ချမ်းသာကြွယ်ဝသူတို့ရဲ့ နိယာမ ၆ ချက်

ငွေကြေးဆိုင်ရာအားဖြင့် အသိဥာဏ်ကြွယ်ဝသူတွေဟာ အကြီးအကျယ်ချမ်းသာကြွယ်ဝတာမျိုးမဟုတ်ရင်တောင် ငွေကြေးနဲ့ပတ်သက်တဲ့အပူအပင်မရှိကြပါဘူး။ သူတို့မှာ ငွေကြေးအတွက် အမြဲပူပန်နေရတဲ့လူတွေနဲ့မတူတဲ့ အချက်တွေအများကြီးရှိပါတယ်။ အဲဒီ့အချက်တွေကိုသာ လေ့လာသင်ယူပြီး ကိုယ်တိုင်ကျင့်သုံးပြီး အလေ့လအကျင့်ဖြစ်လာမယ်ဆိုရင် ကိုယ်တိုင်ငွေကြေးအတွက် ပူပန်ရတဲ့ဘဝ၊ အကြွေးတွေနဲံ့ရှုပ်ထွေးနေရတဲ့ဘဝကနေ လွတ်မြောက်စေမှာပါ။ အဲဒါကြောင့် ချမ်းသာကြွယ်ဝသူတွေရဲ့ ငွေကြေးနဲ့ပတ်သက်တဲ့လက်ကိုင်ထားတဲ့ နိယာမ ၆ချက်ကို ဖော်ပြလိုက်ပါတယ်။


၁)မဖြစ်မနေစုဆောင်းခြင်း
ကိုယ်ရှာလို့ရသမျှ ဝင်ငွေကို မဖြစ်မနေ စုဆောင်းတတ်တဲ့အကျင့်ကိုမွေးတာဖြစ်ပါတယ်.။ ကိုယ့်ဝင်ငွေရဲ့ ၁၀ရာခိုင်နှုန်းကိုအမြဲစုဆောင်းတတ်ကြပါတယ်။

၂) ရင်းနှီးမြုပ်နှံခြင်း
ကိုယ်စုဆောင်းထားသမျှဝင်ငွေကို သေချာတဲ့ဝင်ရပေါက်ရမယ့်နေရာမျိုးမှာ ရင်းနှီးမြုပ်နှံတတ်ကြပါတယ်။ ကိုယ်တိုင်လည်း နားလည်တတ်ကျွမ်းပြီး သေချာပေါက် ငွေပြန်ရမယ့်နေရာမျိုးမှာ ရင်းနှီးမြုပ်နှံသင့်ပါတယ်။

၃) အကြွေးကိုရှောင်ခြင်း
အတတ်နိုင်ဆုံး အကြွေးနဲ့သုံးခြင်းကို ရှောင်ရှားသူတွေဖြစ်ပါတယ်။ အထူးသဖြင့် အတိုးများတဲ့အကြွေးတွေကို ရှောင်ရှားတတ်ကြပါတယ်။ အကြွေးနဲ့ပေးသုံးလို့သုံးလိုက်တာမျိုးကို ခပ်လွယ်လွယ်မလုပ်တတ်ကြပါဘူး။ အဲဒါက သင့်ကိုအကျင့်ပျက်စေပြီး ငွေကိုအလွယ်တကူသုံးတတ်လာစေပါတယ်။

၄) ရေရှည်စီမံကိန်းချမှတ်တတ်ခြင်း
ချက်ချင်းကြီးပွားလိုချင်စိတ်က လောဘဖြစ်စေပြီး ကိုယ့်စုဆောင်းထားသမျှကိုပါ ထိခိုက်လာစေနိုင်ပါတယ်။ အဲဒါကြောင့် ချက်ချင်းကြီးပွားလိုစိတ်မရှိဘဲ ရေရှည်စီမံကိန်းချပြီး ငွေကို အသုံးချတတ်သူတွေဖြစ်ပါတယ်။ ချက်ချင်းငွေရပေါက်အများကြီးလိုချင်တဲ့စိတ်က လောဘစိတ်ဖြစ်ပြီးအဲဒီ့လောဘကြောင့်ပဲ ကိုယ့်ငွေတွေဆုံးရှုံးနိုင်တာကို သူတို့ကနားလည်ကြပါတယ်။

၅) ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြုပ်နှံခြင်း
ငွေကြေးနဲ့ပတ်သက်တဲ့ စွမ်းရည်တိုးပွားဖို့ရာအတွက် လိုအပ်တဲ့သင်တန်းတက်ခြင်း၊ လေ့လာခြင်း တွေအတွက်ဆိုရင် ငွေကိုအသုံးပြုတတ်ကြပါတယ်။ ဒါမှမဟုတ် နောက်ထပ်ဝင်ငွေတစ်ခုထပ်တိုးဖို့ရာ ကိုယ့်အတွက်လိုအပ်တဲ့ပညာတွေသင်တန်းတွေအတွက် ငွေကို အသုံးချပြီး တက်ရောက်လေ့လာသင်ယူသင့်ပါတယ်။

၆) အနာဂတ်အတွက် စိတ်ချရအောင်စီမံတတ်ခြင်း
ချမ်းသာကြွယ်ဝသူတွေက များသောအားဖြင့် သူတို့အနာဂတ်အတွက် ကြိုတင်စီစဥ်ထားရှိကြတာဖြစ်ပါတယ်။ အန္တရာယ်ဖြစ်မယ့်အခြေအနေမျိုးကို ကြိုတင်မှန်းဆပြီး ကိုယ့်အတွက် နစ်နာမယ်ဆိုရင်တောင် အများကြီး မထိခိုက်မနစ်နာရအောင် ကြိုတင်စီစဥ်ထားတတ်သူတွေဖြစ်ပါတယ်။ တနည်းအားဖြင့် မတ်တတ်စာအတွက်ရှာထားသလို တုံးလုံးစာအတါက်လည်း ကြိုတင်စီစဥ်ထားပြီး စုဆောင်းထားတတ်သူတွေဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သူတို့ဘဝမှာ ငွေကြေးအတွက်ပူပန်နေရတယ်သောကရောက်နေရတယ်ဆိုတာမျိုးမရှိကြတာပဲဖြစ်ပါတယ်။
အားလုံးအတွက်လည်း ဒီအလေ့အကျင့်တွေက လိုအပ်မယ်ထင်ပြီး တကယ်လိုက်နာကျင့်သုံးကြည့်သင့်ပါတာမို့ဖော်ပြပေးလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။