သံပုရာသီးစားခြင်းမှ ရရှိနိုင်သော အကျိုးကျေးဇူးများ
သံပုရာသီးမှာ ကိုလက်စထရော ကင်းစင်ပါတယ်။ သံပုရာရည်ဆယ်အောင်စမှာ ကာဗွန်ဟိုက်ဒရိတ် ၂.၅ ဂ၇မ် ပါဝင်ပါတယ်။ အဆီ တစ်ဂရမ်ထက်နည်းပါတယ်။ ပရိုတိန်း နဲ့ အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ ဆိုဒီယမ် တစ်မီလီဂရမ်ပါဝင်ပါတယ်။ ဗီတာမင်စီကြွယ်ဝစွာပါဝင်ပြီး ဗီတာမင်အေ၊ အီး၊ ကေ၊ ကယ်လဆီယမ်၊ ဖောလိတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ Choline ၊ Phosphorus နဲ့ Betaine ဓာတ်တွေပါဝင်ပါသေးတယ်။
ကလေးတွေ မိမိကိုယ်ကို အားကိုးတတ်ဖို့ သင်ပေးပါ။
သင့်ကလေးကို သင်ချစ်လွန်းလို့ ဘာမဆို အကုန်လိုတရဖြစ်အောင် လိုက်ဖြည့်ဆည်းပေးနေမိသလား။ ဒါမှမဟုတ် အိမ်မှာ ဘာမှမခိုင်းရက် မပြုရက်နဲ့ မင်းသားတစ်ပါးလိုထားနေမိသလား။ အဲဒါဆိုရင်တော့ သင်မှားနေပါပြီ။ အဲဒါက သင့်ကလေးကိုချစ်တာမဟုတ်ဘဲ နှစ်တာနဲ့အတူတူပဲဆိုတာ သင်သိပါရဲ့လား။
ဗိုက်တစ်ချိန်လုံးဆာနေလ ျှင်ဘာလုပ်မလဲ
ဖြစ်ဖူးကြမယ်ထင်ပါတယ်….အခုလေးတင် စားစရာတစ်ခုခုစားထားပြီး မကြာခင် နောက်ထပ် ဘာစားရမလဲ…တွေးနေတာမျိုး၊ ဘာစားချင်လို့ စားချင်နေမှန်းမသိတာမျိုး….၊ တစ်ချို့တွေအတွက်တော့ ဝိတ်ချမယ်…ဝိတ်ချမယ်….ပြောတတ်ပေမယ့် တကယ်တမ်း ဘာစားရမလဲ…..တွေးမှန်းတောင်မသိ၊ တွေးမိနေတာမျိုးတွေပေါ့။ ဘာပဲစားစား….ဗိုက်ပြည့်သွားတယ်လို့ မခံစားရဘဲ ဘာထပ်စားရမလဲ…ထပ်တွေးနေမိတာမျိုးက သင့်ရဲ့ခံစားချက်တွေနဲ့ သက်ဆိုင်နေတယ်ဆိုတာ သင်သိပါရဲ့လား။ ဟုတ်ပါတယ်…..ဗိုက်မကြာခဏဆာနေခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာဗေဒအရ ဗိုက်ဆာတာမျိုးမဟုတ်တော့ဘဲ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကြောင့်သာဖြစ်ပါတယ်
အခြေအနေဆိုးတွေကြုံလာတဲ့အခါ အကောင်းဘက်ကနေတွေးနိုင်အောင် လုပ်သင့်သောအချက်များ
လူတိုင်းလိုလို ဆိုးဝါးလှတဲ့အခြေအနေတွေ ကြုံဖူးမှာပါ။ ဘဝက ကောင်းတလှည့်ဆိုးတလှည့်မဟုတ်လား။ ကောင်းတဲ့အခြေအနေမှာတော့ ပြဿနာမရှိပေမယ့် ဆိုးတဲ့အခြေအနေမှာတော့ ကိုယ့်ကိုကိုယ် မဆောက်တည်တတ်တာမျိုး၊ ယူကြုံးမရတာမျိုးတွေ ဖြစ်ရပါတယ်။ အဲလိုအခြေအနေဆိုးမျိုးကြုံရတဲ့အခါ ကိုယ့်ကိုကိုယ်တည်ငြိမ်အောင် ဆောက်တည်ပြီး အကောင်းဘက်ကတွေးနိုင်အောင် လုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
စိုးရိမ်မှုတွေကို လျော့ကျစေမယ့် နည်းလမ်း ၆ချက်
လူတိုင်း စိုးရိမ်ပူပန်တတ်ကြပါတယ်။ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ တွေးတော ပူပန်တတ်ကြတာမို့ စိုးရိမ်ပူပန်မှုတွေကို လျော့ကျအောင် ပြုလုပ်နိုင်မယ့်နည်းလမ်း ၆ချက်ကိုဖော်ပြပေးလိုက်ပါတယ်။
