ဆောင်းရာသီမှာ ကျန်းမာစေဖို့ အလွယ်ဆုံးနည်းလမ်းများ
ဆောင်းရာသီမှာ အရေပြားတွေ ခြောက်သွေ့အက်ကွဲလွယ်သလို၊ နှုတ်ခမ်းသားကွဲခြောက်မှုတွေလည်း ဖြစ်ပေါ်တတ်ပါတယ်။ အဲဒါအပြင် လည်ချောင်းနာခြင်းကလည်း အဆစ်ပါလာနိုင်ပါသေးတယ်နော်။ အအေးမိခြင်း၊ ချောင်းဆိုးခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင် ဆောင်းရာသီမှာ ကျန်းမာစေဖို့ အလွယ်ဆုံးလိုက်နာသင့်တဲ့ နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်။
၂) ရေများများသောက်ပေးပါ။ တစ်နေ့လျှင် ရေ ၈ - ၁၀ဖန်ခွက်ထိသောက်ပေးနိုင်ပါတယ်။
၃) နှုတ်ခမ်းသားအစိုဓာတ်ထိန်းခရမ် (သို့) နှုတ်ခမ်းနီအဆီပုံစံမျိုးလိမ်းပေးပါ။
၄) ရေနွေးနဲ့ရေချိုးခြင်းက အရေပြားခြောက်သွေ့စေနိုင်ပါတယ်။
၅) အမွှေးနံ့မပါတဲ့ ရေချိုးဆပ်ပြာမျိုးသုံးပေးပါ။
၆) နေရောင်ကာ ခရမ်လိမ်းပေးပါ။
၇) ရေဓာတ်ပါဝင်တဲ့ အစားအစာတွေစားသုံးပေးပါ။
၈) ဟင်းသီးဟင်းရွက်နဲ့အသီးအနှံမျှတအောင်စားပေးပါ။
၉) ဗီတာမင်ဒီရရှိစေဖို့ နေပူဆာလှုံပေးပါ။
၁၀) အာဟာရမျှတတဲ့ စွပ်ပြုတ်မျိုး သောက်ပေးပါ။