ဘဝမှာ သင်ဘယ်တော့မှ မမျှော်လင့်သင့်တဲ့အရာများ

မျှော်လင့်ခြင်းဆိုတာက ၂မျိုးရှိပါတယ်။ သင်ဖြစ်ချင်တာတွေအတွက် ဖြစ်ရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ အခြားသူတွေဆီကနေ ပြန်ပြီးမျှော်လင့်ချက်ပါ။ ကိုယ့်ရည်မှန်းချက်နဲ့ပတ်သက်တဲ့မျှော်လင့်ချက်က ကိုယ့်ပေါ်မှာသာ မူတည်တာမို့ ကိုယ့်အားကိုယ်ကိုးဖို့ပဲမို့ ကိုယ်တိုင်ကြိုးစားရင် ရနိုင်တာပါ။ အခြားလူအပေါ်မျှော်လင့်တာမျိုးကတော့ အခြားသူဆီမှာ မူတည်နေတာမို့ ကိုယ်ဖြစ်ချင်ပေမယ့် ဖြစ်ချင်မှဖြစ်မှာပါ။ အခြားလူပေါ်မှာမူတည်နေတဲ့မျှော်လင့်ချက်နဲ့ပတ်သက်ပြီး သင့်ရဲ့မျှော်လင့်ချက်ကိုတော့ ထိန်းချုပ်သင့်ပါတယ်။ ၁၀၀%နှုန်းအပြည့် သင်မျှော်လင့်ထားလို့မဖြစ်နိုင်ပါဘူး ။ အဲဒါကြောင့် သင့်ဘဝမှာ အခြားသူတွေအပေါ်မှာ ဘယ်တော့မှ မမျှော်လင့်သင့်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) သင့်ဘဝကို အခြားသူတွေနားလည်မှု
သင့်ဘဝကိုအခြားသူတွေနားလည်ပေးလိမ့်မယ်လို့ မျှော်လင့်ထားလို့မရပါဘူး။ လူတိုင်းကကိုယ့်ဘဝနဲ့ကိုယ်မို့ ကိုယ်ဖြတ်သန်းလာတဲ့ဘဝအခြေအနေပေါ်မူတည်ပြီး အတွေ့အကြုံတွေမတူတာမို့ နားလည်မှုခြင်းလည်းမတူနိုင်ပါဘူး။ အဲဒါကြောင့်သင့်ဘဝကို အခြားသူတွေနားလည်ဖို့မမျှော်လင့်လိုက်ပါနဲ့။

၂) သင့်ခံယူချက်နဲ့ အခြားသူတွေထပ်တူကျမှု
သင့်ခံယူချက်က သင်တန်ဖိုးထားမှုပေါ်အခြေခံပါတယ်။ အဲဒါကြောင့် အခြားသူတွေရဲ့တန်ဖိုးထားမှုနဲ့ တူချင်မှတူမှာပါ။ အဲဒီ့အတွက် ခံယူချက်ခြင်းလည်းတူမှာမဟုတ်ပါဘူး။ သင့်ခံယူချက်ကို အခြားသူတွေနားလည်ဖို့မျှော်လင့်လို့မရသလို၊ အခြား
သူတွေရဲ့ခံယူချက်နဲ့ သင့်ခံယူချက်ကလည်း တူနိုင်မှာမဟုတ်ပါဘူး။

၃) သင့်စိတ်ကို အခြားလူတွေနားလည်မှု
အခြားလူတွေနဲ့ ပြဿနာတက်တဲ့အခါတိုင်း ဘာလို့များ ကိုယ့်စိတ်ကိုနားမလည်နိုင်တာလဲလို့ တွေးမိတယ်မဟုတ်လား။ အဲဒီ့အခါကျရင် ပြန်တွေးလိုက်ပါ။ သင့်စိတ်ကို အခြားလူတွေနားလည်ဖို့ မျှော်လင့်ထားလို့မရနိုင်ပါဘူး။ လူတိုင်းက ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်တောင် ရန်ဖြစ်နေကြတာပါ။ အဲဒါကြောင့် အခြားလူတစ်ယောက်ရဲ့စိတ်ကိုနားလည်ဖို့ မဖြစ်နိုင်ပါဘူး။

၄) အခြားလူတွေက သင့်ကိုနေရာပေးမှု
လူတိုင်းလိုလိုက သင့်ကို အသိအမှတ်ပြုလိမ့်မယ်၊ နေရာပေးလိမ့်မယ်လို့ သင်တွေးထင်မျှော်လင့်နေလို့မရပါဘူး။ အထက်ကပြောသလိုပေါ့ တန်ဖိုးထားမှုခြင်းမတူတဲ့အခါ သင့်ကိုလည်း အသိမှတ်ပြုသူရှိသလို အသိအမှတ်မပြုသူလည်းရှိနိုင်ပါတယ်။ လူတိုင်းက သင့်တန်ဖိုးကို သိပြီး အသိအမှတ်ပြု၊ နေရာပေးမှာမဟုတ်ပါဘူး။

၅) သင့်ခံစားချက်တွေကို အပြည့်အဝနားလည်မှု
စိတ်ခံစားချက်တွေမကောင်းတဲ့အခါ အခြားသူတစ်ယောက်ကိုရင်ဖွင့်တတ်ကြပါတယ်။ ဒါပေမယ့် သင့်စိတ်ခံစားချက်တိုင်းကို လူတိုင်းက အပြည့်အဝနားလည်နိုင်မှာမဟုတ်ပါဘူး။ သင့်ခံစားချက်ကို အပြည့်အဝနားမလည်နိုင်ခြင်းကို ခံစားနေလို့လည်း မဖြစ်ပါဘူး။ သင့်ခံစားချက်ကိုနားမလည်ဘူးလို့ သင်တွေးထင်လာတိုင်း “လူတိုင်းကကိုယ့်ခံစားချက်ကို အပြည့်အဝဘယ်နားလည်နိုင်ပါ့မလဲ” လို့ပြန်တွေးလိုက်ပါ။ ဖြေသာပါလိမ့်မယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။