အမှိုက်တွေကို ရေမြောင်းထဲပစ်ချခြင်းက ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်သလဲ။

ေရမြောင်းထဲအမှိုက်ပစ်တဲ့အကျင့်က တစ်ယောက်ကနေ အခြားတစ်ယောက်ကို ကူးစက်တတ်တယ်ဆိုရင် ယုံမလား။ ကိုယ့်ရပ်ကွက်ထဲမှာ အဲဒီလိုရေမြောင်းထဲ အမှိုက်ထုပ်ကို အလွယ်တကူပစ်ချတတ်တဲ့သူမျိုးရှိနေရင် “သူတောင်မှ ပစ်ချသေးတာပဲ၊ ငါတို့လည်း ပစ်ချင်လိုက်ရုံပဲ၊ အပင်ပန်းခံပြီးအမှိုက်ကန်သွားမနေနဲ့ တိုက်ပေါ်ကနေ ‌ရေမြောင်းထဲပစ်ချင်လိုက်” ဆိုတဲ့လူတွေ ပိုများလာတတ်ပါတဘ်။ အဲဒီ့ဖြစ်ရပ်ကို ဝိုင်းတားမယ့်လူတွေထက် အဲဒီ့လို တစ်ယောက်လုပ်ဖြစ်ရင် အခြားတစ်ယောက်ကပါအလွယ်တကူလိုက်လုပ်တတ်ကြပါတယ်။ တစ်ယောက်ကစပြီး အားလုံးစည်းကမ်းရှိပါမှ ဖြစ်မှာပါ။ ရေမြောင်းထဲကို အမှိုက်အလွယ်တကူချလိုက်ခြင်းဟာ အင်မတန်လွယ်ကူပေမယ့် အကျိုးဆက်ကတော့ တဖြည်းဖြည်းဆိုးဝါးလာစေပါတယ်။


၁) ရေမြောင်းပိတ်ဆို့ခြင်း
အမှိုက်တွေနည်းလာချိန်မှာမသိသာပေမယ့် အမှိုက်တွေများလာတဲ့အခါမှာ ရေမြောင်းတွေပိတ်ဆို့လာပါတယ်။ အဲဒီ့အခါ နောက်ဆက်တွဲပြဿနာတွေဖြစ်လာပါတော့တယ်။
ရေရှည်မှာကျန်းမာရေးကိုလည်း ထိခိုက်လာစေပါတယ်။ ပတ်ဝန်းကျင်လည်း ညစ်ညမ်းလာသလို၊ အနီးပတ်ဝန်းကျင်ကလည်း အနံ့အသက်ဆိုးဝါးလာစေပါတယ်။

၂) ခြင်ပေါလာခြင်း
ဒုတိယအချက်ကတော့ ရေစီးရေလာမကောင်းတဲ့အတွက် ခြင်ပေါက်ဖွားလွယ်ပြီး ခြင်တွေပေါလာစေပါတယ်။ သွေးလွန်တုတ်ကွေးနဲ့အခြားခြင်ကြောင့်ဖြစ်တဲ့ကျန်းမာရေးဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။

၃) အနံ့အသက်မကောင်းခြင်း
ရေမြောင်းထဲပိတ်ဆို့နေတဲ့အမှိုက်တွေ ဆိုးဝါးရင် ဆိုးဝါးသလို ပတ်ဝန်းကျင်မှာလည်း လေကောင်းလေသန့်မရဘဲ အနံ့အသက်ဆိုးဝါးလာစေမှာပါ။ အဲဒီ့အတွက် ရေရှည်မှာကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။

၅) မိုးတွင်းအခါရေလျှံခြင်း
မိုးတွင်းအခါမှာ အရမ်းဆိုးဝါးတဲ့ပြဿနာပါပဲ။ တစ်နှစ်ပတ်လုံး အလွယ်တကူစွန့်ပစ်လိုက်တဲ့အမှိုက်တွေဟာ ရေမြောင်းထဲမှာ ပိတ်ဆို့နေတဲ့အတွက် ရေစီးရေလာမကောင်းဘဲ ဆို့နေရာကနေ မိုးတွင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်လာပြီး အချို့နေရာတွေမှာဆိုရင် မတော်တဆ ရေဖုံးလွှမ်းနေတဲ့ရေမြောင်းထဲပြုတ်ကျပြီး အသက်သေဆုံးရတဲ့အထိ ဖြစ်နေကြတာ ကြားဖူးမှာပါ။ အဲဒါအပြင် ရေကြီးရေလျှံမှုကနေ အိမ်တွေ၊ တိုက်တွေရဲ့ ခိုင်ခံမှုကိုလည်း ရေရှည်မှာ ခြိမ်းခြောက်မှုဖြစ်လာပါတယ်။

အဲဒါကြောင့် အမှိုက်ကစ ပြဿာဒ်မီးလောင် ဆိုတဲ့စကားအတိုင်း ဘာမှမဟုတ်ဘူးလို့ ထင်ရတဲ့ အမှိုက်ပစ်ရာကနေစပြီး မတော်တဆအသက်ဆုံးရှုံးမှုတွေအထိဖြစ်လာနိုင်တာကြောင့် တစ်ယောက်စပြီး အများက ရေမြောင်းထဲအမှိုက်ပစ်ခြင်းကို မပြုလုပ်ကြဘဲ ပြုလုပ်သူတွေ့ရင်လည်း သေချာပြောပြပြီး တားမြစ်ကြဖို့ သက်ဆိုင်ရာလူကြီးတွေမှာလည်း တာဝန်ရှိသလို၊ ရပ်ကွက်အသီးသီးက လူတိုင်းမှာ တာဝန်ရှိပါတယ်လို့ ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။