"ကိုယ့်ရဲ့တစ်နေ့တာအချိန်ကို ဘယ်လိုစီမံခန့်ခွဲမလဲ။"
တစ်နေ့တာအချိန်ကို သေချာခွဲတမ်းချပြီး စီမံခန့်ခွဲနိုင်ခြင်းက သင့်ရဲ့အလုပ်ပြီးမြောက်မှုအပေါ်် အကျိုးသက်ရောက်မှုရှိစေပါတယ်။ အဲဒါကြောင့် အလုပ်ပြီးမြောက်လေ အချိန်ပိုထွက်လာလေလေ နဲ့ သင့်ကိုသင့် အခြားနေရာတစ်ခုခုလုပ်နိုင်ဖို့ရာ အချိန်ရလာစေပါတယ်။ အဲဒါအပြင် တစ်နေ့တာရဲ့အချိန်ကို အကျိုးရှိရှိနဲ့စနစ်တကျအသုံးချနိုင်လာတဲ့အတွက် ရက်မှလ နှစ်ပြောင်းသောအခါ အကျင့်ကောင်းကြောင့် သင့်ဘဝက အခြားအချိန်ကိုအလကားဖြုန်းတီးနေသူတွေထက် အဆပေါင်းများစွာ ပိုသာနေပါလိ့မ်မယ်။ အဲဒါကြောင့် ကိုယ့်ရဲ့တစ်နေ့တာအချိန်ကို စီမံခန့်ခွဲဖို့ရာ နည်းလမ်းအချို့ကိုမျှဝေပေးလိုက်ပါတယ်နော််။
ကလေးကိုအချိန်ပေးခြင်းရဲ့ကောင်းကျိုးများ
ကလေးကိုအချိန်ပေးခြင်းက ကလေးလိုချင်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေဝယ်ပေးခြင်းထက်စာရင် အများကြီးအကျိုးရှိနိုင်ပါတယ်။ ကလေးအတွက် ကလေးလိုချင်တာရော၊ မလိုချင်တာရော အရုပ်တွေ, မုန့်တွေ၊ ကစားစရာတွေ အားလုံးကိုဝယ်ပေးလိုက်ရုံနဲ့ ကလေးကိုချစ်ခင်ပြခြင်းမပြီးပြည့်စုံနိုင်ပါဘူး။ ကလေးကိုတကယ်ချစ်တယ်ဆိုရင် ကလေးရဲ့စိတ်ခံစားချက်ကိုနားလည်နိုင်အောင်ကြိုးစားပါ, ကလေးနဲ့အတူ ဆော့ကစားပါ၊ စာဖတ်ပြပါ၊ ကလေးကိုအချိန်ပေးခြင်းတွေကသာ ကလေးကို အမှန်တကယ်ချစ်ခင်ရာကျမှာပါ။
ပိုကောင်းတဲ့ဘဝတစ်ခုဖြစ်လာအောင်ကြိုးစားပြီး နာကျင်စရာကောင်းတဲ့မှတ်ဉာဏ်တွေကို အနိုင်ယူလိုက်ပါ။
ပိုကောင်းတဲ့ဘဝတစ်ခုဖြစ်လာအောင် ကြိုးစားခြင်းက သင့်ရဲ့နာကျင်မှုတွေကို ကုစားနိုင်တယ်ဆိုရင် ယုံမလား။ သင့်ရဲ့အောင်မြင်မှုတွေဟာ သင့်ရဲ့ဘဝတစ်ခုလုံးကို နေပျော်လာနိုင်စေတာမို့ တကယ်လုပ်ကြည့်လိုက်ပါနော်။ အောင်မြင်မှုဆိုတဲ့နေရာမှာ ကျိကျိတက်ချမ်းသာမှ၊ ငွေတွေသုံးမကုန်ဖြုန်းမကုန်အောင်ရှိမှ၊ ကားအကောင်းစားနဲ့ အိမ်တွေအများကြီးပိုင်ဆိုင်မှဆိုတာမျိုးကဲ့သို့ ရုပ်ဝတ္ထုပိုင်ဆိုင်မှုမျိုးကို ပြောချင်တာမဟုတ်ပါဘူး။ သင့်ကိုယ်သင် ယုံကြည်မှုတိုးလာစေပြီး သင်ရည်မှန်းထားတဲ့အရာတွေအပေါ်မှာ ဖြစ်မြောက်အောင်၊ အောင်မြင်အောင်ကြိုးစားနိုင်လာတဲ့စိတ်ကို ပြောချင်တာပါ။
Covid ကာလအတွင်း ကိုယ့်အတွက် အကျိုးရှိမယ့်အရာတစ်ခုခု ကြိုးစားသင်ယူဖြစ်ခဲ့လား ?
