လူချစ်လူခင်များအောင် ဘာလုပ်သင့်သလဲ။

လူချစ်လူခင်များတယ်....ဆိုတာက ဒီဘက်ခေတ်မှာပိုပြီးလိုအပ်လာတဲ့ စကေးတစ်ခုပါပဲ။ တနည်းအားဖြင့် လူချစ်လူခင်များတယ်ဆိုတာ ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်ဆိုတဲ့သဘောပါပဲ. ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့အခါ နေရာပေါင်းစုံ နယ်ပယ်ပေါင်းစုံက လူပေါင်းစ့ုနဲ့အဆင်ပြေအောင်ပေါင်းသင်းတတ်တဲ့အတွက် ကိုယ့်အတွက်လည်း ကျယ်ပြန့်တဲ့အသိုင်းအဝန်းရရှိစေပြီး အခွင့်အလမ်းပေါင်းများစွာကိုလည်း အမြင်ကျယ်လာနိုင်ပါတယ်။ အဲဒါကြောင့် ပတ်ဝန်းကျင်မှာ လူချစ်လူခင်များအောင် နေထိုင်တတ်သူတွေကိုလေ့လာကြည့်သလောက် အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) ပြုံးတတ်အောင်ကြိုးစားပါ။
မျက်နှာချိုတဲ့လူတော်တော်များများကို လူအများက ချစ်ခင်တတ်ကြပါတယ်။ တနည်းအားဖြင့် မျက်နှာကိုမြင်တာနဲ့တင် ရှိန်မနေတော့ဘဲ နုတ်ဆက်စကားဆိုတာ အာလပ သလပပြောတာမျိုး လုပ်ရဲတာပေါ့။ အဲလိုမဟုတ်ဘဲ မျက်နှာက ခပ်တည်တည်၊ ပြုံးအရယ်မရှိ၊ နုတ်ဆက်မိရင် ချက်ချင်းအော်ငေါက်ပစ်လိုက်မယ်ထင်ရတဲ့မျက်နှာနဲ့ဆိုရင် ဘယ်လောက်သဘောကောင်းပါစေ ဘယ်သူကမှ လာပြီးပတ်သက်ရဲမှာမဟုတ်ပါဘူးနော်. အဲဒါကြောင့် အပြင်ပန်းအသွင်အပြင်က အရေးမကြီးဘူးဆိုပေမယ့်လို့ ရုတ်တရက်မြင်လိုက်ရင် ပြုံးပြလိုက်တာမျိုးနဲ့ နုတ်ဆက်ရဲအောင် မျက်နှာချိုတာမျိုးတော့ ပေါင်းသင်းဆက်ဆံရေးအတါက်လိုအပ်ပါတယ်။ တချို့ကျတော့လည်း မျက်နှာချိုလွန်းလို့ တွေ့သမျှလူကို အတင်းလိုက်ရောနေတာမျိုးနဲ့တော့မတူပါဘူး။ အဲဒီလိုအတင်းလိုက်‌ရောတတ်ပြန်ရင်လည်း မလေးစားတတ်တဲ့လူတွေရှိပါတယ်။ အဲဒါကြောင့် အတင်းလိုက်ရောတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုစကားပြောရဲ ၊ နုတ်ဆက်ရဲလောက်အောင်တော့ မျက်နှာမှာ ပြုံးတတ်ဖို့လိုပါတယ်။

၂) ကူညီသင့်တဲ့လူကို ကူညီတတ်ပါစေ။
မျက်နှာချိုရုံတင်မကဘူး၊ တပါးသူအခက်အခဲတွေကို မြင်လည်း မနေတတ်ဘဲ ဝင်ကူညီတတ်သူတွေဟာလည်း လူချစ်လူခင်ပေါပါတယ်။ ခက်ခဲနေတဲ့လူ၊ ဒုက္ခရောက်နေတဲ့လူတွေကို ပင်ကိုယ်စိတ်ရင်းနဲ့ စေတနာပြည့်ဝစွာကူညီတတ်သူတွေဟာ လူအများချစ်ခင်ခြင်းကိုခံရပါတယ်။ ကိုယ့်ရဲ့ပင်ကိုယ်စိတ်ကမပါဘဲ တမင်းဖန်တီးယူပြီး ဟန်ဆောင်ကူညီတာမျိုးကလည်း အချိန်ကြာကြာမခံနိုင်ပါဘူးနော်။ ဘာကိုမှမမျှော်ကိုးဘဲ စေတနာအပြည့်နဲ့ကူညီချင်စိတ်ရှိတာမျိုးက စေတနာရောင်ပြန်ဟပ်တဲ့သဘောပါပဲ။

