လွတ်လပ်တဲ့ ဘဝက သိပ်ကို ချိုမြန်ပါတယ်။
လွတ်လပ်တဲ့ဘဝက ဘယ်လောက် စိတ်ချမ်းသာစရာကောင်းမှန်း လူတိုင်းသိကြမှာပါ။ လူတိုင်းက ရတာမလို၊ လိုတာမရ ဖြစ်တတ်ကြတာမို့ အိမ်ထောင်ပြုပြီးသူတွေကလည်း လွတ်လပ်သူတွေကို အားကျနေတတ်သလို၊ လွတ်လပ်သူတွေကျပြန်တော့ မိသားစုဘဝလေးက ဘယ်လောက်သာယာတာ ဆိုပြီး အားကျနေတတ်ပြန်ပါတယ်။ အမှန်တော့ ဘယ်လိုဘဝကို ပိုင်ဆိုင်ထားပါစေ ဘဝကို တန်ဖိုးထားတတ်ဖို့သာ လိုတာပါ။
အနုပညာဆိုသည်မှာ လူ့ ဘောင်အဖွဲ့အစည်းတွင် မရှိမဖြစ်လိုအပ်ပါတယ်။
အနုပညာဆိုတာက လူ့ဘောင်အဖွဲ့အစည်းမှာ မရှိမဖြစ်လိုအပ်ပါတယ်။ အရင်ဆုံး အနုပညာဆိုတာ ဘာလဲလို့ပြောပြချင်ပါတယ်။ လူတွေရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကို ပေါ်လွင်အောင် ထပ်ဟပ်ပြသနိုင်သော ပညာ။ လူတို့၏စိတ်ကို လှုပ်ရှားစေနိုင်သော ပညာမျိုးဖြစ်သည်။ လူတို့၏ စေတနာကို လှုံ့ဆော်နှိုးဆွပေးနိုင်သော ပညာမျိုးဖြစ်ပါတယ်။
သင့်အိမ်ထောင်ဖက်အပေါ် ပေးသင့်တဲ့အဖိုးအတန်ဆုံးလက်ဆောင်
သင့်အိမ်ထောင်ဖက်အပေါ် အပေးသင့်ဆုံး အဖိုးတန်လက်ဆောင်ဆိုတာ ဘာဖြစ်မယ်လို့များ ထင်ပါသလဲ။ အိမ်ထောင်ဖက်အပေါ်မှာ အပြန်အလှန်ပေးသင့်တဲ့အရေးကြီးအရာတွေ အများကြီးရှိပါတယ်။ အိမ်ထောင်တစ်ခုတည်ဆောက်မိတဲ့အခါ ဘယ်သူမှ အလွယ်တကူမပြိုကွဲချင်ကြပါဘူး။ အိမ်ထောင်တစ်ခုတည်မြဲဖို့ဆိုတာလည်း ကိုယ်တစ်ယောက်တည်းကောင်းနေလို့လည်း မရပြန်ပါဘူး။ အဲဒါကြောင့် အိမ်ထောင်ဖက်အချင်းချင်း အပြန်အလှန်ပေးသင့်တဲ့ လက်ဆောင်လေးကို သိထားကြမယ်ဆိုရင် သင့်အိမ်ထောင်ရေးက ထင်ထားတာထက်ပိုပြီး အဆင်ပြေနိုင်ပါတယ်နော်။ ဘာလက်ဆောင်လေးတွေလည်း ဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။
ဖိအားများလာလျှင်ဘာဖြစ်လို့ ကျွန်တော်တို့ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တာလဲ။
အလုပ်ကဖိအားများတယ်….ဆိုပြီး တစ်ချို့တွေ ညည်းတတ်ကြတာ ကြားဖူးပါတယ်။ ဖိအားများတဲ့အလုပ်မှာ ဘာလို့ လူတွေ ကောင်းကောင်းအလုပ်ကို အာရုံမစိုက်နိုင်ရသလဲဆိုတဲ့ အကြောင်းအရာလေးကို ပြောပြပေးချင်ပါတယ်။ သိပြီးကြတဲ့အတိုင်းပါပဲ…..ဖိအားများတဲ့အခါ စိတ်ဖိစီးတတ်ပါတယ်။
ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်နေရာတစ်ခု ဘယ်လိုဖန်တီး မလဲ။
လုပ်ငန်းခွင်ထဲမှာ ရွှင်လန်းတက်ကြွနေခြင်းက သင့်ရဲ့အလုပ်အောင်မြင်စွာပြီးမြောက်ခြင်းနဲ့လည်း ဆက်စပ်နေပါတယ်နော်။ အလုပ်တွေ ပြီးမြောက်အောင်မြင်ဖို့ သင့်ရဲ့အလုပ်ခွင်နေရာ၊ သင့်ရဲ့အလုပ်ခွင်က အပေါင်းအသင်း၊ အကြီးအကဲ စတဲ့ အချက်တွေပေါ်မှာလည်း မူတည်နေပါတယ်။ အဲဒါကြောင့် သင့်ရဲ့အလုပ်ခွင်မှာ သင့်အတွက် ပိုမိုကောင်းမွန်တဲ့ နေရာတစ်နေရာဖြစ်လာစေဖို့ လုပ်သင့်တဲ့အချက်လေးတွေဖော်ပြပေးချင်ပါတယ်။
အချစ်ကို တုံ့ပြန်ခြင်းမခံရတဲ့အခါ……
