ဆောင်းရာသီအတွက်အကောင်းဆုံးအစားအစာများ

ဆောင်းတွင်းမှာ တုတ်ကွေးနဲ့ အအေးပတ်ခြင်းကို ကာကွယ်နိုင်ဖို့ သင့်ခန္ဓာကိုယ်က အာဟာရဓာတ်တွေပြည့်ဝဖို့လိုအပ်ပါတယ်။ အာဟာရပညာရှင် Sally Wisbey က ကျွန်တော်တို့ရဲ့အစားအစာက ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ခုခံအားတိုးမြင့်ပေးဖို့နဲ့ ရောဂါမကူးစက်နိုင်ဖို့အတွက်အရေးပါတယ်လို့ပြောထားပါတယ်။ အဲဒါအပြင် အကောင်းမြင်စိတ်ရှိခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ညဘက်အိပ်ရေးဝအောင်အိပ်စက်ခြင်းတွေကလည်း အရေးကြီးပါတယ်လို့ပြောထားပါတယ် သင့်ရဲ့ပုံမှန်အသက်ရှင်နေထိုင်နေတဲ့ပုံစံထဲကနေ တခါတရံခွဲထွက်ပြီး အနားယူတာမျိုးလုပ်ပေးပါ။ အလုပ်ဖိစီးမှုနဲ့ အနားယူချိန်နည်းခြင်းက သင့်ကိုခွန်အားနဲ့ ကြံ့ခိုင်မှုလျော့နည်းလာစေပါတယ်။


အောက်ပါအချက်တွေကတော့ အာဟာရပညာရှင် Sally ရဲ့ဆောင်းတွင်းမှာဘယ်လိုစားသောက်ရမလဲဆိုတဲ့သတိပေးချက်တွေပဲဖြစ်ပါတယ်။
၁) ဗီတာမင်စီကြွယ်ဝတဲ့အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များစားပေးပါ။
ငရုတ်ပွ၊ ခရမ်းချဉ်သီး၊ ကန်စွန်းဥကဲ့သို့ အစားအစာတွေနဲ့ ချဉ်သောအသီးတွေက ဗီတာမင်စီကြွယ်ဝတာကြောင့် သင့်ရဲ့ အစားအစာထဲမှာ ထည့်သွင်းစားသုံးပေးသင့်ပါတယ်။ ဗီတာမင်စီက သင့်ရဲ့ကိုယ်ခံအားကောင်းစေပြိး စွမ်းအင်တိုးစေပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တယ်ဆိုရင် မဖြစ်မနေစားပေးသင့်ပါတယ်။
၂) ဇင့်ပါတဲ့အစားအစာတွေစားပေးပါ။
ဆောင်းရာသီက တုတ်ကွေးနဲ့အအေးမိခြင်းကဲ့သို့ ဗိုင်းရပ်တွေကူးစက်ခံရနိုင်တာမို့ ခုခံအားစနစ်ကောင်းမွန်နေဖို့လိုအပ်ပါတယ်။ ဇင့်ပါဝင်တဲ့အစားအစာတွေက သင့်ရဲ့ခုခံအားစနစ်အတွက်အရေးပါပါတယ်။ ဟင်းနုနယ်၊ ပဲအမျိုးမျိုး၊ ကမာစတဲ့စားစရာတွေမှာဇင့်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။
၃) သံဓာတ်ကြွယ်ဝသောအစားအစာများစားပေးပါ။
အသား၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များက သံဓာတ်ကြွယ်ဝပါတယ်။ ခုခံအားတိုးစေပါတယ်။
၄) ငါး၊ ဥအမျိုးမျိုးနဲ့ ချိစ်တွေစားပေးပါ။
ဆောလမွန်ငါးနဲ့ ကော့ဒ်ပင်လယ်ငါး၊ နို့၊ ဥအမျိုးမျိုးနဲ့ ချိစ်တွေက ဗီတာမင်ဘီတွဲကြွယ်ဝပါတယ်။ ဗီတာမင်ဘီတွဲကြွယ်ဝတဲ့အစားအစာတွေက ခုခံအားကောင်းစေပြီး မောပန်းလွယ်ခြင်းကို သက်သာစေပါတယ်။
၅) အမြစ်ပါတဲ့ဟင်းသီးဟင်းရွက်များနဲ့ စွပ်ပြုတ်များ စားပေးပါ။
အချိုဓာတ်ပါဝင်တဲ့အမြစ်ပါဟင်းသီးဟင်းရွက်တွေကို စွပ်ပြုတ်လုပ်ပြီး သောက်သုံးပေးနိုင်ပါတယ်။ ဂျင်းနဲ့ ကြက်သွန်ဖြူပါဝင်တဲ့စွပ်ပြုတ်မျိုးကိုလည်း သောက်သုံးပေးနိုင်ပါတယ်။
http://home.bt.com/lifestyle/health/healthy-eating/winter-diet-to-stay-healthy-11364216640411လင့်မှာဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။