သင့်ကလေးကို နေ့စဉ်ပြောသင့်သော စကား ၉မျိုး
သင်ပြောလိုက်တဲ့စကားတွေက သင့်ရဲ့ကလေးအပေါ် အများကြီးသက်ရောက်မှုရှိနိုင်ပါတယ်။ သင်ကောင်းကောင်းပြောဆိုလိုက်တဲ့စကားတစ်ခွန်းက ကလေးအတွက် အများကြီး အကျိုးရှိပြီး ကလေးကိုပြုပြင်ပေးနိုင်သလို၊ သင်ရဲ့ဆိုးဝါးတဲ့စကားတစ်ခွန်းကနေလည်း ကလေးအတွက် ဘဝတစ်ခုလုံးအထိ သက်ရောက်မှုရှိနေနိုင်ပါတယ်။ ကလေးတစ်ယောက်ကို ထိန်းကျောင်းတဲ့အခါ ချစ်ခင်မှုနဲ့အဓိကထားသွန်သင်ဆုံးမနိုင်တာမို့ ကလေးကို နေ့စဉ်ပြောသင့်သောစကားများကို ဖော်ပြလိုက်ရပါတယ်။
နာမည်ကြီးမင်းသားကြီးများအချို့ ၏ ကောက်နုတ်ချက်များ
အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တွေရဲ့ ကောက်နုတ်ချက်တွေထဲမှာ ကျရှုံးခြင်းတွေ၊ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။#Bawa101
တစ်ဦးတည်းသောကလေးဖြစ်လာတဲ့အတွက် ကောင်းခြင်း၊ ဆိုးခြင်းများ
ဒီနေ့ခေတ်မှာ မိသားစုထဲမှာ သားသမီးတစ်ယောက်တည်းယူတာမျိုးတွေ အတွေ့များလာပါတယ်။ ခေတ်အခြေအနေအရ မိဘများက ပိုပြီး အလုပ်များလာကြတာမျိုး၊ အိမ်ထောင်ပြုပြီးပေမယ့် နည်းပညာတွေ၊ အခြားသင်တန်းတွေ၊ ထပ်ပြီးလေ့လာစရာတွေများတဲ့အတွက် ကလေးအတွက် အချိန်ပေးချိန်သိပ်မရှိတာမျိုးကတစ်ကြောင်း၊ ရှိပြီးသားသားသမီးကိုသာ ချစ်ခြင်းမေတ္တာအရကော ငွေကြေးအရ လုံလောက်ဖူလုံစေချင်တာမျိုးကတစ်ကြောင်း စသည်ဖြင့် အမျိုးမျိုးသောအကြောင်းရင်းတွေကြောင့် ကလေးတစ်ဦးတည်းယူဖြစ်ကြတာများပါတယ်။ အများအားဖြင့် တစ်ဦးတည်းသောကလေးဖြစ်လာတဲ့အတွက် ကောင်းကျိုးထက် ဆိုးကျိုးများတယ်…..ဆိုပြီးပြောတတ်ကြတာတွေ့ရတတ်ပါတယ်။ အဲဒါမျိုးကြောင့် ဒီဆောင်းပါးလေးကို ရေးသားဖော်ပြလိုက်ရပါတယ်။
အရည်အချင်းလား ၊ ကြိုးစားမှုလား … ဘယ်ဟာကပိုအရေးကြီးသလဲ
လူတစ်ယောက် ဘဝမှာ အဓိကလိုအပ်ချက်က ဘာလဲ…..လို့တွေးဖူးကြမယ်ထင်ပါတယ်။ ဘဝအတွက်ရုန်းကန်ရတဲ့အချိန်မှာ လူတိုင်းနီးပါးပြောဖူးတာက ငွေရှိရင်အားလုံးအဆင်ပြေတယ်ဆိုတဲ့စကားပါပဲ။ ငွေကတကယ်တော့ အရေးကြီးပါသလား။ ဘဝမှာငွေကအရေးပါသင့်သလောက်တော့ ပါပါတယ်။ ဒါပေမယ့် ငွေကိုအရမ်းတပ်မက်ပြီး လိုချင်စိတ်တွေများလာပြီဆိုရင်တော့ ဘဝက လမ်းကြောင်းမှားဖို့များလာပါပြီ။ ငွေကိုသာ ရရင်ပြီးကော ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငွေသာအရေးကြီးဆုံး၊ ငွေကိုသာရအောင်ရှာမယ်ဆိုရင် လူတစ်ယောက်ရဲ့ဘဝပျက်ဖို့ အနီးဆုံးဖြစ်နေပါပြီ။