အလုပ်ခွင်မှာထားရှိသင့်တဲ့စိတ်ထားများ (၁)
တစ်နေ့မှာ အလုပ်ချိန်ဟာ ပျမ်းမျှ၈နာရီခန့်ရှိတာမို့ ရုံးအားရက်ကလွဲပြီး တစ်နေ့တာရဲ့အချိန်တော်တော်များများကို အလုပ်ချိန်နဲ့ကုန်ဆုံးဖြစ်ပါတယ်။ အဲဒါကြောင့်အလုပ်ခွင်မှာ ပျော်ရွှင်ခြင်းဟာဘဝမှာပျော်ရွှင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အလုပ်ခွင်မှာ ပျော်ရွှင်တဲ့အခါ ဘဝမှာလည်း ပိုပြီးပျော်ရွှင်နိုင်တာပေါ့။ အဲဒီလိုအလုပ်ခွင်မှာပျော်ရွှင်ဖို့ဆိုတာက အလုပ်ွင်မှာ ထားရှိသင့်တဲ့စိတ်ထားမျိုးကိုလည်း မွေးမြူသင့်တာမွေးမြူရမှာပါ။ #BAWA101
၁) နားထောင်တတ်တဲ့သူဖြစ်ဖို့လိုပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းခြင်းဟာ အခြားလူတွေရဲ့အာရုံစိုက်မှု ရဖို့အတွက် တစိတ်တပိုင်းအရေးပါပါတယ်။ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ သင့်ရဲ့ clients တွေပြောတာကို အာရုံစိုက်တတ်ခြင်းက သူတို့ပြောလာသမျှကိုလည်း ကောင်းစွာပြန်ပြီး တုံ့ပြန်လာတတ်စေပါတယ်။ အပြင်မှာပဲဖြစ်စေ၊ ဖုန်းထဲကနေ ပြောဆိုတာပဲဖြစ်စေ သင့်ရဲ့အာရုံစူးစိုက်တတ်ခြင်းကြောင့် အကျိုးရှိစေမှာဖြစ်လို့ အလုပ်ခွင်အတွက်လိုအပ်တဲ့ အချက်တစ်ခုပါပဲ။
နောက်တစ်ပုံ၂) လုပ်ဖော်ကိုင်ဖက်ကောင်းဖြစ်ဖို့လိုပါတယ်။ လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့လူတွေဟာ အဖွဲ့ဝင်ကောင်းတွေလည်းဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်ကောင်းလည်းဖြစ်ပြီး အသင်းအဖွဲ့နဲ့အလုပ်ကိုထိရောက်စွာလုပ်ကိုင်တတ်သူဖြစ်ဖို့လိုပါတယ်။ အဲဒါကြောင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့အဆင်ပြေတဲ့ပေါင်းသင်းဆက်ဆံရေးရှိပြီး clients တွေ customersတွေလည်း ပေါင်းသင်းရအဆင်ပြေနိုင်မှာပါ။
နောက်တစ်ပုံ၃) အချိန်၊ အလုပ်နဲ့ ရှိထားတဲ့ပစ္စည်းတွေကိုလည်း ကောင်းစွာစီမံခန့်ခွဲတတ်ဖို့လည်းလိုပါတယ်။ လုပ်စရာရှိတဲ့အလုပ်တွေနဲ့ တာဝန်တွေကို ကျေပွန်အောင် အချိန်ကိုသေချာစီမံတတ်တဲ့စွမ်းရည်လည်းလိုပါတယ်။ အချိန်တင်မကဘူး အချိန်နဲံ အလုပ်တာဝန်အပြင် ကိုယ်ရရှိထားတဲ့ ပစ္စည်းတွေကိုကောင်းကောင်းအသုံးချတတ်ပြီး ၃မျိုးလုံးကို ချင့်ချိန်ပြီး ကောင်းစွာစီမံခန့်ခွဲတတ်ဖို့လည်းလိုပါတယ်။ အဲဒါမှသာ deadlines မရောက်ခင်မှာ ရှိထားတာလေးနဲ့ဘယ်လိုအဆင်ပြေအောင် အချိန်နဲ့တာဝန်ကိုခွဲခြားစီမံတတ်မှာဖြစ်ပါတယ်။
နောက်တစ်ပုံ၄) စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့လိုပါတယ်။ အလုပ်ခွင်မှာ ကိုယ်ကျွမ်းကျင်ပြီးသားတွေချည်းလုပ်ကိုင်နေရတာထက် ကိုယ်မသိသေးတဲ့အသစ်အသစ်တွေ၊ အလုပ်ခါင်မှာပေါ်လာတဲ့ပြဿနာတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုဖြေရှင်းမလဲဆိုတာလည်းလိုအပ်ပါတယ်။ အကြံပေးချက်တွေနဲ့ ဖြေရှင်းပုံဖြေရှင်းနည်းတွေကိုလည်း လေ့လာဖို့လိုပါတယ်။ အလုပ်နဲ့ဘဝအတွက် ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချတတ်ဖို့ ရုတ်တရက်ဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့လိုပါတယ်။
