ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်သဘောကျဖို့လိုအပ်တဲ့အရာတွေကဘာတွေလဲ။
ကိုယ့်ကိုယ်ကိုယ်အမှန်တကယ်သဘောကျဖို့ဆိုတာ လူတစ်ယောက်မှာလိုကိုလိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ချစ်တယ်၊ ကိုယ့်ရဲ့့ဖြစ်တည်မှုကို တန်ဖိုးထားတယ်။ ကိုယ့်ကိုယ်ကိုယ်လေးစားတယ်။ ကိုယ့်ရဲ့အကျင့်သိက္ခာနဲ့ ကိုယ့်ရဲ့လုပ်ဆောင်ချက်တိုင်းကို ကိုယ်တိုင်သဘောကျတယ်၊ နှစ်သက်တယ်ဆိုတာမျိုးက ကိုယ့်အတွက်မဖြစ်မနေလိုအပ်ပါတယ်။ မဟုတ်ရင် ကိုယ့်စိတ်နဲ့ကိုယ်တောင် အလိုမကျဘဲ ရန်ဖြစ်နေတာ၊ ကိုယ်တိုင် မလုပ်ချင်တာ၊ မလုပ်သင့်တာကို လုပ်မိလေခြင်းဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ပြီ မုန်းတီးတာ ၊ စိတ်တိုဒေါသထွက်တာ ၊ ကိုယ့်ကိုယ်ကိုယ်အလိုမကျတာတွေဖြစ်လာနိုင်ပါတယ်။ ဖြစ်လည်းဖြစ်ဖူးကြမယ်ထင်ပါတယ်နော်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အမှန်တကယ်သဘောကျဖို့ လိုအပ်တဲ့အဓိက အချက်တွေကိုပြောပြပေးချင်ပါတယ်။
Covid ကာလအတွင်း စျေးသွားရာမှ အိမ်ပြန်ရောက်တဲ့အခါ လုပ်သင့်တဲ့အချက်များ
ဒီကာလမှာ နေ့တိုင်းစျေးဝယ်လို့မဖြစ်ဘဲ တစ်ပတ်တစ်ခါတော့ အနည်းဆုံးစျေးဝယ်ကြရမယ်ထင်ပါတယ်။ စျေးက လူစုံပြီး လူစည်တဲ့အတွက်လည်း ပိုးအများဆုံးကူးစက်ရာဖြစ်နေနိုင်သလို စားဝတ်နေရေးအတွက်ကလည်း မဖြစ်မနေမို့ သွားရတဲ့အခါ သတိလေးကပ်ပြီး ပြင်ဆင်သွားမှ တန်ရာကျမှာပါ။ Covid ရောဂါပိုးဟာ တစ်ယောက်တည်းဖြစ်ပြီး တသီတန်းကြီးခံစားကြရတဲ့ပြဿနာမို့ ကိုယ်ကစပြီး တစ်မိသားစုလုံး အသိရှိရှိလိုက်နာကာကွယ်နိုင်မှဖြစ်မှာပါ။ အဲဒါကြောင့် မတတ်သာလို့ တစ်ပတ်တစ်ခါ စျေးသွားကြရင်ဖြစ်ဖြစ် စျေးကနေအိမ်ကိုပြန်ရောက်တဲ့အခါ သတိထားသင့်တဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။
ကလေးကို ချစ်ခြင်းမေတ္တာအခြေခံဖြင့် ပြုစုပျိုးထောင်ပေးပါ။
ဒီစကားလေးကတော့ လူတိုင်းသိပြီးသား ရိုးရှင်းတဲ့စကားလေးပါပဲ။ ဒါပေမယ့် လိုက်နာဆောင်ရွက်ဖို့ကျတော့ ခက်ခဲသလို၊ လွယ်လည်းမလွယ်ကူသလို ရိုးလည်းမရိုးရှင်းပါဘူး။ ဘာကြောင့် အချိန်တိုင်းကလေးကို ချစ်ခြင်းမေတ္တာတွေနဲ့ချည်းဆက်ဆံရတာ မရိုးရှင်းရမှာလဲဆိုရင် ကလေးထိန်းဖူးတဲ့ ကလေးအမေတွေက ပိုပြီးသိမယ့်ထင်ပါတယ်နော်။ ကလေးကိုတော့ချစ်ပါရဲ့၊ အချိန်တိုင်း ချစ်ခြင်းမေတ္တာအပြည့်အဝနဲ့တော့ ဆက်ဆံဖို့က မဖြစ်နိုင်ပါဘူး။ ကိုယ့်က အလုပ်ရှုပ်နေတဲ့အချိန် ကလေးက ဂျီကျတာမျိုးရှိမယ်၊ ကိုယ်ကမလုပ်စေချင်တာကို ကလေးက အတင်းလုပ်ချင်လို့ ဆူရပူရတာမျိုးရှိမယ်၊ ကိုယ်က မအားသေးတဲ့အချိန်မှာ ကလေးက အိပ်ချင်လို့ စိတ်ဆိုးစိတ်ကောက်တာမျိုးရှိမယ်၊ ကိုယ်က အလုပ်အတွက်မီတင်လုပ်နေချိန်မှာ ကလေးက နားမလည်ဘဲ အတင်းငိုယိုနေလို့ ချော့မရတာမျိုးရှိမယ် စသဖြင့်ပေါ့။ အဲဒီလိုအခြေအနေမျိုးတွေမှာ ကလေးကို ချစ်ခင်ပေမယ့် စိတ်ကတော့ မရှည်နိုင်တော့သလို၊ စကားလည်း ချိုသာစွာပြောဖို့က အင်မတန် စိတ်ရှည်ပြီး လေ့ကျင်ယူထားမှရနိုင်တာပါ။
ကျန်းမာရေး ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ
အကြွေးနွံထဲနစ်နေတဲ့သူများ ဆောင်ရန်ရှောင်ရန်
ဒီနေ့ခေတ်မှာ လိုချင်စရာတွေပိုပြီးများလာတာတဲ့အတွက် ပိုပြီးလည်း ငွေသုံးများလာကြပါဝယ်။ အသုံးများလာတာနဲ့အတူ ငွေချေးပြီးသုံးတဲ့အကျင့်တွေလည်း ပိုပြီးတွင်ကျယ်လာကြပါတယ်။ ငွေချေးတုန်းကတော့ အလွယ်တကူဖြစ်ပေမယ့် အကန့်အသတ်တစ်ခုအနေနဲ့ မသတ်မှတ်ထားမိရင် ကိုယ်မသိလိုက်တဲ့အချိန်မှာပင် အကြွေးတွေပုံလာစေပါတယ်။ အကြွေးတွေပုံလာပြီး အကြွေးဆပ်ဖို့ အကြွေးထပ်ယူတာမျိုးဖြစ်လာနိုင်ပါတယ်။ မဆုံးနိုင်တဲ့အကြွေးသံသရာထဲလည်နေတတ်ပါတယ်။ အဲဒါကြောင့် အကြွေးနွံထဲနစ်သထက်နစ်နေတာမျိုးမဖြစ်စေဖို့ ချင့်ချိန်တတ်ဖို့လိုပါတယ်။
လူချစ်လူခင်များအောင် ဘာလုပ်သင့်သလဲ။
လူချစ်လူခင်များတယ်....ဆိုတာက ဒီဘက်ခေတ်မှာပိုပြီးလိုအပ်လာတဲ့ စကေးတစ်ခုပါပဲ။ တနည်းအားဖြင့် လူချစ်လူခင်များတယ်ဆိုတာ ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်ဆိုတဲ့သဘောပါပဲ. ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့အခါ နေရာပေါင်းစုံ နယ်ပယ်ပေါင်းစုံက လူပေါင်းစ့ုနဲ့အဆင်ပြေအောင်ပေါင်းသင်းတတ်တဲ့အတွက် ကိုယ့်အတွက်လည်း ကျယ်ပြန့်တဲ့အသိုင်းအဝန်းရရှိစေပြီး အခွင့်အလမ်းပေါင်းများစွာကိုလည်း အမြင်ကျယ်လာနိုင်ပါတယ်။ အဲဒါကြောင့် ပတ်ဝန်းကျင်မှာ လူချစ်လူခင်များအောင် နေထိုင်တတ်သူတွေကိုလေ့လာကြည့်သလောက် အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။
