ခေါင်းစဥ်အားလုံး

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ကိုယ့်ဘဝထဲက ဖယ်ထုတ်ပစ်လို့မရတဲ့ လူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ…….

တချို့လူတွေကို ကိုယ့်ဘဝထဲက ဖယ်ထုတ်ပစ်ရမယ်မှန်းသိနေရက်နဲ့ အကြောင်းတခုခုကြောင့် ဖယ်ထုတ်ပစ်လို့မရနိုင်ဘူးဆိုတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ ကိုယ်တွေကြားဖူးနေကြစကားက ကိုယ့်ဘဝထဲက အဆိပ်အတောက်လိုလူမျိုးတွေကို ပြတ်သားစွာ ဖယ်ထုတ်ပစ်လိုက်ဆိုတဲ့စကားမျိုးပါပဲနော်။ တချို့လူတွေကျတော့ ခပ်ပြတ်ပြတ် ဘဝထဲက ဆွဲထုတ်ပစ်ပြီး အရာအားလုံးမေ့ပစ်လိုက်လို့ရပေမယ့် အချို့လူတွေကျတော့ အဲဒီလိုဖယ်ထုတ်ပစ်လို့မရတဲ့အခြေအနေမျိုးတွေ ကြုံရမှာပါ။ ဥပမာ။ ကိုယ့်အတွက် အဆိပ်အတောက်လိုလူမျိုးဟာ ကိုယ့်မိသားစုထဲကဖြစ်နေတာမျိုးပေါ့။ အဲဒီလိုကြုံလာရင် ဘယ်လိုဘဝကိုရှေ့ဆက်ရမလဲ……အဲဒီလိုလူတွေ နဲ့ပတ်သက်ပြီး ကိုယ့်စိတ်ကိုဘယ်လိုထားမလဲဆိုတာလေး ဖော်ပြပေးချင်ပါတယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အချိန်လွန်မှ သိလာနိုင်မယ့်အရာ(၅) ခု

နောင်တဆိုတာမျိုးက အချိန်ရှိခိုက်မလုပ်မိတာတွေကို အချိန်မရှိတော့မှသာ မလုပ်မိလေခြင်းရယ်လို့တသသဖြစ်နေတတ်တာမျိုးပါ။ လုပ်ခဲ့မိသမျှတွေက အမှားပါသွားရင် အမှားပါမှန်းသိလို့ပြုပြင်နိုင်ပေမယ့် မလုပ်မိခဲ့တာတွေက ပြုပြင်ဖို့မပြောနဲ့ ကြိုးစားဖို့တောင်အခွင့်အရေးရခဲ့မှာမဟုတ်ဘူးလေ။ အဲဒါကြောင့် အချိန်လွန်မှ နောင်တမရမိစေဖို့ အချိန်ရှိခိုက်လုံ့စိုက်သင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

ကျွဲကောသီးရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ကျွဲကောသီးဟာ grapefruit သီးနဲ့အရသာတူသလိုရှိပြီး ပိုချိုပါတယ်။ ကျွဲကောသီးမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် ၊ သတ္တုဓာတ်နဲ့ antioxidants တွေလည်းပါဝင်ပါတယ်။ အဲဒါအပြင်ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေလည်းရနိုင်သေးတာမို့ ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

