့ “ဘဝဆိုတာ ရထားကြီးစီးနေရတာနဲ့တူတယ်တဲ့၊ ဘယ်အချိန် ဘယ်ဘူတာမှာဆင်းရမလဲမသိကြပေမယ့် ဒီရထားကြီးပေါ်ကတော့ အကုန်လုံးပြန်ဆင်းရမှာပဲတဲ့၊ ဒါကြောင့်ရထားစီးနေတုန်းအချိန်လေးမှာ ကောင်းကောင်းနေကြရမယ်တဲ့၊ ကျွန်မငယ်ငယ်က ရထားပေါ်ကဆင်းရမယ့်အချိန်တွေကို ခဏခဏတွေးကြည့်မိတယ်။ အဲဒီ့အချိန်မှာ ဒီရထားကြီးကို ငါကောင်းကောင်းစီးခဲ့တယ်၊ ငါဒုက္ခပေးခဲ့တဲ့သူ၊ ငါ့ကြောင့်စိတ်ဆင်းရဲရတဲ့သူ တစ်ယောက်တောင်မှမရှိခဲ့ဘူးဆိုတဲ့ အတွေးနဲ့ပဲဆင်းချင်တယ်”
ထိုအတွေးမျိုးကို ခံယူထားသူဖြစ်နေပြန်တယ်။
တကယ်တော့ လောကမှာ စစ်မှန်တဲ့အလှတရားဆိုတာ ဘာပါလိမ့်….လို့ စာဖတ်သူကိုယ်ကိုကိုယ်ပြန်တွေးဖြစ်သွားမှာပါ။ ရုပ်ဆိုးမလေး အေးမယ်….က ရုတ်တရက် ကားအက်ဆီးဒင့်တစ်ခုကြောင့် သေဆုံးသွားခဲ့ရပေမယ့် သူမရဲ့နောက်ဆုံးခရီးကို ဝမ်းနည်းခြင်းကြီးစွာနဲ့လိုက်ပို့သူများမှာ ဆီဆိုင်မှအေးမယ်၏အလုပ်ကို အပြိုင်ဝင်လုကြသူများပါ ပါဝင်နေတာကို ကျော်ဇေယျအံ့အားသင့်စွာ တွေ့လိုက်ရပါတော့တယ်။ မေတ ္တာကြီးစွာဖြင့် “သူတော်ကောင်းမလေး….” ဟု ရေရွတ်ကြတဲ့အထိ ရုပ်ဆိုးသူအေးမယ်လေး….စိတ်စေတနာကို အသိအမှတ်ပြုသွားကြပါတယ်။
လောကမှာ အရေးကြီးဆုံးက ငွေတွေချမ်းသာဖို့၊ ရုပ်လှဖို့၊ ပညာတွေတတ်ဖို့ မှန်ပါရဲ့လား။ ကိုယ့်ရဲ့မလှပတဲ့ရုပ်ရည်ကြောင့် ထိုင်ပြီးအားငယ်နေတာကော မှန်ပါရဲ့လား။
စိတ်နှလုံးသားဖြူစင်ခြင်းကသာ စစ်မှန်တဲ့အလှတရားလို့ သိစေချင်ပါတယ်။ အပြုံးလေးဖြူဖြူပြုံးလို့၊ စိတ်နှလုံးကိုဖြူစင်စွာထားခြင်းကသာ တကယ်တမ်းလူတိုင်းက ချစ်ခင်စေမယ့် ကံကောင်းခြင်းဖြစ်လာမှာပါ။ ကိုယ်ထားခဲ့တဲ့ စိတ်ကောင်းစေတနာကသာ ကိုယ့်အတွက်ကြည်ဖြူစွာ ပြန်ရမယ့်ဆုလဘ်တစ်ခုဖြစ်လာပါလိမ့်မယ်ဆိုတာကို ဆရာမက ထိထိမိမိရေးသားပြီး ပညာပေးထားတာဖြစ်ပါတယ်။
မူရင်းလင့်..https://m.facebook.com/groups/393164544354177?view=permalink&id=475351062802191

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။