လူတိုင်း အချစ်နဲ့ကင်းမယ်မထင်ပါဘူး။ အချစ်ကို မခံစားဖူးသူ ဘယ်သူမှရှိမယ်မထင်ပါဘူး။ ကိုယ်တိုင်က ချစ်ခင်နှစ်သက်ပြီး ကိုယ့်ကိုလည်းပြန်လည်ချစ်ခင်လာတဲ့အတွက် အိမ်ထောင်ဖက်အထိဖြစ်သွားတဲ့ချစ်သူမျိုးရှိသလို ကိုယ်က အသက်လောက်ချစ်ရပေမယ့် ကိုယ့်ကိုကျ ကိုယ်ချစ်ရတဲ့သူက လုံးဝကို ခါးခါးသီးသီးနဲ့ပြန်မချစ်နိုင်တဲ့သူမျိုးလည်း ကြုံဖူးမှာပါ။ စာဖတ်သူတစ်ချို့လည်း ထိုအခြေအနေမျိုးကို ကြုံဖူးမယ်ထင်ပါတယ်။ ကိုယ်ကချစ်ရတဲ့ချစ်သူက ကိုယ့်ကိုချစ်ခြင်းနဲ့ပြန်လည်တုံ့ပြန်တဲ့အခါ ထိုခံစားချက်က ဘာနဲ့မှမတူဘဲ ဝမ်းသာပျော်ရွှင်ရသလို၊ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို မတုံ့ပြန်ဘဲ ငြင်းပယ်လိုက်တဲ့အခါမှာလည်း ထိုခံစားချက်က ဘယ်လောက်များ သင့်ကို နာကျင်စေလိမ့်မလဲ။ ခံစားဖူးတဲ့သူတိုင်း သိမှာပါနော်။ ထိုအခြေအနေမျိုးကြုံရတဲ့အခါမှာ သင်ဆိုရင်ကော ဘယ်လိုမျိုး တုံ့ပြန်မလဲ။
အသက် ၄၀ မတိုင်ခင် ပြုလုပ်သင့်သောအရာများ။
အသက် ၄၀ ဆိုတဲ့အရွယ်မှာမှ ဘဝစတယ်….လို့ ပြောကြတာ ကြားဖူးမှာပါနော်။ အက်မင်ကတော့ အသက် ၄၀ ဆိုတဲ့အရွယ်က တည်ငြိမ်သင့်သလောက်တည်ငြိမ်နေပြီး ဘဝမှာလည်း အတွေ့အကြုံတော်တော်များများရခဲ့ပြီးပြီလို့ ထင်ပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ လူအမျိုးမျိုးကိုလည်း တွေ့ဆုံခဲ့ရပြီးပြီ၊ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့အလုပ်တော်တော်များများမှာလည်း ကျင်လည်ခဲ့ပြီးပြီဖြစ်မှာပါ။ အဲဒီမတိုင်မှီအချိန် အသက်၄၀ ဆိုတဲ့အရွယ်မှာ ပိုပြီး တည်ငြိမ်အောင် ပြင်ဆင်ထားသင့်နေပါပြီ။ အဲဒီ့တော့ အဲဒီ့အသက်အရွယ်မှာ ပြင်ဆင်ထားသင့်တာလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။
ကိုယ့်ညီလေးတွေ ညီမလေးတွေကို ဘယ်လိုဦးဆောင်လမ်းပြမလဲ။
အိမ်မှာကိုယ်က အကြီးဆုံးဆိုရင် ကိုယ့်ထက်အငယ် ညီလေး၊ ညီမလေးတွေကို ကိုယ်တိုင်က ဦးဆောင်နိုင်ဖို့လိုပါတယ်။ အကြီးဆုံးဖြစ်မှရယ်မဟုတ်ပါဘူး…..ဘယ်နေရာမဆို ကိုယ့်ထက်အငယ်တွေအတွက် ကိုယ်က လမ်းပြနိင်တဲ့သူဖြစ်နေတော့ ပိုကောင်းတာပေါ့။ သူတို့ကိုယ်တိုင်က သင့်ထံကနေ တကူးတက သင်ယူချင်၊ လေ့လာချင်၊ သင့်ရဲ့အမူအကျင့်တွေကို လေးစားအားကျနေတယ်ဆိုရင် ပိုတောင်မကောင်းဘူးလား။ အဲဒါကြောင့်ကိုယ့်ထက်အငယ်တွေကို ဘယ်လိုဦးဆောင်လမ်းပြနိုင်မယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကလေးကိုဆုံးမရာတွင် မှားယွင်းနေသောအချက်များ
ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာမလွယ်သလို ကလေးကိုဆုံးမဖို့ကြိုးစားရတာလည်း မလွယ်ပါဘူး။ ကလေးတစ်ယောက်အပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ဆုံးမပေးတဲ့သူ တော်ရင်တော်သလို ကလေးကလည်း တော်တဲ့ကလေး၊ လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ ကလေးကိုထိန်းကျောင်းတဲ့သူတွေကိုယ်တိုင်ကိုယ်က မတော်ရင်တော့ လူဆိုးကလေးတွေပဲ ဖြစ်လာမှာပါ။ အဲဒါကြောင့် ကလေးက အနာဂတ်အတွက်အရေးကြီးပါတယ်။ အဲလိုပါပဲ ကလေးကိုဆုံးမပေးမယ့်၊ ထိန်းကျောင်းပေးမယ့်လူကြီးကလည်း အခရာပါပဲ။ ကလေးကို ဆုံးမပေးတဲ့နေရာမှာ မှားယွင်းနေတဲ့အချက်လေးတွေကို သိစေချင်တဲ့စိတ်လေးနဲ့ ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ရပါတယ်။
လိမ္မာယဉ်ကျေးသောကလေးဖြစ်အောင်…..