သင့်ပတ်ဝန်းကျင်က အဆိုးမြင်တတ်သူတွေကို ဘယ်လိုရင်ဆိုင်မလဲ။

များသောအားဖြင့် ကိုယ့်ပတ်ဝန်းကျင်က အဆိုးမြင်တတ်တဲ့လူတွေကို ရှောင်ဖို့ပြောတတ်ကြပါတယ်။ ဒါပေမယ့် အဲဒီ့လိုအဆိုးမြင်တတ်တဲ့လူတွေကို ရှောင်မရဘူးဆိုရင်ရော ဘယ်လိုဆက်ဆံမလဲ။ အဲဒီလိုလူတွေနဲ့ အမြဲတစေ ပတ်သက်ပေါင်းသင်းနေရင် ကိုယ်ရဲ့အကောင်းမြင်စိတ်ကိုပါထိခိုက်လာစေနိုင်ပြီး ကိုယ်ပါအဆိုးမြင်တတ်တဲ့စိတ်ဖြစ်လာပါတယ်။ အဲဒါကြောင့် သင့်ပတ်ဝန်းကျင်မှာအဆိုးမြင်တဲ့လူတွေရှိနေမယ်၊ သူတို့ကိုလည်း လုံဝယတိပြတ်ရှောင်ကျဉ်ဖို့ရာအဆင်မပြေနိုင်သေးဘူးဆိုရင် သင်လုပ်သင့်တဲ့အချက်လေးတွေကို မှတ်သားထားလိုက်ပါ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ဘဝရဲ့အမှန်တရားများ (၁)

ဘဝမှာ ဘယ်တော့ဖြစ်ဖြစ် မှန်ကန်နေမယ့်အမှန်တရားတွေရှိပါတယ်။ အဲဒီ့အမှန်တရားတွေက ဘယ်ပြဌာန်းစာအုပ်မှာမှ မသတ်မှတ်ထားပေမယ့် လက်တွေ့ဘဝအတွက် အရမ်းမှန်တဲ့အမှန်တရားတွေပါပဲ။ ကိုယ့်နဲ့တိုက်ဆိုင်တဲ့စာသားလေးတွေရှိရင်ရှယ်သွားလိုက်ပါအုံး။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ကျန်းမာရေး, အစားအစာ, ကိုးကားစာများ

နှင်းသီးရဲ့ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

နှင်းသီးလို့ ခေါ်ကြတဲ့ rose apples သီးတွေကို ခုလိုရာသီမှာ ပေါများစွာတွေ့နိုင်ပါတယ်။ အသီးက ခေါင်းလောင်းပုံစံဖြစ်ပြီး နှင်းသီးတစ်ပင်ရှိရင် အသီးတွေပြွတ်ခဲနေအောင် သီးလေ့ရှိတာမို့ အသီးအများကြီးစားရပါတယ်။ နှင်းသီးမှာ ဆီးချိုကိုထိန်းချုပ်နိုင်တဲ့အာဟာရဓာတ်တွေပါဝင်ပြီး အစာကြေစေ၊ အဆိပ်အတောက်ပြေစေပြီး နှလုံးကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါတယ်။ ရေဓာတ်လည်းပါဝင်မှုများပြီး protein ၊ vitamin C ၊ dietary fiber ၊ vitamin A ၊ calcium ၊ thiamin ၊ niacin ၊ iron ၊ sulfur နဲ့ potassium ဓာတ်တွေပါဝင်ပါတယ်။

ကျန်းမာရေး အစားအစာ ကိုးကားစာများ

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

လူတစ်ယောက်ကို မချစ်ခင်ဘာတွေ စဉ်းစားသင့်သလဲ။

မိန်းကလေးမှရယ်၊ ယောကျ်ားလေးမှရယ် လို့မဟုတ်ပါဘူး။ လူတစ်ယောက်ကိုချစ်မိတော့မယ်ဆိုရင် နှလုံးသားနဲ့အရင်ဆုံးဖြတ်တာမှန်ပေမယ့် ဦးနှောက်နဲ့လည်း တွေးဖို့လိုအပ်ပါသေးတယ်။ အဲဒါမှသာ ကိုယ့်အတွက်တကယ်ချစ်သင့်တဲ့လူ၊ တကယ်လက်တွဲနိုင်တဲ့သူဖြစ်နိုင်မှာပါ။ ကိုယ်နဲ့အဆင်မပြေနိုင်တဲ့သူမျိုးကို ချစ်မိသွားလဲကိစ္စမရှိပါဘူး…..ပြတ်လိုက်ရုံပဲဆိုပေမယ့် နှလုံးသားနဲ့ရင်းပြီး ခံစားထားရတဲ့အခါ ခံစားချက်တွေကတော့ ကောင်းနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် တခြားသော ဘေးထွက်ဆိုးကျိုးတွေဖြစ်မလာရအောင် လူတစ်ယောက်ကိုမချစ်ခင် စဉ်းစားသင့်တာလေးတွေတော့ ထည့်စဉ်းစားသင့်ပါတယ်။ အဲဒီလို ထည့်စဉ်းစားစရာလေးတွေစဉ်းစားလို့မှ မဖြစ်နိုင်ဘူးထင်ရင် အများကြီး မနစ်နာခင် နောက်ဆုတ်လို့ရနိုင်တာပေါ့။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, ကိုးကားစာများ

