ကျန်းမာရေး

ကျန်းမာရေး

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

နှစ်တစ်ရာပဲရဲ့အံမခန်းအစွမ်းများ

အာရှအရှေ့ဘက်မှာ ရှင်သန်ပေါက်ရောက်ပြီး တရုတ်ပြည်မှာ စိုက်ပျိုးပြီး နှစ်ထောင်ချီရှင်သန်တဲ့အပင် ကြီးမျိုးဖြစ်တာမို့ နှစ်တစ်ရာပဲလို့ခေါ်ဆိုတာဖြစ်ပါတယ်။ အမျိုးစုံအသုံးတည့်တဲ့ပဲလည်းဖြစ်ပါတယ်။ ရှေးခေတ်ကတည်းက ရှင်သန်ပေါက်ရောက်တဲ့ အပင်ကြီးမျိုးဖြစ်ပါတယ်။ ထိုအပင်ရဲ့အရွက်နဲ့အစေ့ဟာလည်း တရုတ်ရိုးရာဆေးပညာမှာအသုံးဝင်တယ်လို့ ဖော်ပြကြပါတယ်။ အဓိကကတော့ သွေးလည်ပတ်မှုကောင်းစေခြင်းနဲ့ ဦးနှောက်မှတ်ဉာဏ်အားကောင်းစေခြင်းတို့အတွက်အသုံးဝင်ပါတယ်။ နှစ်တစ်ရာပဲရဲ့အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဗီတာမင်ဘီဝမ်းနဲ့ပတ်သက်ပြီး သိကောင်းစရာများ

Vitamin B1ကို thiamine လို့လည်းခေါ်ပါသေးတယ်။ ခန္ဓာကိုယ်တစ်ခုလုံးလည်ပတ်နိုင်ဖို့အတွက် လိုအပ်ပြီး အရေးပါတဲ့ဗီတာမင်ဓာတ်ဖြစ်ပါတယ်။ Thiamine ကခန္ဓာကိုယ်တစ်ခုလုံးရဲ့ အာရုံကြောစနစ်လုပ်ဆောင်ချက်မှာ အရေးပါပါတယ်။ နှလုံးနဲ့ကြွက်သားတွေအတွက်လည်း အရေးပါပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

စိတ်ဖိစီးမှုတွေကို ဘယ်လိုသက်သာအောင် လုပ်ကြမလဲ။

စိတ်ဖိစီးမှုဆိုတာက သင့်ကိုအမျိုးမျိုးထိခိုက်အောင်လုပ်နိုင်ပါတယ်။ စိတ်မပျော်ရွှင်ခြင်းက သင့်ဘဝကို အဖက်ဖက်က ထိခိုက်လာစေပါတယ်။ စိတ်မပျော်ရွှင်တဲ့အခါ ဘယ်အရာကိုမှ အကောင်းမမြင်တော့ပါဘူး။ စိတ်မရှည်တော့ပါဘူး။ ဒေါသတွေကြီးလာပါလိမ့်မယ်။ အစာစားချင်စိတ်ကို လျော့နည်းစေပါတယ်။ တက်ကြွရွှင်လန်းမှုမရှိတော့ပါဘူး။ စိတ်မကျန်းမာတဲ့အခါ ကိုယ်ကျန်းမာရေးအတွက်လည်း အာရုံမရှိတော့ပါဘူး။ အဲဒီ့အတွက် စိတ်ဖိစီးခြင်းက ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးအတွက်ကော အဆိုးတွေပဲဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်စိတ်ဖိစီးမှုဖြစ်နေပြီလို့ ခံစားရတဲ့အခါ ကိုယ့်စိတ်ကို ဘယ်လိုထွက်ပေါက်ပေးမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

သင့်ခန္ဓာကိုယ်ခုခံအားကောင်းစေဖို့ လိုက်နာသင့်သည့်နည်းလမ်း (၉)ခု

ကျွန်တော်တို့ရဲ့ခုခံအားစနစ်က ကျွန်တော်တို့အပေါ်အများကြီးမူတည်နေပါတယ်။ ခုခံအားကောင်းတဲ့အခါ အခြားသော ပြင်ပကူးစက်ရောဂါ ကူးစက်နိုင်ချေ နည်းပါတယ်။ အဲဒါအပြင် စိတ်သွားတိုင်းကိုယ်ပါလို့ ကျန်းမာသွက်လက်စေနိုင်ပါတယ်။ အဲဒါကြောင့် သင့်ခန္ဓာကိုယ်ခုခံအားကောင်းစေဖို့ လိုက်နာသင့်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