၃)အကောင်းမြင်တတ်ပါ။
ဒီနေရာမှာ အကောင်းမြင်တယ်ဆိုတာ တဖက်သားနဲ့ပတ်သက်ပြီး အကောင်းဘက်ကလှည့်တွေးလိုက်တာမျိုးပါ။ ကိုယ့်ကို ထိခိုက်နစ်နာအောင်လုပ်သွားတဲ့လူတစ်ယောက်ကို အဆပေါင်းများစွာ ပြန်နာကျင်အောင်လုပ်ချင်တယ်ဆိုတဲ့စိတ်ရှိရင် အဲဒီ့လူက မနာကျင်ခင်မှာပဲ ကိုယ့်စိတ်ထဲမှာတင် ကိုယ့်ရဲ့ဒေါသနဲ့ကိုယ်အရင်နာကျင်ပူလောင်နေရတတ်ပါတယ်။ အဲဒီလို စိတ်မျိုးမမွေးဘဲ အခြားသူရဲ့အပြုအမူတိုင်းကို ကိုယ့်အထင်နဲ့ကိုယ်တွေးပြီး သံသယရှိနေတာမျိုးလည်း အလားတူပါပဲ။ ဥမာ။ သူကငါ့ကို တမင်လုပ်တာ၊ သူကငါ့ကိုမို့တမင်မခေါ်တာ၊ သူက ငါ့ကိုမို့ တမင်အကျင့်ပုတ်တာ စသဖြင့်တွေးနေတာမျိုးတွေကိုပြောချင်တာပါ။ တခါတလေကျရင် ကိုယ့်အတွေးနဲ့ ကိုယ်တွေးထင်နေတာက ဆိုးဝါးနေတတ်ပါတယ်။ တဖက်ကမှာ အလားတူအတွေးမျိုး တွေးချင်မှတွေးတာပါ။ အဲဒါကြောင့် ကိုယ်မသိရင် အကောင်းဘက်ကနေသာတေါးပေးလိုက်ပါ။ ကိုယ်အရင်စိတ်ချမ်းသာသွားပါတယ်၊ ကိုယ့်စိတ်ထဲလည်း ရှင်းနေတဲ့အတွက် မျက်နှာမှာလည်း ကြည်ပြီး ပြုံးရွှင်နေစေပါတယ်။ ကိုယ့်စိတ်ထဲလူတစ်ယောက်ကို သံသယမရှိတဲ့အတွက် လူတိုင်းကိုလည်း ဆက်ဆံတဲ့အခါ အကောင်းဆုံးဆက်ဆံလာတတ်ပါတယ်။

၄)ကိုယ်ချင်းစာစိတ်နဲ့တွေးပေးပါ။
ဘယ်သူ့ကိုမဆို ကိုယ်ချင်းစာစိတ်နဲ့ဖြည့်တွေးပေးလိုက်ပါ။ အဲဒါက ကိုယ့်စိတ်ကို မမုန်းမပွားဘဲ ကြည်လင်စေပါတယ်။ “အော်....ငါသာဆို သူ့နေရာမှာလည်း ဒိလိုဖြစ်မှာပဲထင်တယ်” ဆိုတဲ့အတွေးလေးတွေးမိတဲ့အခါ တဖက်လူအပေါ် အမြင်စောင်းနေရင်တောင် ပြေလျော့သွားစေပါတယ်။ စိတ်ထဲမှာ သံသယ၊ အမျက်ဒေါသ မာန်မာန မရှိတဲ့အခါ မျက်နှာကလည်း ပြုံးရွှင်ပြီး ကြည်လင်နေပါတယ်။ အခြားသူတေါကို ပိုပြိးအကောင်းမြင်စိတ်နဲ့တွေးပေးလာတတ်ပါတယ်။

၅) ရယ်မောစရာပြောတတ်ပါစေ။
စာဖတ်များတဲ့လူက အမြင်ကျယ်ပြီး ဟာသတော်တော်များများလည်းပြောတတ်ကြပါတယ်။ တချို့ကျတော့လည်း ဟာသဥာဏ်ကိုရှိတာပါ။ အဲဒီလိုလူတွေကို ပိုပြီးလူခင်ကြပါတယ်။ တခုခုစိတ်ညစ်စရာရှိရင်တောင် ရယ်စရာလုပ်ပစ်တတ်ကြလိုပါပဲ။ အဲဒါကြောင့် ရယ်မောစရာပြောတတ်ခြင်းဟာလည်း လူချစ်လူခင်ပေါစေတဲ့ စကေးတစ်ခုပါပဲ။

၆) အကြင်နာတရားထားပါ။
စူပူဆောင့်အောင့်ပြီး မျက်နှာက အမြဲပူလောင်ခက်ထန်နေတဲ့သူက ဘယ်လောက်အတါင်းစိတ်ထားကောင်းကောင်း အပြင်ပန်းအမြင်မှာတင် လူတွေက သိပ်ပြီး မပေါင်းရဲကြပါဘူး။ ခပ်ချေချေနေတတ်တယ်ဆိုပြီး ရှိန်နေတတ်တာမျိုးပါ။ ပြီးတော့တခုခုဆို နုတ်ကြမ်းတဲ့လူတွေထက် ထဆက်သားအပေါ်ကြင်ကြင်နာနာဆက်ဆံတတ်သူတွေက ပိုပြီးလူချစ်လူခင်ပေါပါတယ်။ အဲဒါကြောင့် ကြင်နာတတ်ခြင်းဟာလည်း လူချစ်လူခင်ပေါစေတဲ့ဆေးနည်းတစ်မျိုးပါပဲ။

၇)မျှဝေတတ်ပါစေ။
အခြားသူရဲ့အခက်အခဲအကြပ်အတည်းကို ကိုယ့်မှာရှိတာလေးနဲ့မျှဝေပေးတတ်သူဟာလည်း လူအများက ချစ်ခင်တတ်ကြပါတယ်။
တနည်းအားဖြင့်တော့ လူချစ်လူခင်များအောင် အတင်းလုပ်ယူတာမျိုးမဟုတ်ဘဲ လူသားချင်းစာနာစိတ်ရှိတတ်သူတော်တော်များများရဲ့အမူအကျင့်တွေရှိသူအချို့ဟာ လူချစ်လူခင်များတာကို တွေ့ရပါတယ်။ ဟန်ဆောင်ပန်ဆောင်နဲ့ လူချစ်လူခင်များဖို့ အတင်းလုပ်ယူနေလဲ ဟန်ဆောင်မှုဟာတာရှည်မခံတာမို့ ပင်ကိုယ်စိတ်ရင်းကောင်းပြီး ဖော်ရွေတတ်သူတော်တော်များများဟာ လူချစ်လူခင်များတတ်ကြတာပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။