ဝိတ်ချရာတွင် အထောက်အကူပြုစေသည့် အသီးအနှံ ၁၀ မျိုးအကြောင်း သိကောင်းစရာ

အသီးအနှံတွေက ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတာကတော့ အားလုံးသိပြီးသား အချက်ပါ။ အချို့ သီးနှံတွေကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင် ကိုယ်အလေးချိန်ထိန်းညှိတဲ့နေရာမှာပါ ကူညီပံ့ပိုးပေးနိုင်ပါသေးတယ်။ ဒါကြောင့် ဝိတ်ချရာမှာအထောက်အကူဖြစ်စေတဲ့ သီးနှံ (၁၀) မျိုးကို ဒီတစ်ခေါက်ပြောပြပေးလိုက်ပါတယ်။


၁။ ပန်းသီး
ပန်းသီးက ဝိတ်ချရာမှာ အထောက်အကူပြုနိုင်တဲ့ အကောင်းဆုံးသစ်သီးတစ်မျိုးဖြစ်ပါတယ်။ အမျှင်ဓာတ်များစွာပါဝင်ပြီး ကယ်လိုရီနည်းပါးပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလဲ ပါဝင်ပါသေးတယ်။ သင်ကဝိတ်ချဖို့စိတ်ကူးရှိတယ်ဆိုရင်တော့ ပန်းသီးကသင့်ကို နည်းမျိုးစုံနဲ့ကူညီပေးနိုင်မှာပါ။ တစ်နေ့ကို ပန်းသီးတစ်လုံးမှန်မှန်စားပေးမယ်ဆိုတာနဲ့တင် အဆီပိုတွေကိုကျစေမှာ အသေအချာပါပဲ။
၂။ သစ်တော်သီး
နောက်ထပ်ကိုယ်အလေးချိန်လျှော့ချဖို့အတွက် အထောက်အကူပြုတဲ့ စူပါသစ်သီးတစ်မျိုးကတော့ သစ်တော်သီးပဲ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် သစ်တော်သီးလောက် အမျှင်ဓာတ်ပါဝင်မှုများတဲ့ သီးနှံရှားပါတယ်။ ကြွယ်ဝစွာပါဝင်တဲ့ အမျှင်ဓာတ်ကြောင့် ဗိုက်ပြည့်စေပြီး ဝိတ်ချရာမှာအထောက်အကူပြုပါတယ်။ ပိုတက်စီယမ်ဓာတ်သတ္တိပါဝင်တာကြောင့် ကိုလက်စ်ထရောကိုလျော့ကျစေပြီး နှလုံးကျန်းမာရေးကိုလဲ ကောင်းမွန်စေပါသေးတယ်။
၃။ ငှက်ပေ ျာသီး
အရသာလဲရှိ၊ ကျန်းမာရေးအတွက်လဲကောင်းတာကတော့ ငှက်ပျောသီးပါ။ ငှက်ပျောသီးမှာဆိုရင် ပိုတက်စီယမ်ဓာတ်ရော အမျှင်ဓာတ်ပါ ပါဝင်မှုများပြားပါတယ်။ ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တဲ့ တစ်ခုထဲသော သစ်သီးလဲဖြစ်ပါတယ်။ ဗီတာမင် B6 က ကိုယ်ခံအားကောင်းစေပြီးတော့ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့်မို့ သေးသွယ်လှပတဲ့ခါးလေးနဲ့ ကိုယ်ခံအားကောင်းမွန်ချင်တယ်ဆိုရင် ငှက်ပျောသီးကိုလဲ ပုံမှန်စားသုံးပေးသင့်ပါတယ်။
၄။ စတော်ဘယ်ရီ
ဝိတ်ချရာမှာ အထောက်အကူပြုတဲ့သီးနှံတွေအကြောင်းပြောပြီဆို စတော်ဘယ်ရီကလဲ မပါမဖြစ်ပါ။ စတော်ဘယ်ရီမှာ ဇီဝဖြစ်စဉ်ကိုမြန်ဆန်စေပြီး အဆီပိုတွေကိုလောင်ကျွမ်းစေတဲ့ ဟော်မုန်းဓာတ်တွေပါဝင်ပါတယ်။ ယောင်ယမ်းမှုကို သက်သာစေတဲ့ အင်ဇိုင်းတွေလဲပါဝင်တဲ့အတွက် အတွင်းဒဏ်ရာတွေကိုပါ သက်သာစေနိုင်ပါတယ်။
၅။ ကီဝီသီး
အရသာချိုချိုချဉ်ချဉ်လေးနဲ့ ကီဝီသီးမှာလဲ အမျှင်ဓာတ်တွေပါဝင်တဲ့အတွက် ဝိတ်ချရာမှာ အထောက်အကူပြုပါတယ်။ ကီဝီသီးထဲက အနက်ရောင် အစေ့လေးတွေဟာဆိုရင် အစာကြေလွယ်စေပါတယ်။ ဒါကြောင့် ကီဝီသီးကလဲ ဝိတ်ချတဲ့အခါ စားပေးသင့်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။