နှမ်းနက်ရဲ့ကောင်းကျိုးများ

နှမ်းနက် (Black Sesame seeds) ကို ဆူရှီမှာကပ်ထားတဲ့နှမ်းနက်စေ့လေးတွေ၊ ပေါင်မုန့်အချို့မှာ ကပ်ထားတာမျိုးတွေ မြင်ဖူးကြမှာပါ။ နှမ်းနက်စေ့က ကျန်းမာရေးအရ ကောင်းကျိုးတွေအများကြီးရှိပါတယ်။ Smoothie တွေ၊ ဒိန်ချဉ်တွေစားရင် ထည့်တတ်ကြပါတယ်။ အိန္ဒိယမှာဆိုရင် နှမ်းနက်စေ့ရဲ့အဆီကို ကျယ်ပြန့်စွာအသုံးပြုကြပါတယ်။ အာဟာရပညာရှင်(Chief Nutritionist)တစ်ယောက်ဖြစ်တဲ့ Dr. Rupali Dutta က နှမ်းနက်စေ့မှာ ကျန်းမာရေးအတွက် အကျိုးများစေတဲ့ polyunsaturated fatty acids နဲ့ Omega-6 ကဲ့သို့ အဆီတွေပါဝင်ပါတယ်။ အမျှင်ဓာတ်တွေ၊ သံဓာတ်တွေ၊ ကယ်လဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဖော့စဖောရတ်တွေလည်း ပါဝင်ပါတယ်။ နှမ်းနက်စေ့ရဲ့အစွမ်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ချဉ်ပေါင်ခါးရဲ့အစွမ်း

ချဉ်ပေါင်ခါးက ဆေးဖက်ဝင်တဲ့အပင်တစ်မျိုးဖြစ်ပြီး သွားကိုက်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အအေးပတ်ခြင်းနဲ့ အရက်နာကျခြင်းတို့ကို သက်သာစေပါတယ်။ ချဉ်ပေါင်ခါးပင်က တစ်ပင်လုံးအသုံးဝင်တဲ့အပင်ဖြစ်ပါတယ်။ ချဉ်ပေါင်ရွက်၊ ချဉ်ပေါင်ဖူးအားလုံးက အသုံးဝင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဆောင်းရာသီမှာ ကျန်းမာစေဖို့ အလွယ်ဆုံးနည်းလမ်းများ

ဆောင်းရာသီမှာ အရေပြားတွေ ခြောက်သွေ့အက်ကွဲလွယ်သလို၊ နှုတ်ခမ်းသားကွဲခြောက်မှုတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါအပြင် လည်ချောင်းနာခြင်းကလည်း အဆစ်ပါလာနိုင်ပါသေးတယ်နော်။ အအေးမိခြင်း၊ ချောင်းဆိုးခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင် ဆောင်းရာသီမှာ ကျန်းမာစေဖို့ အလွယ်ဆုံးလိုက်နာသင့်တဲ့ နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဖန်ခါးသီးရဲ့အကျိုးကျေးဇူးများ

ဖန်ခါးပင်က အပင်ကြီးမျိုးဖြစ်ပြီး အရသာမှာ ဖန်ပြီးခါးတဲ့အရသာမျိုးဖြစ်ပါတယ်။ ဖန်ခါးသီးက ဆေးဘက်ဝင်တဲ့အသီးတစ်မျိုးဖြစ်ပြီး ထမင်းနဲ့လည်း တို့စားစရာအဖြစ်စားတတ်ကြပါတယ်။ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး

ခေါင်းပူ (overload) ဖြစ်နေတာကို ဘယ်လိုရှင်းမလဲ။

ခေါင်းပူနေတယ်၊ ခေါင်းထဲမှာ အတွေးတွေများပြီး ခေါင်းရှုပ်နေလို့ ပြဿနာတွေကို ဘယ်လိုမှမဖြေရှင်းနိင်ဘူး။ ဘာမှလည်း ထပ်မကြားချင်၊ မသိချင်ဘူး၊ ဒီလိုအချိန်မှာ လာပြီး အာရုံနှောက်အောင်ထပ်လုပ်သူက ရန်သူပဲဆိုတာမျိုးဖြစ်ဖူးကြမယ်ထင်ပါတယ်။ အတွေးတွေများ၊ အလုပ်တွေများပြီး လုပ်စရာတွေအများကြီးရှိနေပေမယ့် ဘာဆက်လုပ်လို့ ၊ ဘယ်အရာကို ဦးစားပေးရမလဲဆိုတာလဲ မသိနိုင်တော့လောက်အောင် ဖြစ်နေမှာပါ။ အဲဒါမျိုးကို ခေါင်းပူနေတာ တနည်းအားဖြင့် overload ဖြစ်နေတာကြောင့်ပါ။ အဲဒီ့အခါမျိုးမှာ နောက်ထပ်ခေါင်းရှုပ်ရမယ့်ကိစ္စမျိုးကို ခဏလွှတ်ထားလိုက်ပြီး အောက်ပါအချက်လေးတွေလုပ်ကြည့်ပါ။