Productive ဖြစ်အောင်လုပ်ဆောင်တတ်သူတွေရဲ့ အကျင့်ကောင်းများ

ဘယ်နေရာမှာမဆို အလုပ်ဖြစ်အောင်လုပ်နိုင်တဲ့သူ၊ အလုပ်ခွင်မှာ အလုပ်တွေများများပြီးမြောက်တဲ့သူမျိုးဆိုရင် productive ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ အဲဒီလို အလုပ်ခွင်မှာဖြစ်ဖြစ် ၊ ဘယ်လိုနေရာမျိုးမှာဖြစ်ဖြစ် ထိရောက်စွာ လုပ်ကိုင်တတ်တဲ့သူမျိုးတွေကို ကြည့်လိုက်ရင် အမြဲစနစ်တကျရှိတာကို တွေ့ရပါလိမ့်မယ်။ work smart & work hard ချင်းကလည်း မတူပါဘူး။ အလုပ်တွေအများကြီးလုပ်နေပေမယ့် အလုပ်မပြီးမြောက်တာလည်း ဖြစ်နိုင်တာပါပဲ။ အလုပ်ကြောင့်အရမ်းတွေစိတ်ဖိစီးရတဲ့အကြောင်းအရင်းက work hard ဖြစ်ပေမယ့် work smart မဖြစ်လို့ပါပဲ။ အဲဒါကြောင့် hightly productive ဖစ်တဲ့လူတွေရဲ့အမူအကျင့်တွေကို အတုယူနိုင်အောင် ဒီဆောင်းပါးလေးမှာဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ဘာလုပ်သင့်သလဲ။

ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ဆိုတာက လူတိုင်းနီးပါးပြောဖူးကြတာပါပဲ။ တကယ်တမ်းကျတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ရတာက စိတ်ရောလူပါ ပင်ပန်းပြီး အခြားလူတစ်ယောက်ရဲ့အရိပ်မှာ ခိုနေရတာက လူရောစိတ်ပါသက်သာစေပါတယ်။ ဘယ်လောက်ပဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပါလို့ပြောပြော တကယ်တမ်းအားကိုးစရာတစ်ခုခုအဖြစ် အခြားလူတစ်ယောက်ရဲ့အရိပ်ကိုခိုမိတဲ့အခါ ဘာကိုမှသတိမရတော့ဘဲ သက်တောင့်သက်သာနေရတာကို သဘောကျတတ်ကြတာချည်းပါပဲ။ ဒါပေမယ့် အဲဒီလိုအခြားတစ်ယောက်ကို အားကိုးနေခြင်းဟာ အရမ်းသက်သာပေမယ့် ကိုယ့်ရဲ့ရှိပြီးသား အစွမ်းအစတွေတဖြည်းဖြည်း ဆုံးရှုံးသွားစေပါတယ်။ အဲဒါကြောင့် ကိုယ်ခြေထောက်ပေါ်ကိုယ်ရပ်တည်ခြင်းက လူရောစိတ်ပါပင်ပန်းပေမယ့် အရည်အချင်းတွေတိုးတက်လာစေတာမို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တာအကောင်းဆုံးပါပဲ။ အဲဒါကြောင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့အတွက် လုပ်သင့်တဲ့အချက်လေးတွေကို ကြိုတင်ဆင်ခြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။