ဆောင်းရာသီအတွက် အသားအရေ ထိန်းသိမ်းနည်းများ။

ဆောင်းရာသီမှာ အရေးပြားတွေက ပိုပြီး ခြောက်သွေ့လွယ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ဖို့လည်း လွယ်ပါတယ်။ အဲဒါကြောင့် ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ အသားအရေပြဿနာတွေကတော့ နှုတ်ခမ်းကွဲခြင်း၊ ဆံသားခြောက်သွေ့ခြင်းနဲ့ အရေပြားခြောက်သွေ့ခြင်းတို့ အဖြစ်များပါတယ်။ အသားအရေထိန်းသိမ်းနိုင်ဖို့ အကောင်းဆုံးဖြစ်ပြီး ရိုးရှင်းတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) Lip Balm လိုနှုတ်ခမ်းလိမ်းဆေးအဆီ လိမ်းပေးပါ။
သင့်နှုတ်ခမ်းကို Lip Balm လိုမျိုး အဆီပါတဲ့ နှုတ်ခမ်းသားစိုစွတ်စေတဲ့အရာမျိုးလိမ်ပေးပါ။ သင့်နှုတ်ခမ်းသားခြောက်သွေ့လာတယ်လို့ခံစားရတိုင်း လိမ်းပေးတာပိုကောင်းပါတယ်။ အဲဒါက သင့်နှုတ်ခမ်းသားအစိုဓာတ်ကို ထိန်းပေးပါလိမ့်မယ်။
၂) Sunscreen လိမ်းပေးပါ။
ဆောင်းရာသီမှာ ရာသီဥတုက ပိုပြီး ပူနွေးလာပါပြီ။ အပြင်ထွက်တာနဲ့ UV rays တွေရဲ့ဒဏ်ကနေ သင့်အရေပြားကို ကာကွယ်ဖို့ sunscreen မဖြစ်မနေလိမ်းသင့်ပါတယ်။
၃) အရေပြားအစိုဓာတ်ထိန်းခရမ်(moisturizer) လိမ်းပေးပါ။
ဆောင်းရာသီမှာ အရေပြားက ပိုပြီးခြောက်သွေ့လွယ်ပါတယ်။ အဲဒါကြောင့် ခြောက်သွေ့အက်ကွဲခြင်းတွေမဖြစ်ပေါ်စေဖို့ အစိုဓာတ်ထိန်းခရမ်လိမ်းပေးပါ။ အထူးသဖြင့် အရေပြားယားယံခြင်းတွေလည်း ဖြစ်နိုင်တာမို့ ရေချိုးပြီးပြီးချင်း moisturizer လိမ်းသင့်ပါတယ်။
၄) ရေသောက်ပါ။
ဆောင်းရာသီမှာ ရေဓာတ်ခမ်းခြောက်လွယ်စေတဲ့အတွက် သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ရှုံးမှုပိုပြီဖြစ်ပေါ်နိုင်ပါတယ်။ အဲဒါကြောင့် သင့်ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝဖို့ ဂရုစိုက်သင့်ပါတယ်။ အဲဒါက သင့်ရဲ့အရေပြားရေဓာတ်ပြည့်ဝခြင်းနဲ့လည်း ဆက်စပ်နေပါတယ်။ သင့်ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝနေတဲ့အခါ သင့်အရေပြားခြောက်သွေ့မှုတွေလည်း မဖြစ်ပေါ်စေတော့ပါဘူး။ အဲဒါကြောင့် ပုံမှန်ထက် ရေပိုသောက်သုံးသင့်ပါတယ်။
၅) ဆံသားခြောက်သွေ့မှုကို ကာကွယ်ရန် သံလွင်ဆီလိမ်းပေးပါ။
ဆောင်းရာသီမှာ ဆံသားခြောက်သွေ့တတ်တဲ့အတွက် သင့်ဆံသားတွေစိုစွတ်နေချိန်မှာ dryerနဲ့မှုတ်ခြင်းကိုရှောင်ပါ။ သင့်ဆံသားတွေပိုပြီးခြောက်သွေ့စေနိုင်ပါတယ်။ သံလွင်ဆီအနည်းငယ်နဲ့ သင့်ဆံသားကို အရင်လိမ်းကျံပြီးမှ အသွားကျဲတဲ့ဘီးနဲ့ ဖြေးဖြေးချင်းဖြီးသင့်ပါတယ်။
၆) ရေနွေးဖြင့် ရေချိုးခြင်းကိုရှောင်ပါ။
ဆောင်းရာသီမှာ အရေပြားကပိုပြီးခြောက်သွေ့လွယ်တဲ့အထဲ ရေနွေးနဲ့ရေချိုးလိုက်တဲ့အခါ သင့်အရေပြားကို ပိုပြီး ခြောက်သွေ့စေတော့တာပါပဲ။ အေးချမ်းတဲ့ရာသီမို့ ရေနွေးလေးနဲ့ရေချိုးရတာ ကောင်းပေမယ့် သင့်အရေပြားကို ရေနွေးနဲ့ထိတွေ့ချိန် မိနစ် ၂၀ခန့်ကြာတာနဲ့ ရေနွေးကြောင့် သင့်အရေပြားပိုခြောက်သွေ့စေနိုင်ပါတယ်။ အဲဒါက သင့်ရဲ့ခန္ဓာကိုယ်က သဘာဝအရ စိုစွတ်မှုကို ဖယ်ထုတ်လိုက်ပါတယ်။ အဲဒါကြောင့် ရေနွေးနဲ့ရေချိုးပြီးတဲ့အခါ သင့်အရေပြားက ပိုပြီးခြောက်သွေ့လာတာကို သင်ခံစားရပါလိမ့်မယ်။
¬¬¬¬¬¬အထက်ပါအချက်လေးတွေက ဆောင်းတွင်းဖြစ်တတ်တဲ့အရေပြားပြဿနာအချို့ကို ကာကွယ်ဖို့ လွယ်ကူတဲ့နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။