Covid ကာလအတွင်း ကိုယ့်အတွက် အကျိုးရှိမယ့်အရာတစ်ခုခု ကြိုးစားသင်ယူဖြစ်ခဲ့လား ? ဘာတွေလုပ်ဖြစ်ခဲ့လဲ မျှဝေကြရအောင်နော်❤
အောင်မြင်နေတဲ့သူတွေရဲ့ သူတို့ကိုယ်သူတို့ မြင်ကြတဲ့အမြင်များ
အောင်မြင်နေတဲ့သူတွေက သူတို့ကိုယ်သူတို့ ဘယ်လိုလူအဖြစ်မြင်ကြသလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်.။ တနည်းအားဖြင့်တော့ သူတို့အောင်မြင်လာကြတဲ့အပေါ်အဲဒီ့အမြင်တွေက အများကြီးအထောက်အကူပြုနေတာပါပဲ။ အဲဒါကြောင့် သူတို့ကိုယ့်သူတို့ ပြန်တွေးတတ်ကြတဲ့အတွေးအခေါ်အချို့ကိုဖော်ပြပေးလိုက်ပါတယ်။
Covid ကာလအတွင်း နေ့တိုင်းလိုမပါမဖြစ်စားသင့်သောအစားအစာ (၅)မျိုး
Covid ကာလအတွင်းမှာ ခန္ဓာကိုယ်က ခုခံအားကောင်းနေဖို့လိုပါတယ်.။ ဒါမှသာ သာမန်တုတ်ကွေးအဖျားတွေနဲ့ အခြားသောရောဂါတွေဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မှာြဖစ်ပါတယ်။ အဲဒီ့အတွက် ဒီကာလမှာ နေ့တိုင်းစားတဲ့အစားအစာလေးတွေကို အောက်ပါအာဟာရဓာတ်ပါဝင်တဲ့အစားအစာတွေ မဖြစ်မနေပါဝင်အောင်စားသုံးပေးလိုက်ရင် ကိုယ်ခံအားအတွက် စိတ်ချရမှာပါ။
တကယ်တော့ ပေးဆပ်တယ်ဆိုတဲ့နေရာမှာ တချို့တွေက ဘာမှပြန်မလိုချင်ပါဘူးလို့ပြောတတ်ကြပါတယ်။ အမှန်ပါပဲ.....ဘာကို ပြန်ရမလဲ...ဆိုတဲ့မျှော်လင့်ချက်နဲ့ပေးဆပ်ရတာက ပင်ပန်းပါတယ်။ ဘာကိုမှ ပြန်မလိုချင်ဘဲ ပေးဆပ်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် သင်ဘယ်လောက်ပေးဆပ်ပါစေ......မသိတတ်တဲ့၊ အသိအမှတ်မပြုတတ်တဲ့လူတန်းစားတစ်ရပ်လည်းရှိပါသေးတယ်ဆိုတာ မမေ့လိုက်ပါနဲ့အုံး။ အဲဒီလိုလူမျိုးတွေကို သင်က ဘာမှမလိုချင်ပါဘူးဆိုပြီး ပေးဆပ်လိုက်ပေမယ့်လည်း သင့်ထံက ရသမျှသာ ယူသွားပြီး ရလေလိုလေ အိုတစ္ဆေဆိုတဲ့ပုံစံမျိုးနဲ့ထပ်ပြီးတော့တောင် သင့်ကို ဒုက္ခပေးနိုင်ပါသေးတယ်။ ဘယ်နေရာမှာ မဆို အစွန်းရောက်တယ်ဆိုတာ မကောင်းနိုင်ပါဘူး။ အခုလို လူတစ်ယောက်လုံးကို ပေးဆပ်တယ်ဆိုတဲ့ကိစ္စမှာလည်း အလားတူပါပဲ။