ကျန်းမာရေး

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ငါးကြီးဆီ စားခြင်း၏ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

ငါးကြီးဆီ ဆိုတာ ငါးရဲ့တစ်ရှုးတွေကနေ ထုတ်လုပ်ထားတဲ့အဆီဖြစ်ပါတယ်။ အဆီများတဲ့ငါးကနေရလာတာဖြစ်ပြီး တူနာငါး၊ မက်ကရယ်ငါးကဲ့သို့ ငါးတွေကနေ ရယူတာဖြစ်ပါတယ်။ တခါတရ့မှာ အခြားသော ငါးတွေရဲ့သည်းခြေကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ ကော့ဒ်ပင်လယ်ငါးရဲ့ အသည်းမှရတဲ့အဆီလည်းဖြစ်ပါတယ်။ တစ်ပတ်မှာ ငါးတစ်ကြိမ်နှစ်ကြိမ်ခန့်စားဖို့ တိုက်တွန်းထားပါတယ်။ ငါးမှာပါဝင်တဲ့ အိုမီဂါသရီးဖက်တိးအက်ဆစ်က များစွာသောကျန်းမာရေးအကျိုးကျေးဇူးတွေရှိပါတယ်။ ဗီတာမင်အေနဲ့ဒီလည်း ပါဝင်နိုင်ပါသေးတယ်။ ငါးကိုမစားဖြစ်ဘူးဆိုရင်တော့ ငါးကြီးဆီကို ဖြည့်စွက်စာအဖြစ်စားပေးနိုင်ပါတယ်။ ငါးကြီးဆီရဲ့အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ဆောင်းရာသီအတွက်အကောင်းဆုံးအစားအစာများ

ဆောင်းတွင်းမှာ တုတ်ကွေးနဲ့ အအေးပတ်ခြင်းကို ကာကွယ်နိုင်ဖို့ သင့်ခန္ဓာကိုယ်က အာဟာရဓာတ်တွေပြည့်ဝဖို့လိုအပ်ပါတယ်။ အာဟာရပညာရှင် Sally Wisbey က ကျွန်တော်တို့ရဲ့အစားအစာက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ခုခံအားတိုးမြင့်ပေးဖို့နဲ့ ရောဂါမကူးစက်နိုင်ဖို့အတွက်အရေးပါတယ်လို့ပြောထားပါတယ်။ အဲဒါအပြင် အကောင်းမြင်စိတ်ရှိခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ညဘက်အိပ်ရေးဝအောင်အိပ်စက်ခြင်းတွေကလည်း အရေးကြီးပါတယ်လို့ပြောထားပါတယ် သင့်ရဲ့ပုံမှန်အသက်ရှင်နေထိုင်နေတဲ့ပုံစံထဲကနေ တခါတရံခွဲထွက်ပြီး အနားယူတာမျိုးလုပ်ပေးပါ။ အလုပ်ဖိစီးမှုနဲ့ အနားယူချိန်နည်းခြင်းက သင့်ကိုခွန်အားနဲ့ ကြံ့ခိုင်မှုလျော့နည်းလာစေပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

သင့်စိတ်ဆင်းရဲမှုများကို အကောင်းဆုံးဖြေရှင်းနိုင်မယ့်နည်းလမ်းများ

စိတ်ဆင်းရဲတယ်ဆိုတာ လူတိုင်းနီးပါးခံစားဖူးကြမှာပါ။ စိတ်ပူပန်စရာတွေတွေးနေတာ၊ စိုးရိမ်စိတ်များနေတာ၊ မဖြစ်လာသေးပေမယ့် ကြိုစိတ်ဆင်းရဲနေတာမျိုးကြုံတဲ့အခါ စိတ်ဆင်းရဲနေရတတ်ပါတယ်။ တချို့ကပြန်တော့လည်း ပြဿနာတွေပေါင်းစုံနဲ့ရင်ဆိုင်နေရတာမျိုးမှာ စိတ်ဆင်းရဲတတ်ပါတယ်။ အဲဒီလိုစိတ်ဆင်းရဲနေရတယ်လို့ သင့်ကိုသင်ထင်နေပြီဆိုရင် ဘာလုပ်သင့်ပါသလဲ။ စိတ်ဆင်းရဲမှုက သင့်ရဲ့စိတ်ကျန်းမာရေးကိုထိခိုက်စေပြီး ထိုမှတဆင့် ကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာစေနိုင်ပါတယ်။

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။