သင့်စိတ်ခံစားချက်ကို ပျော်ရွှင်စေတဲ့အစားအစာ ၆မျိုး

သင့်စိတ်ခံစားချက်က သင့်ရဲ့တစ်နေ့တာ လုပ်ဆောင်ချက်တွေအပေါ်မှာ အများကြီးထိရောက်မှုရှိစေပါတယ်။ သင့်စိတ်ခံစားချက်ကောင်းမွန်မှသာ အခြားလုပ်စရာရှိတာတွေကို သေချာအာရုံစိုက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ်စိတ်ဖိစီးနေတယ်လို့ထင်တဲ့အခါမျိုးမှာ အခြားစိတ်ဖိစီးမှုပြေလျော့စေမယ့်အရာတွေပြုလုပ်သင့်သလို စိတ်ခံစားချက်ကောင်းမွန်စေမယ့် အောက်ပါအစားအစာတွေကိုလည်း စားပေးနိုင်ပါတယ်။


၁) ဟင်းနုနယ်ရွက်
ဟင်းနုနယ်ရွက်မှာ folic acid ပါဝင်တာကြောင့် သင့်ရဲ့စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။
၂) ဆောလမွန်ငါး
ဆောလမွန်ငါးမှာ omega 3 fatty acid ပါဝင်တာကြောင့် သင့်စိတ်အပြောင်းအလဲဖြစ်ခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။
၃) ထောပတ်သီး
ထောပတ်သီးမှာ serotonin ပါဝင်တာကြောင့် သင့်အာရုံကြောတွေက အာရုံခံဆဲလ်တွေကို နိုးဆွပေးနိုင်ပါတယ်။
၄) စတော်ဘယ်ရီ
စတော်ဘယ်ရီမှာ anthocyanin ပါဝင်တာကြောင့် စိတ်ဖိစီးမှုတွေကို ပြေလျော့စေပါတယ်။
၅) နာနတ်သီး
နာနတ်သီးမှာ thiamin ပါဝင်တာကြောင့် စွမ်းအင်တိုးစေပါတယ်။
၆) ကညွှတ်
ကညွှတ်မှာ serotonin ပါဝင်တာကြောင့် သင့်စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။