အိပ်မပျော်ခြင်းရဲ့ လက္ခဏာများ

ညဘက်တွေ ဆက်တိုက်အိပ်မပျော်တာမျိုးဖြစ်လာရင် ကိုယ်က အိပ်မပျော်တဲ့ရောဂါတခုခုခံစားနေရလားဆိုတာ ဆန်းစစ်ပြီး ဆေးကုသမှုခံယူဖို့လိုပါတယ်။ အိပ်မပျော်တဲ့ရောဂါတွေက ၈မျိုးလောက်ရှိပေမယ့် အခုဆောင်းပါးမှာတော့ ညဘက်အိပ်မပျော်တဲ့ရောဂါ (Insomnia) ရောဂါရဲ့လက္ခဏာတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။


• ညဘက်မှာ အိပ်ပျော်ဖို့ လုံးဝမလွယ်ကူခြင်း
• အိပ်ပျော်နေရင်း ညသန်းခေါင်လန့်နိုးတတ်ခြင်း
• နိုးလာပြီး ပြန်အိပ်မပျော်နိုင်ခြင်း
• ညဘက်အိပ်စက်ချိန်တွင် ကောင်းစွာအိပ်မောမကျနိုင်ခြင်း
• နေ့ဘက်မှာ နွမ်းနယ်နေခြင်း ဒါမှမဟုတ် ပြန်ပြီး အိပ်ငိုက်နေခြင်း
• အိပ်မပျော်နိုင်တဲ့ စိတ်ဖိစီးမှု၊ သောတွေကိုသာ တွေးနေခြင်း
• အာရုံစူးစိုက်ရမလွယ်ခြင်း ၊ မေ့လွယ်ခြင်း
• အလွဲလွဲအမှားမှားတွေ လုပ်မိတာများလာခြင်း
• အိပ်စက်ခြင်းအကြောင်းတွေးမိတာနဲ့ အိပ်မပျော်မှာ စိုးရိမ်ပူပန်သွားခြင်း


များသောအားဖြင့်တော့ ညဘက်အိပ်မပျော်ခြင်းဟာ နေ့ဘက်က စိုးရိမ်ပူပန်သောကတွေနဲ့ စိတ်ဖိစီးမှုတွေကြောင့်အများဆုံးဖြစ်တယ်လို့ဆိုကြပါတယ်။ အလုပ်တာဝန်ဖိစီးခြင်း၊ အခြား ပူပန်သောကရောက်မှုတွေများခြင်း၊ ခရီးထွက်တာမျိုးနဲ့ နေရာအပြောင်းအလဲဖြစ်ခြင်းတွေကြောင့် ညအိပ်မပျော်နိုင်ဖြစ်တတ်ပေမယ့် ညတိုင်းလိုလို ရေရှည်ဖြစ်လာရင်တော့ ကျန်းမာရေးကို အများကြီးထိခိုက်လာနိုင်ပါတယ်။
အထက်ပါ လက္ခဏာတွေနဲ့ နာတာရှည်လိုဖြစ်နေတယ်ဆိုရင် သက်ဆိုင်ရာဆရာဝန်နဲ့ပြသပြီး ဆေးဝါးကုသမှုခံယူသင့်ပါတယ်လို့ တိုက်တွန်းဖော်ပြလိုက်ပါတယ်နော်။
https://www.mayoclinic.org/.../symptoms-causes/syc-20355167 လင့်မှ ရောဂါလက္ခဏာများကို ကိုးကားဖော်ပြထားခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။