“ကလေးလေးက လိမ္မာလိုက်တာ…..ယဉ်ကျေးလိုက်တာ….” ဆိုတဲ့စကားမျိုးကို သင်လည်း နှစ်သက်မိမှာပါ။ သင့်ကလေးကိုယ်တိုင်လည်း ထိုစကားမျိုးကိုကြားရတဲ့အခါ ပျော်ရွှင်သွားသလို၊ နှစ်သက်မှာလည်းအသေအချာပါပဲ။ လိမ္မာတယ်ဆိုတာက အိမ်မှာတော့ ဗြောင်းဆန်အောင်ဆော့လွန်းလို့၊ ထိန်းမရချော့မရချောက်မရလို့၊ ဘာလုပ်လုပ်ဂရုမစိုက်တတ်ဘဲ ရိုက်လဲရိုက်၊ လုပ်ချင်တာလုပ်မှာပဲဆိုတဲ့အကျင့်နဲ့တော့ လူရှေ့သူရှေ့ရောက်မှ လိမ္မာစေချင်လို့တော့မရပါဘူး။ လိမ္မာယဉ်ကျေးတဲ့ကလေးတစ်ယောက်ဖြစ်အောင် လိမ္မာတဲ့အကျင့်ကို အိမ်မှာကတည်းက သွန်သင်ဆုံးမထားမှရတာပါ။ (ကလေးသဘာဝအဆော့မက်တာနဲ့ လိမ္မာယဉ်ကျေးတာက မတူပါဘူး) အိမ်မှာအမေမိဘကိုလိမ္မာသိတတ်ယဉ်ကျေးတဲ့ကလေးက လူမှုဝန်းကျင်မှာ တကူးတကထပ်ပြီး သွန်သင်နေစရာလိုတော့မှာမဟုတ်ပါဘူး။ ကလေးသဘာဝအဆော့အမက်၊ အစားမက်တာကတော့ ဆိုးသွမ်းတယ်လို့သတ်မှတ်လို့မရပါဘူး။
မိဘတွေဆီက ကလေးတွေအလိုရှိတဲ့အရာ ၁၀မျိုး
တခါတလေ မိဘတွေမှာ စားဝတ်နေရေးအတွက်၊ ငွေကြေးနောက်ကို လိုက်ရင်း စိတ်ပူပန်မှု၊ စိတ်ရှုပ်ထွေးမှုတွေ စသည်ဖြင့် ခံစားနေတတ်ကြပါတယ်။ အဲဒီလိုအချိန်မျိုးမှာ သားသမီးတွေကိုလည်း သေချာမပြုစုမစောင့်ရှောက်နိုင်သလို အာရုံလည်းမစိုက်မိသလိုဖြစ်တတ်ကြပါတယ်။ နေထိုင်ရှင်သန်ဖို့ ငွေကလည်း မရှိမဖြစ်မို့ တခါတလေ မအော်မငေါက်ချင်ပေမယ့် စိတ်ရှုပ်ထွေးမှုကြောင့် အော်ဟစ်အပြစ်တင်မိတာမျိုးဖြစ်တတ်ပါတယ်။ အဲလိုအခါမျိုးမှာ သားသမီးတွေက မိဘတွေဆီကနေလိုအပ်နေတာ ငွေကြေးတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေမဟုတ်ဘဲ ဘာတွေဖြစ်နေမလဲဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
ကလေးရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာအောင် ဘယ်လိုပြုစုပျိုးထောင်မလဲ
ကလေးတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့လိုသလို စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့လည်း အရေးကြီးပါတယ်။ စိတ်ပိုင်းဆိုင်ရာမကျန်းမာနိုင်တဲ့ကလေးဟာ ရုပ်ပိုင်းဆိုင်ရာအရပါ ကျန်းမာရေးချို့တဲ့လာနိုင်ပါတယ်။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာအရ မကျန်းမာတဲ့ကလေးတစ်ယောက်က စိတ်ဓာတ်ခိုင်မာမှုမရှိသလို၊ သူ့ကိုယ်သူလည်း ယုံကြည်မှုရှိတော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ခုတစ်ခါမှာတော့ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။