ငွေမကုန်ဘဲ ပျော်ရွှင်ဖို့အတွက် လုပ်ကြည့်နိုင်တဲ့အရိုးရှင်းဆုံးအရာများ

ငွေတပြားမှမကုန်ဘဲ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ရှာဖို့လိုပါတယ်။ ပျော်ရွှင်မှုုဆိုတာ သင့်ကိုယ်တွင်းမှာသာရှိတာပါ။ သင့်မှာအများကြီးပိုင်ဆိုင်ထားပေမယ့် သင့်မတင်းတိမ်နိုင်ရင်လည်း သင်ပျော်ရွှင်မှာမဟုတ်သလို ၊ သင့်မှာ ဘယ်အရာမှမပြည့်စုံပေမယ့် သင့်ဘဝကို နေပျော်နေရင် ပျော်စရာကောင်းတဲ့ဘဝဖြစ်နေမှာပါပဲ။ အဲဒါကြောင့် ပျော်ရွှင်မှုဆိုတာ သင့်မှာအရာအားလုံးရရှိပိုင်ဆိုင်ထားလို့မဟုတ်ဘဲ သင်ရရှိပိုင်ဆိုင်ထားတာကိုသာ သင်လိုချင်ခြင်းဖြစ်ပါတယ်တဲ့။ သင့်စိတ်ထဲ အရမ်းမွန်းကြပ်နေတယ်လို့ထင်လာရင် သင်စိတ်ပျော်ရွှင်ဖို့အတွက် ငွေမကုန်ဘဲ လုပ်ကြည့်နိုင်တဲ့အရိုးရှင်းဆုံးအရာတွေကတော့…


၁) ပူပန်စရာတွေဘာမှမတွေးဘဲ အိပ်ရေး၀၀အိပ်လိုက်ပါ။
ဘာဆိုဘာမှ ပူပန်စရာ၊ စိုးရိမ်စရာ၊ စိတ်ပူစရာ၊ သောကရောက်စရာတွေကို မတွေးတော့ဘဲ အိပ်ရေး၀၀အိပ်ပစ်လိုက်ပါ။ အိပ်ပျော်သွားပြီးနိုးထလာတဲ့အခါ ပြန်ပြီး အတွေးအခေါ်အသစ်တွေနဲ့ လန်းဆန်းလာနိုင်ပါတယ်။

၂) ရယ်စရာတွေ့ရင် လွတ်လပ်စွာပျော်ရွှင်ရယ်မောပစ်လိုက်ပါ။
ရယ်စရာတွေရှာဖွေပါ။ ကိုယ်တွေ့ကြုံရတဲ့ ရယ်မောစရာတွေအတွက် ကိုယ်စိတ်ကိုဖွင့်ပြီး အားပါးတရရယ်မောပစ်လိုက်ပါ။ အဲဒီ့အတွက် ဘယ်သူ့ကိုမှ အနှောင့်အယှက်မဖြစ်ရင်ပြီးတာပါပဲ။

၃) ဖုန်းကိုခဏအနားပေးပြီး ကိုယ့်ဝါသနာကိုအချိန်ပေးပါ။
ဖုန်းတွေကြည့်ရတာလည်း တခါတလေ စိတ်ဓာတ်ပိုကျလွယ်စေပါတယ်။ အဲဒါကြောင့် ဖုန်းတွေအကုန်ပိတ်ထားပြီး မကြည့်မိပါစေနဲ့။ အဲဒီ့အချိန်မှာ ကိုယ်လုပ်ချင်တာလေးတွေလုပ်နေလိုက်ပါ။ စာဖတ်မလား၊ သီချင်းနားထောင်ပြီး စိတ်လွတ်ကိုယ်လွတ်ကမလား၊ စားချင်တာစားမလား၊ ပန်းချီဆွဲမလား၊ စာရေးမလား၊ ကဗျာစပ်မလား ၊ သိုးမွှေးထိုးမလား၊ အပင်စိုက်မလား သင့်ဝါသနာကို စိတ်ပါဝင်စားစွာလုပ်ကြည့်လိုက်ပါ။ ပျော်စရာကောင်းနေပါလိမ့်မယ်။

၄) အခြားလူတွေကို ကူညီပေးပါ။
ကိုယ်တတ်နိုင်သလောက် အခြားလူတွေကို ကူညီပေးလိုက်ပါ။ အဲဒါက သင့်ကို ပီတိဖြစ်စေပြီး သင့်စိတ်နှလုံးအေးချမ်းပျော်ရွှင်စေပါတယ်။

၅) အဆင့်အတန်းမခွဲခြားဘဲ နှလုံးသားချင်းတူတဲ့သူကိုပေါင်းသင်းပါ။
သင့်ထက်နိမ့်ကျလို့၊ သင့်ထက်သာနေလို့ ဆိုတာမျိုးမတွေးဘဲ သင်နဲ့ နှလုံးသားချင်းတူတဲ့သူဆိုတာ သိသာပါတယ်။ သင့်စိတ်ခံစားချက်တွေကို နားလည်မယ်၊ အပြန်အလှန်တိုင်ပင်လို့ရမယ်၊ သင့်ကို အသိအမှတ်ပြုသလို၊ သူ့ကိုလည်း သင်အသိအမှတ်ပြုမယ်ဆိုရင် သင့်အတွက် နှလုံးသားချင်းနီးစပ်တယ်လို့ခံစားရတဲ့အပေါင်းအသင်းပါပဲ။ အဲဒီလိုလူတွေနဲ့သာရွေးပေါင်းပါ။ ဘယ်တံဆိပ်၊ ဘယ်brand ဝတ်မှဆိုပြီး အပေါ်ယံဦးစားပေးတတ်သူတွေက ဟန်ဆောင်မှုများလွန်းပါတယ်။ သင့်စိတ်ကိုနားလည်တဲ့အပေါင်းအသင်းကြောင့် သင့်စိတ်လည်း ထွက်ပေါက်တစ်ခုရပြီးသားဖြစ်စေပါတယ်။
ဒီအချက်လေးတွေက သင်စိတ်ထဲမွန်းကြပ်နေတယ်၊ စိတ်မပျော်ဘူး၊ တခုခုခံစားနေရတယ်လို့ထင်တဲ့အချိန်မှာ သင်လုပ်ကြည့်သင့်ပါတယ်။ သင့်အတွက် ငွေမကုန်စေဘဲ တခုခုတော့ သင်ပြန်ခံစားပျော်ရွှင်ရစေမှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။