ချဉ်ပေါင်ခါးရဲ့အစွမ်း

ချဉ်ပေါင်ခါးက ဆေးဖက်ဝင်တဲ့အပင်တစ်မျိုးဖြစ်ပြီး သွားကိုက်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အအေးပတ်ခြင်းနဲ့ အရက်နာကျခြင်းတို့ကို သက်သာစေပါတယ်။ ချဉ်ပေါင်ခါးပင်က တစ်ပင်လုံးအသုံးဝင်တဲ့အပင်ဖြစ်ပါတယ်။ ချဉ်ပေါင်ရွက်၊ ချဉ်ပေါင်ဖူးအားလုံးက အသုံးဝင်ပါတယ်။


ချဉ်ပေါင်ခါးပင်ရဲ့အစွမ်းတွေကတော့
၁) ရာလာသီလာစဉ်ကိုက်ခဲခြင်းကို သက်သာစေခြင်း
ဟော်မုန်းတွေကို ထိန်းညှိုပေးဖို့ကူညီပေးနိုင်တဲ့အတွက် ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်းကိုသက်သာစေပြီး ရာသီလာစဉ်စိတ်အပြောင်းလဲကိုလည်း လျော့ချပေးနိုင်ပါတယ်။

၂) ရောင်ရမ်းခြင်းကိုလျော့ကျစေပြီးဘက်တီးရီးယားတွေကိုသေစေခြင်း
ဗီတာမင်စီကြွယ်ဝတာကြောင့် သင့်ခန္ဓာကိုယ်မှာ ခုခံစွမ်းအားတိုးစေပါတယ်။ အအေးမိခြင်း၊ တုတ်ကွေးမိခြင်း၊ ဘက်တီးရီးယားကူးစက်ခြင်းတွေကို သက်သာစေပါတယ်။

၃) အစာကြေစေခြင်း
အူမကြီးလှုပ်ရှားမှုကောင်းမွန်စေပြီး ဆီးရွှင်စေပါတယ်။ ဝမ်းချုပ်ခြင်းကိုသက်သာစေပြီး အူမကြီးကင်ဆာဖြစ်ပွားမှုကို ကာကွယ်ရာတွင်အကူအညီဖြစ်စေပါတယ်။

၄) ဝိတ်ကျစေခြင်း
ဝိတ်ကျစေဖို့အတွက်အထောက်အကူပြုပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ပါဝင်တဲ့အစားအစာတွေအစားများတဲ့အခါ ဝိတ်တက်လာစေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကလူးကိုစ့်နဲ့ ကစီဓာတ်စုပ်ယူမှုကို လျော့ကျစေခြင်းက ဝိတ်ကျဖို့ ကူညီနိုင်ပါတယ်။

၅) စိတ်ဓာတ်ကျခြင်းကို သက်သာစေသော အစွမ်းရှိခြင်း
Flavonoids လို့ခေါ်တဲ့ဓာတ်တစ်မျိုးပါဝင်တာကြောင့် စိတ်ဓာတ်ကျခြင်းကိုသက်သာစေပါတယ်။ အာရုံကြောစနစ်ကို ကောင်းမွန်စေပါတယ်။ စိတ်နဲ့ခန္ဓာကိုယ်ကို ပြေလျော့စေပြီး စိုးရိမ်ပူပန်မှုနဲ့ စိတ်သောကတွေကို ပြေလျော့စေပါတယ်။

၆) ကင်ဆာရောဂါကို တိုက်ဖျက်ရာတွင်အထောက်အကူဖြစ်စေခြင်း
ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ antioxidant အစွမ်းတွေပါဝင်တာကြောင့် ကင်ဆာဆဲလ်တွေကို ဖွံ့ဖြိုးမှုနှေးကွေးစေပါတယ်လို့ ထိုင်ဝမ်မှ Chung Shan Medical and Dental College မှဖော်ပြထားပါတယ်။

၇) ချောင်းဆိုး၊ အအေးမိ၊ အဖျားရောဂါတွေကို ကာကွယ်ဖို့ကူညီနိုင်ခြင်း
ချဉ်ပေါင်သီးဖော်ရည်ထဲမှာဆိုရင် ဗီတာမင်စီနဲ့ပုံစံတူတဲ့ ascorbic acid 6.7mg ပါဝင်တာကြောင့် ခုခံအာတိုးစေပါတယ်။ ဘက်တီးရီးယားကူးစက်မှုတွေ၊ ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ အဲဒါကြောင့် အအေးမိဖျားနာခြင်းကိုလည်း တိုက်ဖျက်နိုင်ပါတယ်။

၈) သွေးဖိအားကိုထိန်းချုပ်ပေးနိုင်ခြင်း
American Heart Association အဖွဲ့အစည်းမှကြေငြာချက်အရ သွေးတိုးခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်လို့ဖော်ပြထားပါတယ်။ သွေးတိုးခြင်းကို ခံစားရတဲ့လူတွေမှာ သွေးကြောဆိုင်ရာပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်။ ချဉ်ပေါင်သီးဖျော်ရည်မှာ သွေးဖိအားကိုလျော့ကျစေပြီး ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အာနိသင်ရှိတာကြောင့် သွေးတိုးတဲ့သူတွေအတွက် အဆင်ပြေစေပါတယ်။ ဘော့စတွန်မှ Tufts University ရဲ့လေ့လာချက်အရ ချဉ်ပေါင်သီးဖျော်ရည်က ဆီးရွှင်စေပြီး သွေးဖိအားကို လျော့ကျစေတယ်လို့ဖော်ပြထားပါတယ်။

၉) အသည်းရောဂါတွေကို ကာကွယ်ရာတွင်အထောက်အကူဖြစ်စေခြင်း
Antioxidant အစွမ်းကြောင့် အသည်ရောဂါတွေကို ကုသရာတွင် အထောက်အကူဖြစ်စေပါတယ်။ Antioxidant တွေက သင့်ခန္ဓာကိုယ်တစ်ခုလုံးက ရောဂါတွေကို တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေပြီး သင့်ခန္ဓာကိုယ်က တစ်ရှုးတွေနဲ့ဆဲလ်တွေအတွက် အကူအညီပေးနိုင်ပါတယ်။
https://www.rhymbahillstea.com/health-benefits-roselle လင့်မှဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။