သင်ခက်ခဲစွာ သင်ယူရမယ့် လူတွေအကြောင်း
ဘဝမှာ ရှင်သန်ရတဲ့အခါ လူတွေဆီကနေပဲ သင်ခန်းစာတွေအများကြီးပြန်သင်ယူရပါတယ်။ သင်ယူတတ်ရင်တတ်သလို သင်ခန်းစာများစွာကို ကိုယ်တိုင်သင်ယူလိုက်၊ အခြားသူတွေမှားခဲ့ဖူးတာတွေကိုသင်ယူလိုက်၊ ကိုယ်ပေါင်းသင်းဆက်ဆံ၇တဲ့ပတ်ဝန်းကျင်ကလူတွေကို ကြည့်ပြီးသင်ယူရင်းနဲ့ပဲ ရင့်ကျက်လာရတာဖြစ်ပါတယ်။ အဲဒါကြောင့် လူတွေဆီကနေ ရတဲ့သင်ခန်းစာတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်နော်။
Super Sunday အားလပ်ချိန်မှာ ဘာတွေလုပ်မလဲ။
Super Sunday မှာဘာတွေလုပ်ဖြစ်ကြလဲ။ ခုလိုအချိန်မှာ အပြင်လည်းလျှောက်သွားလို့အဆင်မပြေဘူးဆိုတော့ကာ တစ်ယောက်တည်းအဆင်ပြေသလို အပန်းဖြေပါ။ တစ်ပတ်လုံး အားကြိုးမာန်တက်နဲ့ ရုန်းကန်ရတာမို့ ကိုယ့်ကိုယ်ကိုယ်ဒီတစ်ရက်တော့ အချိန်ပေးအပန်းဖြေဖို့ တိုက်တွန်းလိုက်ပါတယ်။ အဓိကက ကိုယ့်ရဲ့စိတ်ကို relax ဖြစ်စေတဲ့အရာတွေကို ကိုယ်တိုင်သိပြီးနားလည်ရင် ကိုယ့်ကိုယ်ကိုယ်အချိန်ပေးတတ်သွားပါပြီ။ အောက်မှာဖော်ပြထားတဲ့အချက်တွေဆို အင်မတန်ရိုးရှင်းပေမယ့် စိတ်ကို relax ဖြစ်စေပါတယ်။ ငွေကုန်ကြေးကျလည်းမများပါဘူး။ ကိုယ်တိုင်ကိုယ့်ကိုယ်ကိုယ်ဘယ်လိုနည်းလမ်းတွေနဲ့ relax လုပ်ဖြစ်လဲဆိုတာလေး အခြားသူတွေသိအောင် မျှဝေသွားပါအုံးနော်။
သင့်ဘဝအတွက် အကြီးကျယ်ဆုံးနောင်တရလာနိုင်သော အမှားများ
သင့်ဘဝမှာ အကြီးကျယ်ဆုံးနောင်တရလာနိုင်သောအမှားတွေရှိနိုင်ပါတယ်။ လုံးဝပြန်သွားပြီး မပြင်နိုင်တဲ့အမှားမျိုးတွေပေါ့။ တချို့တွေကတော့ တော်တော်များများပြောတတ်ပါတယ်။ အမှားဆိုတာ အမှားမှန်းသိရင် ပြင်လို့ရတယ်လို့ပေါ့။ တကယ်တမ်းတော့ ဘဝတစ်လျှောက်လုံးရှင်သန်ရသမျှမှာ လုံးဝပြန်ပြင်မရတဲ့အမှားတွေရှိပါတယ်။ တချို့အမှားတွေက အမှားမှန်းသိတာနဲ့ ချက်ချင်းပြုပြင်ဖို့ မလွယ်ကူတာမျိုး၊ အခြေအနေအကြောင်းအကြောင့် မှားမှန်းသိနေပေမယ့် မပြုပြင်နိုင်တာမျိုးတွေ ကြုံနေရတဲ့လူတွေအများကြီးပါပဲ