နောက်တစ်ပုံ၅) သင့်ကိုယ်သင်ယုံကြည်မှုရှိဖို့လိုပါတယ်။ သင့်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး သင့်ကိုယ်သင် ယုံကြည်မှုရှိနေရင် အခြားလူတွေက သင့်ကိုပိုပြီးယုံကြည်မှာပါ။ သင်ကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်မရှိဘူးဆိုရင် အခြားသူတွေကလည်း သင့်အပေါ်ဇဝေဇဝါဖြစ်နေပါလိမ့်မယ်။ သင့်ကိုယ်သင်ယုံကြည်တဲ့စိတ်က သင့်ကိုစိတ်ဓာတ်တက်ကြွမှုရှိအောင် ကူညီနိုင်တဲ့အပြင် သင်ရည်မှန်းထားတဲ့ပန်းတိုင်ကိုရောက်ဖို့ သံသယတွေကင်းကင်းနဲ့ ပိုပြီးကြိုးစားလာနိုင်မှာပါ။
နောက်တစ်ပုံ၆) ပြောင်းလဲပြင်လွယ်ဖြစ်ဖို့လိုပါတယ်။ အခြေအနေနဲ့အချိန်အခါအရ တချို့သောအရာတွေမှာ လွယ်ကူစါာ ပြောင်းလဲပြင်လွယ်တတ်ဖို့လည်းလိုပါတယ်။ ဆီလျော်အောင် နေထိုင်တတ်သူဟာ တစ်ယောက်တည်းပဲဖြစ်ဖြစ် အသင်းအဖွဲ့နဲ့ပဲဖြစ်ဖြစ် အမျိုးမျိုးသော တာဝန်တွေကို စီမံနိုင်ပါတယ်။ ထိူကဲ့သို့ပြောင်းလွယ်ပြင်လွယ်သူတွေဟာ အခြားသူတွေထက် ဖိစီးမှုလည်းနည်းပြီး အခြေအနေအလိုက် အဆင်ပြေအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာ နားလည်ကြပါတယ်။
နောက်တစ်ပုံ၇) အမှန်တရားကိုလေးစားဖို့လိုပါတယ်။ ရိုးသားခြင်းဟာ ဖအလုပ်ခွင်က လုပ်ဖော်ကိုက်ဖက်တွေအတွက် ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးဖြစ်ဖို့အခြေခံပါပဲ။ အကျင့်ကောင်းတွေရှိအောင် ကြိုးစားပြုပြင်ခြင်းဟာ သင့်ရဲ့တန်ဖိုးပါပဲ။ အမှန်တရားကိုလေးစားခြင်းနဲ့ မှန်ကန်အောင်နေထိုင်ပြောဆိုတတ်ခြင်းကြောင့် သင့်ကို အလုပ်ခွင်မှာ လူတိုင်းက လေးစားလာပါလိမ့်မယ်။
နောက်တစ်ပုံ၈) ကတိတည်ပြီး အလုပ်နဲ့ပတ်သက်တဲ့စိတ်ဆန္ဒပြင်းပြထက်သန်မှုရှိဖို့လိုပါတယ်။ အကျင့်ကောင်းပြီး ကတိတည်တတ်တဲ့လူတွေနဲ့အလုပ်လုပ်ရတာ ပိုပြီး အလုပ်တွင်ပါတယ်။ ရလဒ်ကောင်းတွေလည်းရစေပါတယ်။ အလုပ်နဲ့ပတ်သက်ပြီး စိတ်ဆန္ဒပြင်းပြသူတွေဟာ ရည်မှန်းချက်ကိုလည်း ထိရောက်အောင်မြင်အောင်ကြိုးစားနိုင်ပါတယ်။
နောက်တစ်ပုံ၉) ပတ်ဝန်းကျင်ကလူတွေကိုပြန်လည်သင်ပြမျှဝေချင်စိတ်ရှိဖို့လိုပါတယ်။ ခေါင်းဆောင်ကောင်းဖြစ်လာဖို့က ယုံကြည်မှုရှိဖို့၊ အမြင်ကျယ်ဖို့၊ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လည်းလိုပါတယ်။ အဲဒီလိုစိတ်ထားရှိမှသာ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေနဲ့လုပ်ဖော်ကိုက်ဖက်တွေကို အုပ်ချုပ်နိုင်မှာပြီး အလုပ်လည်းပို တွင်ကျယ်စေမှာပါ။ ဒီအချက်တွေနဲ့ကိုက်ညီအောင်ကြိုးစားခြင်းက သင့်ရဲ့အလုပ်ခွင်မှာ ပိုပြီး Personal development skills ကောင်းလာဖို့အထောက်အကူပြုမှာသေချာပါတယ်။