ပျော်ရွှင်ဖို့အချက် ၁၂ ချက်

ပျော်ရွှင်မှုဆိုတာ လူတိုင်းအတွက်လိုအပ်ပါတယ်နော်။ ဒါပေမယ့် စိတ်ညစ်နေချိန်၊ အားငယ်နေချိန်၊ ဝမ်းနည်းနေချိန်မျိုးမှာ ထိုခံစားချက်တွေထဲမှာပဲ နစ်ဝင်မနေသင့်ဘဲ ဘယ်လိုပျော်ရွှင်အောင်လုပ်မလဲ၊ ထိုဆိုးရွားတဲ့ခံစားချက်တွေကနေ ဘယ်လိုရုန်းထွက်လို့ရမလဲဆိုတဲ့နည်းလမ်းတွေကို တမင်လိုက်ရှာကြည့်တာက ပိုကောင်းပါတယ်။ အဲဒါမှလည်း ထိုခံစားချက်တွေထဲက သင်ရုန်းထွက်နိုင်မှာလေ။ အက်မင်ကတော့ အရမ်းစိတ်ညစ်စရာကြုံလာရင် ရယ်စရာရှာဖွေပြီး ရှာကြံရယ်မောရအောင်ကြိုးစားတယ်။ ကိုယ့်ကိုကိုယ်အားပြန်ပေးတဲ့သီချင်းမျိုးတွေ နားထောင်တယ်။ အခြားသောသူများအတွက် ပျော်ရွှင်အောင်လုပ်နိုင်မယ့်အချက်လေးတွေကိုလည်း pinterest ထဲကနေရှာဖွေဖော်ပြပေးလိုက်ပါတယ်။


၁) စူးစမ်းလေ့လာနိုင်စွမ်းရှိပါစေ။
၂) တက်ကြွရွှင်လန်းမှုရှိပါ။
၃) အခြားသူများကို ကူညီပါ။
၄) သင့်အတွက် ကောင်းခြင်းကိုဖြစ်စေတဲ့အရာတွေကိုပဲလုပ်ပါ။
၅) စာဖတ်ပါ။
၆) တီဗီကြည့်ချိန်ကို ကန့်သတ်လိုက်ပါ။
၇) သင်ချစ်တဲ့အလုပ်ကို လုပ်ပါ။
၈) ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
၉) သင့်ရဲ့ကြောက်တဲ့အရာတွေကို ရင်ဆိုင်ပစ်လိုက်ပါ။
၁၀) ဘာလုပ်လုပ် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ။
၁၁) မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ ပိုပြီး ရင်းနှီးအောင်နေထိုင်ပါ။
၁၂) သင့်နှလုံးသားက ဦးဆောင်တဲ့အတိုင်းဖြစ်ပါစေ။
အထက်ကအချက်လေးတွေက ရိုးရှင်းပြီး လိုက်နာဖို့လွယ်တဲ့အချက်လေးတွေများပါတယ်။ အားလုံးပဲ စိတ်ညစ်နေလည်း စိတ်ညစ်နေတဲ့အထဲမှာပဲ နစ်မြောမနေဘဲ ပျော်ရွှင်အောင်ဘယ်လိုလုပ်မလဲဆိုတာလေးတွေးပြီး ပျော်ရွှင်အောင် ကြံဆနေနိုင်ကြပါစေ။ ဒါပေမယ့် ပျော်ရွှင်ခြင်းကြောင့် ဘယ်သူကိုမှ မထိခိုက်စေနိုင်ဘဲ ကိုယ့်ကိုကိုယ်လည်း မထိခိုက်စေတဲ့ပျော်ရွှင်ခြင်းမျိုးဖြစ်ဖို့အရေးကြီးပါတယ်။
အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။