ကံကောင်းစေမယ့် နည်းလမ်း ၇ခု

ကံကောင်းစေမယ့် နည်းလမ်းတွေက သင်လုပ်နိုင်တဲ့အချက်တွေချည်းပါပဲ။ ကံကောင်းစေမှာမို့ ဥုံဖွဆိုပြီး ကံကောင်းလာမှာတော့မဟုတ်ပါဘူးနော်။ သင်လုပ်သင့်တာတွေကို လုပ်မှ ကံကောင်းမှာဖြစ်ပါတယ်။ မင်မင်တို့ ကြားဖူးနေကျဖြစ်တဲ့ ကံဆိုတာအလုပ်၊ အလုပ်ကောင်းရင်ကံကောင်းမယ်ဆိုတဲ့စကားလိုပေါ့။ တကယ်စေတနာထားအလုပ်လုပ်ခြင်းဟာ သင့်ကို ကံကောင်းလာစေမှာဖြစ်ပါတယ်။


၁) ဇွဲရှိရှိကြိုးစားပါ။
ဘယ်အလုပ်မှာမဆို မအောင်မြင်တာနဲ့တင် စိတ်ဓာတ်ကျပြီး နောက်ဆုတ်လိုက်တာမျိုးက တကယ်မအောင်မြင်နိုင်တော့ပါဘူး။ ကိုယ်တကယ်ဇွဲရှိရှိကြိုးစားခဲ့ပြီးပြီလား…..လို့ မေးကြည့်လိုက်ပါ။ တကယ်ကြိုးစားပါ။ ကံကောင်းတဲ့အချိန်ရောက်လာပါလိမ့်မယ်။

၂) ပြုံးရွှင်ရယ်မောတတ်ပါစေ။
အမြဲပြုံးရွှင်ရယ်မောပြီး စိတ်ညစ်စရာတွေ ဝေးဝေးထားတတ်သူဟာ အကောင်းမြင်စိတ်များလာပါတယ်။ အဲဒီ့အတွက် ဘယ်လိုအခြေအနေမျိုးမှာမဆို အဆိုးမြင်စိတ်နည်းလာစေပါတယ်။ အဲဒီ့အတွက် လုပ်သမျှဖြစ်မြောက်အောင်မြင်နိုင်မယ့်အခွင့်အလမ်းများလာစေတာပေါ့။

၃) အကြင်နာတရားနဲ့ဆက်ဆံပါ။
လူတိုင်းအပေါ် အဆင့်အတန်းခွဲခြားဆက်ဆံတာထက် အကြင်နာတရားနဲ့ဆက်ဆံတတ်ခြင်းက သင့်ကိုပီတိဖြစ်စေပါတယ်။ အကြင်နာတရားကြောင့် သင့်စိတ်ချမ်းသာရပါလိမ့်မယ်။ အဲဒါက သင့်စိတ်ကို အကောင်းမြင်စိတ်များလာစေပါတယ်။

၄) ကိုယ်မရသင့်တာကို မယူချင်ပါနဲ့။
ကိုယ်တကယ်မရသင့်တာကို လိုချင်တပ်မက်တဲ့စိတ်များလာတဲ့အခါ လောဘစိတ်များလာပါတယ်။ လောဘစိတ်ကြောင့် ကိုယ်လိုချင်တာတွေမရနိုင်တဲ့အခါဒေါသစိတ်ပါများလာစေနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်မရသင့်တာကို လိုချင်စိတ်မထားပါနဲ့။

၅) လူတိုင်းအပေါ်စိတ်ကောင်းထားပါ။
ကိုယ်ပြုသမျှ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်ဆိုတဲ့စကားကအမှန်ပါ။ အခြားလူတစ်ယောက်အပေါ် စိတ်ကောင်းမထားခြင်းဟာ သင့်အပေါ်ပဲ တနည်းနည်းနဲ့ သင့်အပေါ် ပြန်လည်ကျရောက်နိုင်တာဖြစ်တဲ့အတွက် သင်မကောင်းတဲ့စိတ်ထားတဲ့အခါ သင်ပဲ မကောင်းတာတွေပြန်ရနိုင်သလို သင်ကောင်းတဲ့စိတ်ထားတဲ့အခါ သင်ကောင်းတာတွေပြန်ရနိုင်တာပေါ့။

၆) ဘာလုပ်လုပ်စေတနာအပြည့်ထားပြီးလုပ်ပေးပါ။
ဒါကလည်း အလားတူပါပဲ။ ဘယ်အလုပ်မဆို တစ်ယောက်ယောက်အတွက်စေတနာထားလုပ်ပေးလိုက်ခြင်းမျိုးက ကိုယ်မမျှော်လင့်ထားတဲ့ရှု့ထောင့်ကနေ ကိုယ့်ထံပြန်ရောက်လာစေပါတယ်။

၇) ဘယ်လိုအခြေအနေမျိုးမှာမဆို အကောင်းဘက်ကရှာတွေးပါ။
ဒါက အကောင်းမြင်စိတ်ဖြစ်ပေါ်စေဖို့ပါပဲ။ ဘယ်လောက်ဆိုးတဲ့အခြေအနေဖြစ်ဖြစ် တနည်းနည်းနဲ့ဖြေရှင်းနိုင်ဖို့အတွက် “ငါဖြေရှင်းနိုင်တယ်” ဆိုတဲ့အကောင်းမြင်စိတ်လည်းလိုအပ်ပါတယ်။ အဲဒါကြောင့် အကောင်းမြင်စိတ်ရှိဖို့ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အကောင်းဘက်က ရှာကြံတွေးတတ်ဖို့လိုပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။