၆။ မက်မွန်သီး
မက်မွန်သီးမှာဆိုရင် အမျှင်ဓာတ်၊ ပိုတက်စီယမ်နဲ့ ဗီတာမင်တွေများစွာပါဝင်ပါတယ်။ ဒါကြောင့် ကယ်လိုရီလျော့ diet အတွက် အသင့်တော်ဆုံးသစ်သီးတစ်မျိုးပါ။ ပြီးတော့ antioxidant တွေလဲကြွယ်ဝစွာပါဝင်တဲ့အတွက် သင့်ခန္ဓာကိုယ်ကို အကောင်းဆုံးအနေအထားဖြစ်ဖို့ ကူညီပေးမှာ အသေအချာပါပဲ။
၇။ အုန်းသီး
အုန်းရည်အေးအေးလေးနဲ့ အုန်းသီးဖတ်နုနုလေးတွေဆို အလွန်သောက်လို့ကောင်းတာပေါ့။ အုန်းဆီနဲ့ အုန်းနို့အဖြစ်လဲ စားသုံးနိုင်ပါသေးတယ်။ အသည်းရဲ့ဇီဝဖြစ်စဉ်ကို ၃၀ ရာခိုင်နှုန်းအထိ မြန်ဆန်စေတာမို့ အုန်းသီးဟာဆိုရင်လဲ ဝိတ်ချရာမှာအထောက်အကူပြုတဲ့ သီးနှံတစ်မျိုးပါ။ Saturated fats တွေပါဝင်တာကြောင့် ကျန်းမာရေးနဲ့မညီညွတ်ဘူးလို့ထင်ကြပေမယ့် တကယ်တမ်းကျ အုန်းသီးမှာပါဝင်တဲ့အဆီဟာ ဆိုးကျိုးဖြစ်စေတဲ့ အဆီမျိုးမဟုတ်ပါဘူး။
၈။ လိမ္မော်သီး
လိမ္မော်သီးက ကျန်းမာရေးနဲ့ညီညွတ်တဲ့ သစ်သီးဖြစ်တာကိုတော့ အထူးတလည်ရှင်းပြနေစရာမလိုတော့ပါဘူး။ ဗီတာမင် C နဲ့အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီးတော့ ကိုယ်အလေးချိန်ထိန်းညှိရာမှာ ကောင်းမွန်စွာကူညီပေးနိုင်ပါတယ်။
၉။ သရက်သီး
သရက်သီးမှာ အခြားသစ်သီးတွေထက် သကြားအချိုဓာတ်အနည်းငယ်ပိုမိုပါဝင်ပေမယ့် ချင့်ချိန်စားသုံးမယ်ဆိုရင် ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ အမ ျှင်ဓာတ်၊ ဗီတာမင် C ဗီတာမင် A နဲ့ ကယ်လ်ဆီယမ်ဓာတ်တွေ ပါဝင်ပါတယ်။ ပိန်သွယ်တဲ့ကိုယ်ခန္ဓာလေးကိုပိုင်ဆိုင်ဖို့ ကူညီပေးနိုင်မှာ သေချာပါတယ်။
၁၀။ သင်္ဘောသီး
Antioxidants တွေပေါများစွာပါဝင်တဲ့ သင်္ဘောသီးမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာပါဝင်ပါတယ်။ အစာပို့ဆောင်ရေးကို လွယ်ကူချောမွေ့စေတဲ့ သဘာဝအင်ဇိုင်းတစ်မျိုးပါဝင်တဲ့အတွက် ဝိတ်ချရာမှာ အထောက်အကူပေးနိုင်ပါတယ်။
အခုပြောပြပေးလိုက်တဲ့ စူပါသီးနှံ (၁၀) မ ျိုးကိုရောပြီး fruit salad လုပ်စားမယ်ဆိုရင်တော့ ကိုယ်အလေးချိန်ထိန်းညှိရာမှာ အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပဲဖြစ်ပါတယ်။
ဝိတ်ခ ျမယ်ဆိုတဲ့သူငယ်ခ ျင်းတွေသိအောင်လည်းဒီပို့စ်လေးတွေ့အောင်ရှယ်ပေးလိုက်ပါဦးနော်။ #HealthyLifestyle #BAWA101
? ( BaWa101 )
Source: “Fruits that can help you shed weight,”weightloss.allwomenstalk.com
ပုံကိုအွန်လိုင်းမှကူးယူဖော်ပြပါသည်

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။