Covid ကာလအတွင်း စျေးသွားရာမှ အိမ်ပြန်‌ရောက်တဲ့အခါ လုပ်သင့်တဲ့အချက်များ

ဒီကာလမှာ နေ့တိုင်းစျေးဝယ်လို့မဖြစ်ဘဲ တစ်ပတ်တစ်ခါတော့ အနည်းဆုံးစျေးဝယ်ကြရမယ်ထင်ပါတယ်။ စျေးက လူစုံပြီး လူစည်တဲ့အတွက်လည်း ပိုးအများဆုံးကူးစက်ရာဖြစ်နေနိုင်သလို စားဝတ်နေရေးအတွက်ကလည်း မဖြစ်မနေမို့ သွားရတဲ့အခါ သတိလေးကပ်ပြီး ပြင်ဆင်သွားမှ တန်ရာကျမှာပါ။ Covid ရောဂါပိုးဟာ တစ်ယောက်တည်းဖြစ်ပြီး တသီတန်းကြီးခံစားကြရတဲ့ပြဿနာမို့ ကိုယ်ကစပြီး တစ်မိသားစုလုံး အသိရှိရှိလိုက်နာကာကွယ်နိုင်မှဖြစ်မှာပါ။ အဲဒါကြောင့် မတတ်သာလို့ တစ်ပတ်တစ်ခါ စျေးသွားကြရင်ဖြစ်ဖြစ် စျေးကနေအိမ်ကိုပြန်‌ရောက်တဲ့အခါ သတိထားသင့်တဲ့အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။


၁) Mask/Face shield လက်အိတ်စွပ်သွားပါ။
အိမ်ကမထွက်ခင်ကတည်းက Mask သေချာလုံအောင်တပ်မယ်။ Face shield သေချာတပ်မယ်။ လက်အိတ်စွပ်သွားမယ်။ လက်အိတ်စွပ်ပေမယ့်လည်း ကိုယ့်ရဲံမျက်နှာတစ်ဝိုက်ကို လက်နဲ့မကိုက်တွယ်မိဖို့ အရေးကြီးတာပါပဲ။ ဘယ်လောက်ခင်မင်ရင်းနှီးသူဖြစ်ဖြစ် Mask / Face shield ချွတ်ပြီး လုံးဝ စကားမပြောဖို့လိုပါတယ်။ ပြီးတော့ အိမ်ကိုပြန်မရောက်မချင်း Mask / Face shield မချွတ်ဖို့သတိထားပါ။
၂)အပြင်ကပါလာတဲ့ပလပ်စတစ်အိတ်တွေကို တခါတည်းစွန့်ပစ်ပါ။ ပြီးလျှင်လက်ဆေးပါ။
အိမ်‌ရောက်တာနဲ့ Mask / Face shield မချွတ်သေးဘဲ လက်အိတ်ချွတ်လက်ဆေးပါ။ ပါလာသမျှ အထုပ်တွေကို ဖြည်ပြီး အပြင်ကပါလာသမျှ ပလပ်စတစ်အိတ်တွေအားလုံးကို အမှိုက်ပုံးထဲသေချာစွန့်ပစ်ပါ။ ပလပ်စတစ်တွေကိုကိုင်ပြီးတဲ့အခါ လက်ကိုနောက်တစ်ခါထပ်‌ဆေးပါ။ ပြီးမှ Mask / Face Shield ချွတ်ပါ။ Face Shield ကို ဆပ်ပြာနဲ့တခါတည်း ဆေးကြောပါ။ ဒါမှမဟုတ် ပိုးသတ်ဆေးဖြန်းပါ။
၃)ပိုးသတ်ဆေးဖြန်းနိုင်တဲ့ ပါဆယ်၊ ဘူးခွံ့ပါပစ္စည်းတွေကို ပိုးသတ်ဆေးဖြန်းပါ။
ဘူးခွံအိတ်ခွံပါတဲ့ လုံတဲ့ပစ္စည်းတွေကို ဆပ်ပြာနဲ့ဆေးကြောတာဖြစ်ဖြစ်လုပ်ပါ။ ပိုးသတ်ဆေးဖြန်းသင့်တာဖြန်းပါ။
၄) အသီးအရွက်များကို ဇလုံတစ်ခုထဲစုထည့်ပြီး ဆားရေစိမ်ထားလိုက်ပါ။
အသီးအရွက်၊ အသီးအနှံတွေကိုတော့ ဇလုံကြီးထဲပေါင်းထည့်ပြီးရေဆေးပါ။ ဆားရည်စိမ်ထားလိုက်ပါ။ တခြားပိုးမွှားတွေလည်း ပိုးသတ်ပြီးသားဖြစ်စေပါတယ်။
၅) ချက်ချင်းရေချိုးပစ်ပါ။
အားလုံးပြင်ဆင်ပြီးတာနဲ့ အိမ်ကပစ္စည်းဘာကိုမှ မထိတွေ့ဘဲ ချက်ချင်းရေချိုးလိုက်ပါ။
၆) အပြင်ကပြန်လာတဲ့အဝတ်တွေသီးခြားထားပါ ဒါမှမဟုတ် လျှော်ဖွတ်လိုက်ပါ။
စျေးကပြန်လာတဲ့အဝတ်တွေကို ချက်ချင်းလျှော်ဖွတ်တာဖြစ်ဖြစ်၊ ဆပ်ပြာရည်စိမ်တာဖြစ်ဖြစ် လုပ်ထားသင့်ပါတယ်။ တခြားအဝတ်တွေနဲ့ရောမထားသင့်ပါဘူး။ တကယ်လို့အပြင်က ပိုးမွှားတွေပါလာခဲ့ရင် လေထုထဲပြန့်နေမှာစိုးသောကြောင့်ဖြစ်ပါတယ်။ စျေးကဝယ်ပြီး ပိုငွေအဖြစ်ပြန်ပါလာတဲ့ ငွေတွေကိုလည်း အိတ်တစ်လုံးနဲ့စုထည့်ပြီး ပိုးသတ်ဆေးဖြန်းထားလိုက်သင့်ပါတယ်။
ဒီအချက်တွေလောက်ဆိုရင် စျေးသွားတဲ့အခါ ကိုယ်တိုင်လည်း စိတ်ရှင်းသလို၊ ကိုယ့်အတွက် အသေးစိတ်ကာကွယ်ပြီးသားလည်းဖြစ်ပါတယ်။ စျေးထဲမှာ စျေးဝယ်တဲ့အခါ လူအုံနေတဲ့ဆိုင်၊ လူများနေတဲ့နေရာဆို ရှောင်လိုက်တာပိုကောင်းပါတယ်။ ဒါမှမဟုတ် လူရှင်းမှ တစ်ပတ်ပြန်လှည့်ပြီးဝယ်တာမျိုးပေါ့။ အတင်းတိုးဝှေ့ပြီး မရရအောင်ဝယ်တာမျိုးတွေ မလုပ်သင့်ပါဘူး။ စျေးကိုလည်း လူရှင်းချိန်ရွေးသွားတာ ပိုစိတ်ချရပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။