ကျွဲကောသီးရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ

ကျွဲကောသီးဟာ grapefruit သီးနဲ့အရသာတူသလိုရှိပြီး ပိုချိုပါတယ်။ ကျွဲကောသီးမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင် ၊ သတ္တုဓာတ်နဲ့ antioxidants တွေလည်းပါဝင်ပါတယ်။ အဲဒါအပြင်ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေလည်းရနိုင်သေးတာမို့ ဖော်ပြပေးလိုက်ပါတယ်။


၁) အာဟာရဓာတ်ကြွယ်ဝစွာပါဝင်ခြင်း
vitamin C ကြွယ်ဝစွာပါဝင်ပြီး Fiber ၊ Riboflavin ၊
Thiamine ၊ Copper ၊ Potassium တွေလည်းပါဝင်ပါတယ်။ အဲဒါကြောင့် ခုခံအားကောင်းစေပါတယ်။

၂) အမျှင်ဓာတ်ကြွယ်ဝခြင်း
အမျှင်ဓာတ်ပါဝင်တာကြောင့် အူလမ်းကြောင်းဆိုင်ရာပြဿနာတွေအတွက် အထောက်အကူဖြစ်စေပြီး
အစာစားပြီးနောက် အချိန်ကြာအောင် ဗိုက်ပြည့်နေစေတာမို့ ဝိတ်ထိန်းပြီးသားလည်းဖြစ်စေပါတယ်။

၃) ဝိတ်ထိန်းဖို့ကူညီပေးခြင်
ကျွဲကောသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အစာစားပြီးတိုင်း အချိန်အတော်ကြာအောင် ဗိုက်ပြည့်နေစေတာကြောင့် အစာတွေမကြာခဏမစားဖြစ်တော့ပါဘူး။ ကယ်လိုရီလည်း နည်းပါးတာကြောင့် ဝိတ်ကိုထိန်းဖို့အထောက်အကူဖြစ်စေပါတယ်။

.၄) Antioxidants ကြွယ်ဝစွာပါဝင်ခြင်း
Antioxidant များစွာပါဝင်တာကြောင့် free radicals တွေကြောင့် cellular တွေပျက်စီးခြင်းကို ကာကွယ်ဖို့ကူညီပေးပါတယ်။ naringenin နဲ့ naringin အပြင် lycopene ကဲ့သို့ antioxidant တွေပါဝင်တာကြောင့်အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှကာကွယ်နိုင်ခြင်း ၊ နှလုံးကျန်းမာစေခြင်း ကဲ့သို့ ရောဂါများအတွက် အကျိုးရှိစေပါတယ်။

၅) နှလုံကျန်းမာဖို့အထောက်အကူဖြစ်ခြင်း
ကျွဲကောသီးက သွေးတွင်းအဆီဓာတ် ၂မျိုးဖြစ်တဲ့ cholesterol နဲ့ triglycerides တွေကို လျှော့ကျစေပါတယ်။
ထိုအဆီဓာတ်နှစ်မျိုးလုံးက နှလုံးကို ထိခိုက်စေတာကြောင့် ကျွဲကောသီးစားခြင်းကြောင့် နှလုံးကျန်မာဖို့အထောက်အကူဖြစ်စေပါတယ်။

၆) အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း
Antioxidant ကြွယ်ဝစွာပါဝင်ခြင်းကြောင့် အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ vitamin C ကြောင့် အရေပြားကျန်းမာဖို့အထောက်အကူဖြစ်စေပါတယ်။

၇) ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်ခြင်း
ကြွက်တွေမှာစမ်းသပ်လေ့လာချက်အရ ကျွဲကောသီးမှာ ပါဝင်တဲ့ naringenin ဆိုတဲ့ဓာတ်က ပန်ကရိယကင်ဆာဆဲလ်တွေနဲ့ ဆီးကြိတ်ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တယ်လို့တွေ့ရှိရပါတယ်။
https://www.healthline.com/nutrition/pomelo-fruit#9.-Easy-to-add-to-your-diet လင့်မှကိုးကားဖော်ပြပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။