အခြေအနေဆိုးတွေကြုံလာတဲ့အခါ အကောင်းဘက်ကနေတွေးနိုင်အောင် လုပ်သင့်သောအချက်များ
လူတိုင်းလိုလို ဆိုးဝါးလှတဲ့အခြေအနေတွေ ကြုံဖူးမှာပါ။ ဘဝက ကောင်းတလှည့်ဆိုးတလှည့်မဟုတ်လား။ ကောင်းတဲ့အခြေအနေမှာတော့ ပြဿနာမရှိပေမယ့် ဆိုးတဲ့အခြေအနေမှာတော့ ကိုယ့်ကိုကိုယ် မဆောက်တည်တတ်တာမျိုး၊ ယူကြုံးမရတာမျိုးတွေ ဖြစ်ရပါတယ်။ အဲလိုအခြေအနေဆိုးမျိုးကြုံရတဲ့အခါ ကိုယ့်ကိုကိုယ်တည်ငြိမ်အောင် ဆောက်တည်ပြီး အကောင်းဘက်ကတွေးနိုင်အောင် လုပ်သင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၂) ဒီနှစ်ပိုင်းမှာ သင်စွမ်းဆောင်နိုင်ခဲ့တဲ့အရာတွေကို ချရေးပါ။
၃) သင်နှစ်သက်တဲ့အရာတွေကို ချရေးပါ။
၄) အဆိုးဆုံးအခြေအနေတွေကို ကြိုတင်ခန့်မှန်းပါ၊ ထိုအခြေအနေဆိုးတွေအတွက် ဖြေရှင်းနိုင်မယ့်နည်းလမ်း ၃ခုကို ကြိုတင်စဉ်းစားပါ။
၅) ဆိုးဝါးတဲ့စကားလုံးတွေကို နာရီအနည်းငယ်လောက် မေ့ပျောက်ထားလိုက်ပြီးတော့ နာရီပိုင်းလောက်ရုပ်ရှင်ကြည့်လိုက်ပါ။
၆) သင့်ရဲ့စိတ်တင်းကြပ်မှုတွေ ပြေပျောက်သွားအောင် သင်ပြေးနိုင်သလောက် ပြေးကြည့်လိုက်ပါ။
၇) လာမယ့် ငါးနှစ်အတွင်းမှာ သင်ရောက်ချင်တဲ့ပန်းတိုင်ကို ချရေးထားပါ။
၈) အတွေ့အကြုံအသစ်တွေကို စူးစမ်းလေ့လာရန် သင်ရဲ့ဝါသနာအသစ်ကို ရှာဖွေပါ။
#Bawa101