အမြင်အာရုံအားကောင်းစေမည့်အစားအစာများ

ဒီနေ့ခေတ်မှာ ကွန်ပျူတာလူတိုင်းလိုသုံးနေတာမို့ မျက်လုံးထိခိုက်ခြင်း၊ အာရုံကြောအားနည်းခြင်း စတဲ့ပြဿနာတွေအဖြစ်များလာပါတယ်။ အဲဒီ့အတွက် အစာလည်းဆေး ဆေးလည်းအစားဆိုသလို ပုံမှန်စားသုံးနေကြအစားအစာတွေထဲမှာ အောက်ပါအစားအစာတွေကို ပိုစားပေးခြင်း၊ မပါပါအောင်ထည့်စားပေးခြင်းဖြင့် အမြင်အာရုံကျန်းမာရေးအတွက်အထောက်အကူပြုစေဖို့ ဖော်ပြပေးလိုက်ပါတယ်။


၁) ငါး
Salmon ကဲ့သို့ငါးမျိုးမှာ အိုမီဂါသရီးပါဝင်တာကြောင့် မျက်သားခြောက်သွေ့ခြင်း၊ မျက်ကြည်လွာနဲ့ မျက်လုံးကျန်းမာရေးအတွက် အများကြိးအထောက်အကူပြုပါတယ်။
၂) မုန်လာဥနီ
ဥနီမှာ vitamin A နဲ့ beta carotene ပါဝင်တာကြောင့် အမြင်အာရုံအားကောင်းဖို့ အများကြီးအထောက်အကူဖြစ်စေပါတယ်။
၃) ဗံဒါစေ့
vitamin E ပါဝင်တာကြောင့် အခြားသောအစေ့အဆံနဲ့အခွံမာသီးတွေလိုပဲ မျက်လုံးအားကောင်းစေပါတယ်။ အမြင်အာရုံကျန်းမာရေးကို အထောက်အကူပြုပါတယ်။
၄) ကြက်ဥ
ကြက်ဥမှာ vitamin A, lutein, zeaxanthin, နဲ့ zinc ကဲ့သို့ ဓာတ်တွေပါဝင်တာကြောင့် အမြင်အာရုံအတွက် အထူးကောင်းမွန်စေပါတယ်။
၅) နို့ထွက်ပစ္စည်း
နို့နဲ့ဒိန်ချဥ်မှာ ဇင့်နဲ့ vitamin A ပါဝင်တာကြောင့် အမြင်အာရုံကိုအားကောင်းစေပါတယ်။
၆) လိမ္မော်သီး
vitamin C အဓိကပါဝင်တဲ့လိမ္မော်သီးဟာ မျက်လုံးက သွေးကြောတွေကို အများကြီးအထောက်အကူပြုစေတာကြောင့် အမြင်အာရုံကျန်းမာစေပါတယ်။
၇) ကိုက်လန်
antioxidants lutein နဲ့ zeaxanthin တွေပါဝင်တာကြောင့် ကိုက်လန်ကို super food လို့တင်စားကြပါတယ်။ ဗီတာမင်နဲ့သတ္တုဓာတ်တွေအများကြီးပါဝင်တာကြောင့် အမြင်အာရုံကောင်းမွန်စေတဲ့အာဟာရဓာတ်တွေလည်း ပါဝင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။