ဘဝက တိုတောင်းလွန်းတယ်ဆိုတာကို လူတိုင်းလိုလိုက မေ့နေတတ်ကြပါတယ်။ ဘဝရဲ့ရပ်တည်ရှင်သန်မှု၊ ဘဝရဲံအခက်အခဲ၊ စားဝတ်နေရေး စတဲ့မပြေလည်မှုတွေကြားထဲမှာ လှုပ်ရှားရုန်းကန်ရင်းနဲ့ ဘဝအမောတွေကြားထဲမှာသာ ထူပူနေတတ်ကြပါတယ်။ အဲဒီလိုရုန်းကန်လှုပ်ရှားနေရင်းနဲ့မှ အမုန်းတရားတွေ၊ သောကတွေ, မာန်မာနတွေကြားထဲမှာပဲ အလုပ်ရှုပ်နေတတ်ကြပြန်ပါတယ်။အဲဒီ့စိတ်တွေကြားမှာ နေထိုင်ရင်း ကိုယ်ဟာလည်း အချိန်မရွေးသေခြင်းတရားနဲ့ထိတွေ့သွားနိုင်တယ်ဆိုတာမေ့နေတတ်ကြပါတယ်။
အလုပ်ခွင်မှာထားရှိသင့်တဲ့စိတ်ထားများ (၁)
တစ်နေ့မှာ အလုပ်ချိန်ဟာ ပျမ်းမျှ၈နာရီခန့်ရှိတာမို့ ရုံးအားရက်ကလွဲပြီး တစ်နေ့တာရဲ့အချိန်တော်တော်များများကို အလုပ်ချိန်နဲ့ကုန်ဆုံးဖြစ်ပါတယ်။ အဲဒါကြောင့်အလုပ်ခွင်မှာ ပျော်ရွှင်ခြင်းဟာဘဝမှာပျော်ရွှင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အလုပ်ခွင်မှာ ပျော်ရွှင်တဲ့အခါ ဘဝမှာလည်း ပိုပြီးပျော်ရွှင်နိုင်တာပေါ့။ အဲဒီလိုအလုပ်ခွင်မှာပျော်ရွှင်ဖို့ဆိုတာက အလုပ်ွင်မှာ ထားရှိသင့်တဲ့စိတ်ထားမျိုးကိုလည်း မွေးမြူသင့်တာမွေးမြူရမှာပါ။ #BAWA101
သင့်စိတ်ကျန်းမာစေဖို့လုပ်သင့်တဲ့အချက်များ
ဒီကာလမှာအားလုံးဟာအနည်းနဲ့အများ စိတ်ဖိစီးမှုတွေရှိနေကြမှာပါ။ အဲဒါကြောင့် ကိုယ့်စိတ်ဖိစီးမှုကိုလည် ကိုယ်က သတိလေးထားပြီး စောင့်ကြည့်ကာ စိတ်ဖိစီးမှုပြေပျောက်အောင်လုပ်ဆောင်သင့်တာတွေလုပ်ဖို့လိုပါတယ်.။ စိတ်ကျန်းမာနေတဲ့အခါ ကိုယ်ကျန်မာရေကိုလည်း ပိုဂရုစိုက်နိုင်သလို၊ အခြားသော ကဏ္ဏတွေမှာလည်း အဆင်ပြေအောင်ကြိုစားဖို့အထောက်အကူပြနိုင်ပတယ်။ အဲဒါကြောင့်အလွယ်ဆုံးလုပ်နိုင်တဲ့အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။
Social Media ကတဆင့် သင့်ရဲ့စိတ်ကျန်းမာရေးကို ထိခိုက်စေသောကိစ္စများ
တကယ်တော့ ကျွန်တော်တို့စွဲစွဲလမ်းလမ်းသုံးနေတဲ့ Social Media ပေါ်မှာ နေ့စဥ်မြင်နေတွေ့နေရတဲ့အရာတွေမှာ တချို့အရာတွေဟာ ကျွန်တော်တို့ရဲ့စိတ်ကျန်းမာရေးကို မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုးနဲ့ ထိခိုက်စေပါတယ်။ အဲဒီ့အကြောင်းတရားတွေမှာ ဘယ်လိုအကြောင်းတရားတွေပါနေမလဲဆိုတာဖော်ပြထားပါတယ်။ စာဖတ်သူတို့လည်း တွေးမိတဲ့အချက်တွေရှိရင် ကွန်မန့်မှာထပ်ဖြည့်ပေးပါအုံးနော်။